How to choose an outdoor camping tent

how to choose a tent, camping in Myanmar

ဒီတစ်ခါတော့ outdoor မှာပျော်ပျော်ပါးပါး camping လုပ်ဖို့ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် tent ကို ဘယ်လို ရွေးချယ်လို့ရမလဲဆိုတာ ကျွန်တော်တို့ တူတူ လေ့လာကြည့်လိုက်ရအောင်ဗျာ။

Outdoor camping tent တွေကို အဓိကအားဖြင့် Capacity, Seasonality, Weight, Freestanding, Livability ဆိုတဲ့ အချက်တွေနဲ့ ရွေးချယ်ရမှာပါ။ ဒီတော့ ပထမဆုံး ကျွန်တော်တို့ capacity ကို လေ့လာကြည့်လိုက်ရအောင်ဗျာ။

How to choose a tent in Myanmar

Capacity

Tent တွေကို manufacturer တွေက ၂ ယောက်အိပ် ၊ ၄ ယောက်အိပ် စသဖြင့် သတ်မှတ်ကြပေမယ့် manufacturer ၁ ခုနဲ့ ၁ခု ကြားမှာ စံသတ်မှတ်ထားတဲ့ standard မရှိတာကြောင့် ၂ ယောက်အိပ်လို့ ဆိုလိုက်တိုင်း tent အားလုံး အရွယ်အစား တူမယ်လို့ မှတ်ယူလို့ မရတာကို အရင်ဆုံး သတိထားရမှာပါ။ ဒါကြောင့် tent တွေရဲ့ floor space အတိုင်းအထွာကို ချင့်ချိန်သင့်သလို ၊ နံရံတွေ ဘယ်လောက်ထိ စောင်းထားလဲ ဆိုတာကိုပါ ထည့်သွင့်စဉ်းစားပြီး ကိုယ့်အတွက် ဘယ်နယောက် အိပ် က အဆင်ပြေဆုံး ဖြစ်မလဲဆိုတာ ရွေးချယ်ရမှာပါ။

ပြီးတော့ ကိုယ်က ချောင်ချောင်ချိချိ အိပ်ချင်တာလား ၊ ခွေးရောခေါ်သွားမှာလား ၊ ဒါမှမဟုတ် ကိုယ်နဲ့အတူ camping trip သွားတဲ့အခါ ကလေးရော ပါမှာလား စတဲ့အချက်တွေကို စဉ်းစားပြီး ဘယ်နယောက်အိပ် tent က ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မလဲ ဆိုတာ ချင့်ချိန်ရမှာပါဗျာ။

Choosing a right tent in Myanmar

Capacity ကို ရွေးချယ်ပြီးပြီ ဆိုရင် seasonality ဖက်ကို သွားကြည့်ရအောင်ဗျာ။

Seasonality

Tent တွေကို ယေဘုယျအားဖြင့် three-season tent နဲ့ mountaineering tent ဆိုပြီး ၂ မျိုးခွဲခြား နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ Three-season tent ဆိုတာကတော့ ကျွန်တော်တို့ဆီမှာလဲ ရှိတဲ့ Aluminium Pole Tent လိုမျိုး ဖြစ်ပြီး သူက ခြင်တွေ ယင်တွေ မဝင်အောင် ခြင်လုံ mesh တွေနဲ့ နေရာအများစုကို ဖန်တီးထားတယ်။ အကယ်၍ မိုးရွာမယ် ထင်ရင်ဖြစ်ဖြစ် ၊ လုံလုံခြုံခြုံလေး အိပ်ချင်ရင် ဖြစ်ဖြစ် အပေါ်ကနေ ရေလုံတဲ့ rainfly ကို ထပ်အုပ်ပြီး လွယ်လွယ်ကူကူ သုံးရတဲ့ tent မျိုးပါ။

three-season tent Myanmar

Three-season tent တွေက lightweight material တွေနဲ့အတူ lightweight pole structure ကိုသုံးထားလို့ သယ်ရတာပေါ့တယ် ၊ လေဝင်လေထွက် ကောင်းကောင်းအိပ်နိုင်တယ်။ အားနည်းချက်ကတော့ အပေါ်ကထပ်မိုးရတဲ့ rainfly က အရှင်မို့လို့ လေက rain fly ရဲ့ အောက်ကနေတိုးပြီး tent ထဲကို ဝင်လာနိုင်လို့ သိပ်အေးလွန်းတဲ ရာသီဥတုမှာ အိပ်တဲ့အခါ အလေးမလုံတဲ့ အားနည်းချက်ရှိသလို၊ နှင်းတွေ အစုလိုက်အပြုံလိုက်ကျတဲ့ နေရာမျိုးအတွက်လဲ အဆင်မပြေတတ်တဲ့ အားနည်းချက်တော့ရှိပါတယ်။

ဒီတော့ ဒီလို extreme weather တွေမှာမှ camping လုပ်ဖို့လိုအပ်ရင်တော့ mountaineering tent ကို ရွေးချယ်ရမှာပါ။

Mountaineering Tent Myanmar

သူ့မှာတော့ mesh တွေက အသေတွေ ဖြစ်ပြီး rainfly သီးသန့် အရှင်တပ်ရတာမျိုး မဟုတ်သလို ၊ mesh တွေအားလုံးကိုလဲ လေလုံအောင် ပိတ်ထားလို့ ရပါတယ်။ ဒီတော့ သူက tent အတွင်း အပူချိန် နည်းနည်း ထိန်းထားနိုင်တဲ့ အားသာချက်ရှိပြီး heavy rain, heavy snowfall တွေကို ခံနိုင်ရည်ရှိတာပေါ့။

တစ်ဖက်မှာတော့ ဒီအချက်တွေအတွက် အလေးချိန်ဖက်မှာတော့ စတေးရမှာတွေ ရှိပြီး ၊ ဒီ အကြမ်းခံ လေလုံ မိုးလုံ mountaineering tent တွေက လေးလွန်းပြီး ကြီးလွန်းတဲ့ အားနည်းချက်တွေ ရှိပါတယ်ဗျာ။

Weight

ဒီတော့ tent ရဲ့ အလေးချိန်လို့ဆိုလိုက်ရင် ယေဘုယျအားဖြင့် ပိုလေးတဲ့ tent တွေက ပိုအကြမ်းခံတဲ့ သဘောရှိပြီး ပေါ့တဲ့ tent တွေကတော့ သုံးနေတဲ့ ကာလ တစ်လျှောက် maintenance လိုက်ရတဲ့ သဘောတော့ ရှိပါတယ်။ ပုံမှန်အားဖြင့် three-season tent တွေက ၅ ပေါင် ဝန်းကျင်အလေးချိန် ရှိတဲ့နေရာမှာ mountaineering tent တွေက ၁၀ ပေါင် ဝန်းကျင်လောက် လေးပါလိမ့်မယ်။

Camping Myanmar

ဒီတော့ သွားမယ့် ခရီး ၊ လိုအပ်မယ့် ရာသီဥတုအခြေအနေနဲ့ သယ်သွားမယ့် tent ကို ချင့်ချိန်ဖို့တော့ လိုတာပေါ့ဗျာ။

Freestanding

ဒါဆို freestanding ကရော ဘာကို ပြောချင်တာလဲ။

Tent တစ်ခုဟာ ဘာအကူအညီမှ မလိုပဲ tent ချည်းသက်သက် ရပ်တည်နိုင်တာကို freestanding ဖြစ်တယ်လို့ ခေါ်ပါတယ်ဗျာ။ ဥပမာ ကျွန်တော်တို့မှာ ရှိတဲ့ Aluminium Pole Camping Tent ဆိုရင် tent ရဲ့ pole တွေကို အားပြုပြီး ဆင်ရတာ ဖြစ်သလို ၊ ဆင်ပြီးသွားတဲ့ tent ဟာ ဘာအကူအညီအပိုမှ မလိုပဲ သူ့ချည်းသက်သက် ရပ်တည်နိုင်ပါတယ်။

Outdoor tent

ဒီလိုမှ မဟုတ်ပဲ stake တွေကိုသုံး ၊ မြေကြီးမှာ ထိုးစိုက်ပြီး tent ကို ရည်တည်နိုင်အောင်လုပ်ရတာတဲ့ tent အမျိုးအစားတွေလဲ ရှိပါတယ်။ Freestanding နဲ့ stake တွေကို သုံးရတာ နှစ်ခုရဲ့ အားသာချက် အားနည်းချက် ကတော့ tent ရဲ့ ပုံစံနဲ့ အလေးချိန်ကိုပဲ ကျွန်တော်တို့ ချင့်ချိန်ကြရမှာပါ။

Livability

Livability အပိုင်းမှာတော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို tent တစ်လုံးဟာ ၂ ယောက်အိပ်လား ၊ ၄ ယောက်အိပ်လား သတ်မှတ်ကြတဲ့အချက်တွေက manufacturer တစ်ခု နဲ့ တစ်ခု မတူညီကြလို့ tent ရဲ့ floor space ဘယ်လောက်ရှိတယ်သိဖို့ လိုသလို၊ tent ရဲ့ တည်ဆောက်ပုံ မှာ နံရံတွေရဲ့ slope က ခပ်ပြေပြေပဲ ရှိသလား ၊ ဒါမှ မဟုတ် နံရံတွေက အလည်ကို တန်းပြီးစုထားသလား ဆိုတာကို ကြည့်ရမှာပါ။

2 person tent ဖြစ်တာချည်းတူတူ sloping sidewall ရှိတာနဲ့ အလည်ကို စုပြီး တည်ဆောက်ထားတဲ့ tent ၂ ခု နှိုင်းယှဉ်ရင် ဘေးနံရံတွေ ခုံးပြီး ခပ်ပြေပြေလုပ်ထားတဲ့ sloping sidewall ရှိတဲ့ tent ကတော့ ညဖက် tent ထဲမှာ ထိုင်ပြီးစကားပြောတာ ၊ စာဖတ်တာ စတာတွေကို လုပ်ဖို့ အဆင်ပြေမှာပါ။

Outdoor tent

Tent ထဲမှာ စာဖတ်တယ်ဆိုလို့ tent ရဲ့ အတွင်းနံရံတွေမှာ အိတ်တွေ ပါဖို့ကလဲလိုအပ်တဲ့ ကိစ္စပါ။ ဒီအိတ်လေးတွေထဲမှာ စာအုပ်တို့ headlamp တို့ ထည့်ထားလို့ ရလို့ tent တစ်ခုကို သဘောကျပြီဆိုရင် အတွင်းမှာ အိတ်တွေ ပါရဲ့လားဆိုတာလဲ မမေ့ပဲ စစ်ဆေးဖို့ လိုပါသေးတယ်ဗျာ။

Livability နဲ့ပတ်သက်လို့ အရေးကြီးတဲ့ နောက်တစ်ချက်က tent မှာ ဝင်ထွက်ဖို့ အပေါက် ၂ ပေါက် ရှိရဲ့လား ဆိုတာပါ။ အပေါက် ၂ ပေါက် ပါမှ ကိုယ့်ရဲ့ tent အဖော်ကို ကျော်ခွပြီး အထဲကို ဝင်စရာမလိုသလို ညရေးညတာ bathroom break အတွက်ဆိုရင်လဲ ပိုပြီး အဆင်ပြေစေမှာပါ။

နောက်တစ်ခုက tent မှာ tent ချည်းသက်သက် မဟုတ်ပဲ ၊ အပြင်ဖက်မှာ သီးသန့် အကာထုတ်ထားလို့ရတဲ့ vestibule ပါရင်တော့ ဒါက အပိုဆုလို့ ပြောရမှာပါ။ Tent ထဲမှာ အိပ်ဖို့ လိုအပ်တာတွေပဲ ထည့်ထားပြီး boot တို့ backpack တို့ကို အပြင်မှာ မိုးမစိုပဲ ထုတ်ထားနိုင်တဲ့ အားသာချက်ရှိလို့ tent ထဲမှာ နေရာ ကျယ်ကျယ်ဝန်းဝန်း ပိုရချင်ရင် ဒီလို tent မျိုးကို ရွေးသင့်ပါတယ်ဗျာ။

how to choose an outdoor tent

Tent တစ်ခုဝယ်မယ်ဆိုရင် ကျွန်တော်ဒီမှာ ပြောခဲ့သလို Capacity, Seasonality, Weight, Freestanding, Livability ဆိုတဲ့ အချက်တွေကို ကြည့်ပြီး ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် tent ကို ရွေးချယ်နိုင်သလို ၊ tent တွေ ဘယ်လိုပုံစံမျိုးတွေ ရှိတယ် ၊ ဘယ်လို ပုံစံ tent တွေက ဘယ်လို အားသာချက်တွေ ရှိတယ် ဆိုတာကိုလဲ ကျွန်တော်တို့ရဲ့ Types of Tents post မှာ ဖတ်ကြည့်ပေးပါဦးဗျာ။

Acknowledgment: ဒီ post ကို REI ရဲ့ How to Choose Backpacking Tents, YouTube clip ကို မှီငြမ်းပြီး ရေးထားတာ ဖြစ်ပါတယ်ဗျာ။

Recommendations for you