Adaptability, a necessary quality

[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]

ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္ကသာ “ဒီတိုင္းေလး အဆင္ေျပေနပါတယ္ေလ” ဆိုၿပီး Myanmar Lifestyle ရဲ႕ အဓိက product ျဖစ္တဲ့ phone cover ပစၥည္း ၁ မ်ိဳးထဲကိုပဲ မ်က္စိစုံမွိတ္ ဆက္ေရာင္းေနဦးမယ္ဆိုရင္ အခုအခ်ိန္မွာ Myanmar Lifestyle ရွိေတာ့မယ္ေတာင္မထင္ဘူးဗ်။ [space ]

Adaptability တို႔ဘာတို႔ ေသသေခ်ာခ်ာ ေရေရရာရာ နားမလည္ေသးေပမယ့္ ကံေကာင္းတယ္ပဲေျပာရမွာပဲ ၊ ကြၽန္ေတာ္တို႔ ေျပာင္းလဲေနတဲ့ ေရစီးေၾကာင္းကို အခ်ိန္မွီ adapt လုပ္လိုက္ႏိုင္လို႔သာ လက္ရွိအခ်ိန္ထိ Myanmar Lifestyle ရပ္တည္ေနႏိုင္တယ္လို႔ ဝန္ခံရမွာပဲ။ [space ]

ဒါဆို လုပ္ငန္းပဲလုပ္လုပ္ ၊ professional အေနနဲ႔ပဲ ရပ္တည္ရပ္တည္ ၊ အေရးႀကီးတဲ့ဒီ adaptability skill ကို အၿမဲအေကာင္းဆုံး ျဖစ္ေနေအာင္ ကြၽန္ေတာ္တို႔ ဘယ္လို ေလ့က်င့္ၾကမလဲ။ တူတူေလ့လာၾကည့္ရေအာင္ဗ်ာ။[space ]

3 ways to measure your adaptability and how to improve it ဆိုတဲ့ podcast မွာ Natalie Fratto က startup ေတြကို ဦးေဆာင္ေနသူေတြ အတြက္ adaptability က အေရးႀကီးဆုံး skill ၁ ခု ျဖစ္ၿပီး ဒီ skill ကို ပိုၿပီး ကြၽမ္းက်င္လာေအာင္ ေလ့က်င့္ႏိုင္မယ့္ နည္း ၃ ခုကိုဒီလိုရွင္းျပထားပါတယ္ … [space ]

What if?

ပထမဆုံးအခ်က္ကေတာ့ ကိုယ့္ဟာကို what if? ဆိုတဲ့ ေမးခြန္းေတြ အၿမဲေမးေနဖို႔ပါ။ ဒီလိုသာ ျဖစ္ရင္ ဘာလုပ္မလဲ ၊ ျပင္ဆင္ထားတဲ့ အဆင့္ဆင့္ အတိုင္း ျဖစ္မလာရင္ plan B က ဘာျဖစ္မလဲစသျဖင့္ what if? ေမးခြန္းေတြနဲ႔ အေျခအေနေတြကို ႀကိဳတင္ျပင္ဆင္ထားဖို႔လိုပါတယ္ဗ်ာ။ [space ]

Beginner mindset

Mahatma Gandhi က “I must reduce myself to zero.” လို႔ေျပာဖူးတယ္လို႔ ဖတ္ရပါတယ္။ [space ]

ဒီလိုပဲ ကြၽန္ေတာ္တို႔လဲ အၿမဲတမ္း beginner mindset ထားဖို႔လိုပါတယ္။ On Purpose podcast ရဲ႕ host ၊ Jay Shetty ကလဲသူ႔ရဲ႕ 6 simples things you can do every morning to boost your energy before work podcast မွာ လူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈ လမ္းေၾကာင္းကို အႀကီးမားဆုံး ပိတ္ဆို႔ေစတဲ့ အရာက “ငါသိၿပီးသားပါ” ဆိုတဲ့ အေတြးလို႔ ေျပာပါတယ္။ [space ]

ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ ေန႔စဥ္နဲ႔အမွ် သင္ယူစရာေတြ အမ်ားႀကီး ရွိေနေသးတယ္ ဆိုတာ အၿမဲသတိရၿပီး ကိုယ္မသိေသးတဲ့ ေျပာင္းလဲမႈေတြ ဘယ္လို ျဖစ္လာႏိုင္တယ္ဆိုတာကို အၿမဲ မ်က္ေျခမျပတ္ ေလ့လာ ေနဖို႔လဲအေရးႀကီးတယ္ေနာ…

Previous success can become an enemy

တခါတေလမွာ ကြၽန္ေတာ္တို႔ လက္ရွိ ရေနတဲ့ ေအာင္ျမင္မႈေတြက ကြၽန္ေတာ္တို႔ရဲ႕ တက္လမ္းကို ပိတ္ဆို႔ေနတတ္တာမ်ိဳးလဲ ရွိတတ္ေသးတယ္ဗ်။ [space ]

Adaptability နဲ႔ပတ္သက္လို႔ စီးပြားေရး website ေတြမွာ အၿမဲေျပာေလ့ရွိတဲ့ classic example က Netflix vs Blockbuster အေရးပါ။ [space ]

၁၉၈၅ ခုႏွစ္တည္းက တည္ေထာင္ခဲ့ၿပီး အေအာင္ျမင္ဆုံးအခ်ိန္မွာ ဆိုင္ခန္းေပါင္း ၉၀၀၀ ေက်ာ္ရွိႏွင့္ေနတဲ့ Blockbuster အေခြငွားဆိုင္ဟာ ၁၉၉၇ ႏွစ္မွာ စတင္လာတဲ့ Netflix ကို ပမႊားေလးလို႔ပဲ မွတ္ယူခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ ေျပာင္းလဲေနတဲ့ ေရစီးေၾကာင္းမွာ သူတို႔ရဲ႕ အေခြငွားလုပ္ငန္းဟာ အၿမဲရပ္တည္ေနမယ္လို႔ မွတ္ယူတာေၾကာင့္ Netflix CEO Reed Hasting က သူတို႔ဆီ ခ်ဥ္းကပ္ၿပီး ၅၀ မီလီလ်ံေဒၚလာနဲ႔ သူတို႔ကို ဝယ္ပါလို႔ ကမ္းလွမ္းတာကို Blockbuster ကပယ္ခ်ခဲ့ပါတယ္။ [space ]

Adaptability skill မေကာင္းခဲ့တဲ့ Blockbuster ဟာ ၂၀၁၀ ခုႏွစ္မွာ ၂၄ မီလီလ်ံ ေဒၚလာ တန္ဖိုးနဲ႔ ေဒဝါလီခံခဲ့ရၿပီး ၊ Netflix ကေတာ့ ၂၀၁၇ ခုႏွစ္ မွာ ၆၅ ဘီလီလ်ံေဒၚလာ တန္ဖိုးနဲ႔ မားမားမတ္မတ္ ရပ္တည္သြားႏိုင္ခဲ့ပါတယ္။ [space ]

ကြၽန္ေတာ္တို႔ ဘယ္လိုပဲ ရပ္တည္ေနရပ္တည္ေန ကြၽန္ေတာ္တို႔ အားကိုးေနတဲ့ နည္းပညာေတြက အၿမဲ ေျပာင္းလဲေနဦးမွာပါ။ လက္ရွိအေျခအေနက ကိုယ့္ကို တစ္သက္လုံး ရပ္တည္ေနႏိုင္ေစလိမ့္မယ္ဆိုတဲ့ အေတြးနဲ႔ သင္ယူေလ့လာမႈေတြကို မ်က္ေျချဖတ္လိုက္ရင္ ကြၽန္ေတာ္တို႔ knockout က်န္ခဲ့ၾကမွာပါပဲ။ [space ]

ဒါေၾကာင့္ ဒီေလ့က်င့္ခန္းေလးေတြကို က်င့္သုံးရင္း ေျပာင္းလဲမႈေတြကို embrace လုပ္ ၊ အခ်ိန္မေႏွာင္းခင္ adapt လုပ္ၿပီး ေအာင္ျမင္မႈေတြကို အၿမဲမျပတ္ လွမ္းယူေနၾကရေအာင္ဗ်ာ။ [space ]

[/tab]

[tab id=”tab2″]

ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကသာ “ဒီတိုင်းလေး အဆင်ပြေနေပါတယ်လေ” ဆိုပြီး Myanmar Lifestyle ရဲ့ အဓိက product ဖြစ်တဲ့ phone cover ပစ္စည်း ၁ မျိုးထဲကိုပဲ မျက်စိစုံမှိတ် ဆက်ရောင်းနေဦးမယ်ဆိုရင် အခုအချိန်မှာ Myanmar Lifestyle ရှိတော့မယ်တောင်မထင်ဘူးဗျ။ [space ]

Adaptability တို့ဘာတို့ သေသချောချာ ရေရေရာရာ နားမလည်သေးပေမယ့် ကံကောင်းတယ်ပဲပြောရမှာပဲ ၊ ကျွန်တော်တို့ ပြောင်းလဲနေတဲ့ ရေစီးကြောင်းကို အချိန်မှီ adapt လုပ်လိုက်နိုင်လို့သာ လက်ရှိအချိန်ထိ Myanmar Lifestyle ရပ်တည်နေနိုင်တယ်လို့ ဝန်ခံရမှာပဲ။ [space ]

ဒါဆို လုပ်ငန်းပဲလုပ်လုပ် ၊ professional အနေနဲ့ပဲ ရပ်တည်ရပ်တည် ၊ အရေးကြီးတဲ့ဒီ adaptability skill ကို အမြဲအကောင်းဆုံး ဖြစ်နေအောင် ကျွန်တော်တို့ ဘယ်လို လေ့ကျင့်ကြမလဲ။ တူတူလေ့လာကြည့်ရအောင်ဗျာ။[space ]

3 ways to measure your adaptability and how to improve it ဆိုတဲ့ podcast မှာ Natalie Fratto က startup တွေကို ဦးဆောင်နေသူတွေ အတွက် adaptability က အရေးကြီးဆုံး skill ၁ ခု ဖြစ်ပြီး ဒီ skill ကို ပိုပြီး ကျွမ်းကျင်လာအောင် လေ့ကျင့်နိုင်မယ့် နည်း ၃ ခုကိုဒီလိုရှင်းပြထားပါတယ် … [space ]

What if?

ပထမဆုံးအချက်ကတော့ ကိုယ့်ဟာကို what if? ဆိုတဲ့ မေးခွန်းတွေ အမြဲမေးနေဖို့ပါ။ ဒီလိုသာ ဖြစ်ရင် ဘာလုပ်မလဲ ၊ ပြင်ဆင်ထားတဲ့ အဆင့်ဆင့် အတိုင်း ဖြစ်မလာရင် plan B က ဘာဖြစ်မလဲစသဖြင့် what if? မေးခွန်းတွေနဲ့ အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ဗျာ။ [space ]

Beginner mindset

Mahatma Gandhi က “I must reduce myself to zero.” လို့ပြောဖူးတယ်လို့ ဖတ်ရပါတယ်။ [space ]

ဒီလိုပဲ ကျွန်တော်တို့လဲ အမြဲတမ်း beginner mindset ထားဖို့လိုပါတယ်။ On Purpose podcast ရဲ့ host ၊ Jay Shetty ကလဲသူ့ရဲ့ 6 simples things you can do every morning to boost your energy before work podcast မှာ လူတစ်ယောက်ရဲ့ အောင်မြင်မှု လမ်းကြောင်းကို အကြီးမားဆုံး ပိတ်ဆို့စေတဲ့ အရာက “ငါသိပြီးသားပါ” ဆိုတဲ့ အတွေးလို့ ပြောပါတယ်။ [space ]

ဒါကြောင့် ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ အမြဲသတိရပြီး ကိုယ်မသိသေးတဲ့ ပြောင်းလဲမှုတွေ ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာကို အမြဲ မျက်ခြေမပြတ် လေ့လာ နေဖို့လဲအရေးကြီးတယ်နော…

Previous success can become an enemy

တခါတလေမှာ ကျွန်တော်တို့ လက်ရှိ ရနေတဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့ရဲ့ တက်လမ်းကို ပိတ်ဆို့နေတတ်တာမျိုးလဲ ရှိတတ်သေးတယ်ဗျ။ [space ]

Adaptability နဲ့ပတ်သက်လို့ စီးပွားရေး website တွေမှာ အမြဲပြောလေ့ရှိတဲ့ classic example က Netflix vs Blockbuster အရေးပါ။ [space ]

၁၉၈၅ ခုနှစ်တည်းက တည်ထောင်ခဲ့ပြီး အအောင်မြင်ဆုံးအချိန်မှာ ဆိုင်ခန်းပေါင်း ၉၀၀၀ ကျော်ရှိနှင့်နေတဲ့ Blockbuster အခွေငှားဆိုင်ဟာ ၁၉၉၇ နှစ်မှာ စတင်လာတဲ့ Netflix ကို ပမွှားလေးလို့ပဲ မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပြောင်းလဲနေတဲ့ ရေစီးကြောင်းမှာ သူတို့ရဲ့ အခွေငှားလုပ်ငန်းဟာ အမြဲရပ်တည်နေမယ်လို့ မှတ်ယူတာကြောင့် Netflix CEO Reed Hasting က သူတို့ဆီ ချဉ်းကပ်ပြီး ၅၀ မီလီလျံဒေါ်လာနဲ့ သူတို့ကို ဝယ်ပါလို့ ကမ်းလှမ်းတာကို Blockbuster ကပယ်ချခဲ့ပါတယ်။ [space ]

Adaptability skill မကောင်းခဲ့တဲ့ Blockbuster ဟာ ၂၀၁၀ ခုနှစ်မှာ ၂၄ မီလီလျံ ဒေါ်လာ တန်ဖိုးနဲ့ ဒေဝါလီခံခဲ့ရပြီး ၊ Netflix ကတော့ ၂၀၁၇ ခုနှစ် မှာ ၆၅ ဘီလီလျံဒေါ်လာ တန်ဖိုးနဲ့ မားမားမတ်မတ် ရပ်တည်သွားနိုင်ခဲ့ပါတယ်။ [space ]

ကျွန်တော်တို့ ဘယ်လိုပဲ ရပ်တည်နေရပ်တည်နေ ကျွန်တော်တို့ အားကိုးနေတဲ့ နည်းပညာတွေက အမြဲ ပြောင်းလဲနေဦးမှာပါ။ လက်ရှိအခြေအနေက ကိုယ့်ကို တစ်သက်လုံး ရပ်တည်နေနိုင်စေလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ သင်ယူလေ့လာမှုတွေကို မျက်ခြေဖြတ်လိုက်ရင် ကျွန်တော်တို့ knockout ကျန်ခဲ့ကြမှာပါပဲ။ [space ]

ဒါကြောင့် ဒီလေ့ကျင့်ခန်းလေးတွေကို ကျင့်သုံးရင်း ပြောင်းလဲမှုတွေကို embrace လုပ် ၊ အချိန်မနှောင်းခင် adapt လုပ်ပြီး အောင်မြင်မှုတွေကို အမြဲမပြတ် လှမ်းယူနေကြရအောင်ဗျာ။ [space ]

[/tab]
[/tabs]

[border ]

References:

3 ways to measure your adaptability — and how to improve it by Natalie Fratto;

6 Simple Things You Can Do Every Morning To Boost Your Energy Before Work by Jay Shetty;

3 Things Marketers Can Learn From The Rise Of Netflix (And The Fall Of Blockbuster) by Erik Devaney

Photos by Sebastian Voortman, Startup Stock, Visual Tag, Suzy Hazelwood, Dom J, Breakingpic and Pixabay from Pexels
[border ]

[space ]

Recommendations for you