Types of Tents

Types of Tent, Outdoor Myanmar

Outdoor မှာ camping လုပ်ဖို့ tent ဘယ်လိုမျိုး ရှိပါလိမ့် ….

ပုံစံအမျိုးမျိုး အားသာချက်အမျိုးမျိုးရှိတဲ့ tent တွေ အကြောင်း ကျွန်တော်တို့ တူတူ လေ့လာ ကြည့်ရအောင်ဗျာ။

Ridge Tent

တစ်ချိန်တစ်ခါက tent လို့ ပြောလိုက်ရင် ဒီပုံတစ်မျိုးပဲရှိခဲ့တာပါတဲ့။ Tent နဲ့ တူတဲ့ ယာယီတည်းခို စခန်းမို့ ဒီပစ္စည်းတွေကို tent လို့ပဲ လွယ်လွယ်ခေါ်ခဲ့ကြတယ်လို့ ကျွန်တော်ဖတ်ရပါတယ်။

Ridge Tent, Outdoor Myanmar[space ]

Ridge tent က pole ၂ ချောင်းကို အကွာဝေး တစ်ခုခြားပြီး ထောင် ၊ အလယ်မှာ pole ဖြစ်ဖြစ် ကြိုးဖြစ်ဖြစ်တားပြီး အမိုးတင်ရုံနဲ့ လွယ်လွယ်ကူကူ သုံးလို့ရတဲ့ tent အမျိုးအစားပါ။

အားနည်းချက်ဆိုလို့ သူက head height နိမ့်ပြီး အလယ်မှာ ရှိတဲ့ နေရာလောက်ကလွဲလို့ တခြားနေရာတွေမှာ စာဖတ်တာ ၊ ထိုင်တာတို့ လုပ်လို့မရတဲ့ အားနည်းချက်တော့ ရှိပါတယ်ဗျာ။

Tarp Tent

ဒီ tent ကတော့ ridge tent နဲ့ ဆင်တူပေမယ့် ၊ သူက အကာအရံ မရှိတဲ့ အားနည်းချက်တော့ရှိပါတယ်။

Camping store, Myanmar, tarp tent

ဒါပေမယ့်လဲ အကာအရံမရှိတာကပဲ အားသာချက်ပြန်ဖြစ်လို့နေပါတယ်။ လွတ်လွတ်လပ်လပ် အိပ်ချင်တဲ့သူတွေ ၊ tent ဆင်ဖို့ ခေါင်းမစားချင်တဲ့သူတွေ နဲ့ ပေါ့ပေါ့ ပါးပါး သယ်သွားချင်တဲ့ သူတွေ ကြားမှာတော့ tarp tent တွေက နေရာယူထားတယ်လို့ ကျွန်တော်ဖတ်ဖူးပါတယ်။

ကျွန်တော်တို့ Myanmar Lifestyle မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အဖွဲ့လိုက် လွတ်လွတ်လပ်လပ် အနားယူလို့ရမယ့် ဒီ Naturehike Hexagonal Tarp Tent ရှိပါတယ်ဗျာ။

Dome Tent

ဒီ tent ကတော့ လက်ရှိအချိန်မှာ တွေ့ရ အများဆုံး tent အမျိုးအစားပါ။

Outdoor gear, dome tent, myanmar

ကွေးညွတ်ဖို့လွယ်တဲ့ pole ရဲ့ တစ်ဖက်ကို မြေကြီးမှာစိုက် ၊ စက်ဝိုင်းခြမ်းပုံဖြစ်အောင် ကွေးညွှတ်ပြီး ကန့်လန့်ဖြတ် ထောင့်တစ်နေရာမှာ pole ရဲ့ ကျန်တစ်ဖက်ကို စိုက်။ ဒီလိုနဲ့ pole ၂ ချောင်း သို့မဟုတ် ၃ ချောင်းကို ကွေးပြီးရင် အပေါ်ကနေ အမိုးတင်ထားတဲ့ tent အမျိုးအစားပါ။

Pole ၂ ချောင်းကို အလယ်မှာ ဆုံမှတ်ထားပြီး ဆင်ရင် ဒါကို square dome ပုံစံ ဖြစ်စေပြီး pole ၃ ချောင်း သုံးရင်တော့ hexagon ဖြစ်စေပါတယ်ဗျာ။

Hiking store, Myanmar

သူ့ရဲ့ အားသာချက်က head height ကောင်းကောင်း ရတယ်။ နံရံတွေက vertical နီးနီး ဖြစ်နေလို့ tent ထဲ နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ အားနည်းချက်ကတော့ ၆ ယောက်အိပ် စသဖြင့် ကြီးလွန်းတဲ့ tent ကို ဒီပုံစံနဲ့ ဆင်ရင် လေဒဏ် ခံနိုင်မှုမှာ အားနည်းသွားတဲ့ အားနည်းချက်တော့ရှိပါတယ်။

[youtube video_id=”EAcvly5H180″ width=”0″ height=”0″ ]

ကျွန်တော်တို့ Myanmar Lifestyle မှာတော့ ကျွန်တော်တို့ ကိုယ်တိုင် သုံးဖူးပြီး ၊ ဆင်လို့လဲ လွယ်တဲ့ Naturehike အမှတ်တံဆိပ် နဲ့ ဒီ dome tent ရှိပါတယ်ဗျာ။

Geodesic and semi-deodesic

ဒီ tent တွေကတော့ pole တွေကို တစ်ခုနဲ့ တစ်ခု criss-cross ဖြစ်အောင်လုပ်၊ တြိဂံပုံတွေ ခပ်များများ ဖြစ်အောင် ဖန်တီးပြီး အဲ့ဒီ အပေါ်မှာ အမိုးတင်တဲ့ tent မျိုးပါ။

Outdoor sports, tent, Myanmar

ဒီ tent တွေက ရာသီဥတုဒဏ် ခံနိုင်ရည် ရှိပြီး လေပြင်းတဲ့ Everest တောင်လို နေရာမျိုးမှာ tent ဆင်ဖို့လိုအပ်ရင် ဒီလို tent နဲ့မှ အဆင်ပြေမှာပါတဲ့ဗျာ။

Instant or quick-pitch tent

ဒါကတော့ ဘာမှ သိပ်ဦးနှောက်စားနေစရာ မလိုတဲ့ readymade tent မျိုးပါ။

Hiking tent, Outdoor Myanmar

ကျွန်တော်တို့ Myanmar Lifestyle မှာလဲ အရင်က ရှိခဲ့ဖူးပါတယ်။ ထီးတစ်လက်လိုပဲ စည်းထားတဲ့ ကြိုးကိုဖြေ ၊ ပါတဲ့ ကိုင်းတွေကို အလိုက်အထိုင် ဖြန့်ထုတ်လိုက်ရုံနဲ့ ဆင်ပြီးသား tent တစ်ခုကို ရပါတယ်။

ကျွန်တော်ကိုယ်တိုင် မမြင်ဖူးပေမယ့် ဖတ်ဖူးတာတော့ တချို့ instant tent တွေဆို ခေါက်ထားတဲ့ ပုံစံ မှန်ရင် ၊ ခေါက်လျက်သား tent ကို လေထဲ မြှောက်တင်လိုက်ရုံနဲ့ အလိုက်သင့် ပွင့်ထွက်သွားပြီး ပြန်ကျလာရင် ဆင်ပြီးသား tent ကို ရပါတယ်တဲ့။ ဒါကတော့ ကျွန်တော် ဖတ်ဖူးတာပါ။ ကျွန်တော်ကိုယ်တိုင် ဆင်ဖူးတာကတော့ အဆစ်တွေ တစ်ဆစ်ချင်း ချိုးခေါက်ထားပြီး အလိုက်သင့် ဖြန့်ထုတ်ရတဲ့ instant tent ပဲ ဆင်ဖူးပါတယ်ဗျာ။

ဒီ tent တွေရဲ့ အားနည်းချက်ဆိုလို့ သူက တခြား tent တွေထက် ပိုလေးပြီး ဝန်ပိုကြီးတာပါ။

Tunnel Tent

Dome tent တစ်ခုရဲ့အားသာချက်တွေ အားလုံး ပါမယ်။ လူများများလဲ အိပ်လို့ရမယ်။ လေဒဏ်လဲ ခံနိုင်ရမယ် ဆိုရင်တော့ ဒီ tunnel tent ကိုသုံးလို့ရပါတယ်။

Outdoor camping tent, Myanmar

စက်ဝိုင်းခြမ်းပုံ ကွေးထားတဲ့ pole တွေ တန်းစီပြီး အမိုးတင်ထားတာ ဖြစ်လို့ အမြင်အားဖြင့် လှိုင်ခေါင်း တစ်ခုလို ဖြစ်နေတဲ့ tunnel tent ပါ။

အားနည်းချက်ဆိုလို့ သယ်ရတာ အရွယ်အစား နည်းနည်းကြီးတာပါ။

Traditional Tepee

ဒါကတော့ North American Indian တွေ သုံးကြတဲ့ traditional tepee ပုံစံ tent ပါ။ အားသာချက်က လက်ထဲမှာ ရှိတဲ့ trekking pole ကို ပဲ ပင်မတိုင်အဖြစ်သုံးပြီး အမိုး ၊ အကာဆင်ပြီး သုံးရလို့ သယ်ရတာ အပေါ့ဆုံးနဲ့ ဝန်အသေးဆုံး tent လို့ ပြောလို့ရပါတယ်။

Tent, Outdoor Myanmar

ဒီ Tepee အမျိုးအစားမှာ အတွင်းက inner tent ပါတာနဲ့ မပါတာဆိုပြီး ယေဘုယျ ၂ မျိုး ခွဲနိုင်ပြီး ကျွန်တော်တို့ Myanmar Lifestyle မှာတော့ ဘေးအကာမပါတဲ့ ဒီ Naturehike lightweight Awning လေး ရှိပါတယ်ဗျာ။

Tent လို့ ဆိုလိုက်ရင် လေဒဏ် မိုးဒဏ် လုံခြုံရမယ် ၊ သယ်သွားလို့ ပေါ့ရမယ်။ ဘယ်လို ခရီးမျိုးအတွက် ဘယ်လို tent မျိုးကို ရွေးချယ်သင့်သလဲဆိုတာကိုလဲ ကျွန်တော်တို့ရဲ့ How to choose an outdoor camping tent မှာ ဖတ်ပေးပါဦးဗျာ။

Acknowledgment: ဒီ Types of Tents ကို CampingandCaravanningClub.co.uk ရဲ့ Types of Tent ၊ Wikipedia ရဲ့ Tarp Tent စတဲ့ webpage တွေကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်ဗျာ။

ဓာတ်ပုံတွေကိုတော့ Pexels website ရဲ့ Xue Guangjian နဲ့ Amit Thakare တို့ရဲ့ ဓာတ်ပုံတွေနဲ့ အတူ Naturehike ရဲ့ ဓာတ်ပုံတွေကို ယူသုံးထားပါတယ်ဗျာ။

Recommendations for you