Getting a YES for help

How to ask for a help

[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]

လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန ရတဲ့ အကူအညီေတြရဲ႕ ၉၀% ဟာ ကိုယ္ကိုယ္တိုင္ အကူညီေတာင္းခံလို႕ ရႀကတာပါ။ [space ]

ဆိုလိုတာက အကူညီလို႕ ဆိုလိုက္ရင္ ကိုယ္တိုင္ေတာင္း ရမယ္ဆိုတာ ကၽြန္ေတာ္တုိ႕က ေမ့ေနျပီး ၊ မေျပာလဲပဲ အရိပ္အကဲႀကည့္ျပီး သိမွာပါေလလို႕ ထင္တတ္တဲ့ illusion of transparency မွာ ကၽြန္ေတာ္တို႕ ေျမာေနတတ္ႀကတာပါ။ [space ]

အနီးမွာရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ပဲ ျဖစ္ျဖစ္ ၊ ကိုယ့္အေႀကာင္းသိတဲ့ သူငယ္ခ်င္းပဲ ျဖစ္ျဖစ္ ၊ အတူေနတဲ့ မိသားစုပဲ ျဖစ္ျဖစ္ မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႕ ပါးစပ္နဲ႕ ဖြင့္ေျပာျပီး အကူညီေတာင္းႀကဖို႕ လိုအပ္ပါတယ္။ [space ]

How to ask for help

ဒီေတာ့ အကူညီေတာင္းတိုင္း စိတ္ပါလက္ပါ လုပ္ေပးေအာင္ ကၽြန္ေတာ္တို႕ ဘယ္လို အကူညီေတာင္းႀကမလဲ။ ကၽြန္ေတာ္ ေလ့လာရသေလာက္ေလး ေျပာျပပါရေစဦးဗ်ာ။ [space ]

ပထမအခ်က္က ကၽြန္ေတာ္တို႕ အကူညီေတာင္းတဲ့အခါ လိုတာကို တိတိက်က် ေျပာျပဖို႕လိုအပ္ပါတယ္။ အျပင္မွာ ေတြ႕ဖို႕ခ်ိန္းရင္လဲ ဘာအတြက္ခ်ိန္းတယ္ ၊ ဘာေလးမ်ား လုပ္ေပးလို႕ရႏိုင္မလား စသျဖင့္ အကူညီေတာင္းခ်င္တာကို ေသေသခ်ာခ်ာ ရွင္းရွင္း လင္းလင္း ေျပာျပဖို႕ လိုအပ္ပါတယ္။ ဥပမာ – “အကူညီေတာင္းခ်င္လို႕ ေကာ္ဖီေသာက္ရင္း စကားေျပာလို႕ရမလား” ဆိုတာမ်ိဳးထက္ “ငါ့ အလုပ္မွာ ျပႆနာတက္ေနတဲ့ စီမံခန္႕ခြဲေရးအပိုင္းေလးအတြက္ မင္းဆီက အကူညီေလး ရခ်င္လို႕ ငါတို႕ ေကာ္ဖီေသာက္ရင္း ေျပာလို႕ ရမလား” လို႕ ခ်ိန္းတာက လိုအပ္တဲ့ အကူညီရဖို႕ ပိုေသခ်ာတဲ့ ျပင္ဆင္မႈ တစ္ခုပါဗ်ာ။ [space ]

Be specific with what you need

ေနာက္တစ္ခ်က္က အကူညီေတာင္းခံတဲ့အခါ မလိုအပ္ပဲ စြတ္အတင္းေတာင္းပန္ေနတာမ်ိဳး နဲ႕ လက္ေဆာင္ပ႑ာနဲ႕ လာဘ္ထိုးတာမ်ိဳးကို ေရွာင္သင့္ပါတယ္လို႕ social psychologist ၊ Heidi Grant က အႀကံေပးထားပါတယ္။ သူ႕ရဲ႕ ဥပမာက – “ငါ မင္းမပါပဲနဲ႕ ဒါကို လုပ္လို႕ရမယ့္ နည္းရွိရင္ ငါလုပ္ပါတယ္ကြာ” ဆိုတဲ့ စကားမ်ိဳးက အကူညီေပးမယ့္သူကို ပိုျပီး စိတ္ပ်က္ေစလို႕ ေရွာင္သင့္တဲ့ ကိစၥထဲမွာ ပါပါတယ္တဲ့ဗ်ာ။ [space ]

အကူညီေပးရတာေကာင္းတဲ့ ကိစၥတစ္ခုပါ။ ဒီလိုပဲ အကူညီေပးဖူးတဲ့သူကို ႀကံဳႀကိဳက္လို႕ လက္ေဆာင္ေပးတာမ်ိဳးကျပႆနာ မရွိေပမယ့္ အကူညီေပးတာကို transaction တစ္ခု လုပ္သလိုမ်ိဳးသေဘာထားျပီး အကူညီရျပီးတိုင္း ေငြေႀကးနဲ႕ ျဖစ္ျဖစ္ လက္ေဆာင္ျဖစ္ျဖစ္ ျပန္ေပးတာမ်ိဳးကလဲ ေရွာင္သင့္တဲ့ ကိစၥ တစ္ခုပါ။ [space ]

Getting a yes for a help

ေနာက္ အေရးတကာ့ အေရးႀကီးဆံုးက အကူညီေတာင္းတဲ့ ကိစၥကို email နဲ႕ ဒါမွမဟုတ္ text နဲ႕ အကူညီေတာင္းတာကို လံုးဝ ေရွာင္သင့္ပါတယ္တဲ့ဗ်ာ။ Email တို႕ text တို႕ဟာ impersonal ျဖစ္ျပီး စစ္တမ္းအရ လူကိုယ္တိုင္ အကူညီေတာင္းခံတာဟာ YES ဆိုတဲ့ အေျဖရဖို႕ အဆ ၃၀ ပိုမ်ားတယ္လို႕ ဆိုပါတယ္။ [space ]

ဒါေႀကာင့္ လူကိုယ္တိုင္ မဟုတ္ရင္ေတာင္ ေနာက္ဆံုးအဆင့္ လက္ထဲက ဖုန္းကို ဖုန္းလိုပဲ သံုးျပီး ကိုယ္တိုင္ ဖုန္းဆက္ ၊ အက်ိဳးေႀကာင္းေျပာျပျပီး အကူညီေတာင္းခံ တာက ၂ ဦး ၂ ဖက္အတြက္ ေကာင္းရာဖက္ကို ပိုျပီး ဦးတည္ေစပါတယ္။ [space ]

Getting help

ျပီးေတာ့ ကၽြန္ေတာ္တုိ႕ လုပ္တတ္ႀကတဲ့ ကိစၥက ေက်းဇူးတင္ပါတယ္ဆိုတာနဲ႕တင္ျပီးသြားျပီး အကူညီ ရျပီးရင္ ျပန္ျပီး follow-up မလုပ္တတ္ႀကတာပါ။ အကူညီရလိုက္လို႕ ဘယ္လို အဆင္ေျပသြားတဲ့အေႀကာင္း ၊ ဘယ္ေလာက္ ေအာင္ျမင္သြားတဲ့ အေႀကာင္းကို အကူညီေပးသူကို ျပန္အသိေပးတတ္ျခင္းကလဲ ေနာက္ေနာင္ အကူညီ ရဖို႕ အခြင့္လမ္းပိုမ်ားသလို အကူညီေပးရသူ အတြက္လဲ အကူညီေပးရက်ိဳးနပ္တဲ့ ကိစၥ တစ္ခုမို႕ သတိတရနဲ႕ လုပ္သင့္ပါတယ္ဗ်ာ။ [space ]

အကူညီေတာင္းရဖို႕ ကၽြန္ေတာ္တို႕ အားလံုး ဝန္ေလးႀကပါတယ္။ အားနည္းသူ တစ္ေယာက္လို႕ ကိုယ့္ဟာကိုယ္ ျမင္ေစတာကလဲ အကူညီေတာင္းဖို႕ လက္တြန္႕ေစတဲ့ထဲက ကိစၥတစ္ခုပါ။ ဒါေပမယ့္လဲ လက္ရွိ မ်က္ေမွာက္ေခတ္မွာ ကိစၥ ေတာ္ေတာ္မ်ားမ်ားကို တစ္ေယာက္တည္း လုပ္ဖို႕ မလြယ္သလို ၊ collaborate လုပ္ျပီး ပူးေပါင္းေဆာင္ရြက္မွ ပိုျပီး ေအာင္ျမင္မွာမို႕ ဒီအခ်က္ေလးေတြကို သံုးျပီး အကူညီေတာင္းသူေရာ အကူညီေပးသူပါ ေရရွည္ေအာင္ျမင္တဲ့ ဆက္ဆံေရးေတြျဖစ္ေအာင္ ဖန္တီးလိုက္ရေအာင္ဗ်ာ။ [space ]

Acknowledgment: ဒီ post ကို social psychologist, Dr. Heidi Grant ရဲ႕ How to ask for help — and get a “yes” TED Talks podcase ကို မွီျငမ္းျပီး ေရးသားထားတာျဖစ္ပါတယ္ဗ်ာ။ [space ]

ဓာတ္ပံုေတြကိုေတာ့ Pexels website ရဲ႕ rawpixel.com, Native Space, it’s me neosiam တို႕ရဲ႕ ဓာတ္ပံုေတြကို ယူသံုးထားတာ ျဖစ္ပါတယ္ဗ်ာ။ [space ]

[/tab]

[tab id=”tab2″]

လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ရတဲ့ အကူအညီတွေရဲ့ ၉၀% ဟာ ကိုယ်ကိုယ်တိုင် အကူညီတောင်းခံလို့ ရကြတာပါ။ [space ]

ဆိုလိုတာက အကူညီလို့ ဆိုလိုက်ရင် ကိုယ်တိုင်တောင်း ရမယ်ဆိုတာ ကျွန်တော်တို့က မေ့နေပြီး ၊ မပြောလဲပဲ အရိပ်အကဲကြည့်ပြီး သိမှာပါလေလို့ ထင်တတ်တဲ့ illusion of transparency မှာ ကျွန်တော်တို့ မြောနေတတ်ကြတာပါ။ [space ]

အနီးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်ပဲ ဖြစ်ဖြစ် ၊ ကိုယ့်အကြောင်းသိတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ် ၊ အတူနေတဲ့ မိသားစုပဲ ဖြစ်ဖြစ် များသောအားဖြင့် ကျွန်တော်တို့ ပါးစပ်နဲ့ ဖွင့်ပြောပြီး အကူညီတောင်းကြဖို့ လိုအပ်ပါတယ်။ [space ]

How to ask for help

ဒီတော့ အကူညီတောင်းတိုင်း စိတ်ပါလက်ပါ လုပ်ပေးအောင် ကျွန်တော်တို့ ဘယ်လို အကူညီတောင်းကြမလဲ။ ကျွန်တော် လေ့လာရသလောက်လေး ပြောပြပါရစေဦးဗျာ။ [space ]

ပထမအချက်က ကျွန်တော်တို့ အကူညီတောင်းတဲ့အခါ လိုတာကို တိတိကျကျ ပြောပြဖို့လိုအပ်ပါတယ်။ အပြင်မှာ တွေ့ဖို့ချိန်းရင်လဲ ဘာအတွက်ချိန်းတယ် ၊ ဘာလေးများ လုပ်ပေးလို့ရနိုင်မလား စသဖြင့် အကူညီတောင်းချင်တာကို သေသေချာချာ ရှင်းရှင်း လင်းလင်း ပြောပြဖို့ လိုအပ်ပါတယ်။ ဥပမာ – “အကူညီတောင်းချင်လို့ ကော်ဖီသောက်ရင်း စကားပြောလို့ရမလား” ဆိုတာမျိုးထက် “ငါ့ အလုပ်မှာ ပြဿနာတက်နေတဲ့ စီမံခန့်ခွဲရေးအပိုင်းလေးအတွက် မင်းဆီက အကူညီလေး ရချင်လို့ ငါတို့ ကော်ဖီသောက်ရင်း ပြောလို့ ရမလား” လို့ ချိန်းတာက လိုအပ်တဲ့ အကူညီရဖို့ ပိုသေချာတဲ့ ပြင်ဆင်မှု တစ်ခုပါဗျာ။ [space ]

Be specific with what you need

နောက်တစ်ချက်က အကူညီတောင်းခံတဲ့အခါ မလိုအပ်ပဲ စွတ်အတင်းတောင်းပန်နေတာမျိုး နဲ့ လက်ဆောင်ပဏ္ဍာနဲ့ လာဘ်ထိုးတာမျိုးကို ရှောင်သင့်ပါတယ်လို့ social psychologist ၊ Heidi Grant က အကြံပေးထားပါတယ်။ သူ့ရဲ့ ဥပမာက – “ငါ မင်းမပါပဲနဲ့ ဒါကို လုပ်လို့ရမယ့် နည်းရှိရင် ငါလုပ်ပါတယ်ကွာ” ဆိုတဲ့ စကားမျိုးက အကူညီပေးမယ့်သူကို ပိုပြီး စိတ်ပျက်စေလို့ ရှောင်သင့်တဲ့ ကိစ္စထဲမှာ ပါပါတယ်တဲ့ဗျာ။ [space ]

အကူညီပေးရတာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုပဲ အကူညီပေးဖူးတဲ့သူကို ကြုံကြိုက်လို့ လက်ဆောင်ပေးတာမျိုးကပြဿနာ မရှိပေမယ့် အကူညီပေးတာကို transaction တစ်ခု လုပ်သလိုမျိုးသဘောထားပြီး အကူညီရပြီးတိုင်း ငွေကြေးနဲ့ ဖြစ်ဖြစ် လက်ဆောင်ဖြစ်ဖြစ် ပြန်ပေးတာမျိုးကလဲ ရှောင်သင့်တဲ့ ကိစ္စ တစ်ခုပါ။ [space ]

Getting a yes for a help

နောက် အရေးတကာ့ အရေးကြီးဆုံးက အကူညီတောင်းတဲ့ ကိစ္စကို email နဲ့ ဒါမှမဟုတ် text နဲ့ အကူညီတောင်းတာကို လုံးဝ ရှောင်သင့်ပါတယ်တဲ့ဗျာ။ Email တို့ text တို့ဟာ impersonal ဖြစ်ပြီး စစ်တမ်းအရ လူကိုယ်တိုင် အကူညီတောင်းခံတာဟာ YES ဆိုတဲ့ အဖြေရဖို့ အဆ ၃၀ ပိုများတယ်လို့ ဆိုပါတယ်။ [space ]

ဒါကြောင့် လူကိုယ်တိုင် မဟုတ်ရင်တောင် နောက်ဆုံးအဆင့် လက်ထဲက ဖုန်းကို ဖုန်းလိုပဲ သုံးပြီး ကိုယ်တိုင် ဖုန်းဆက် ၊ အကျိုးကြောင်းပြောပြပြီး အကူညီတောင်းခံ တာက ၂ ဦး ၂ ဖက်အတွက် ကောင်းရာဖက်ကို ပိုပြီး ဦးတည်စေပါတယ်။ [space ]

Getting help

ပြီးတော့ ကျွန်တော်တို့ လုပ်တတ်ကြတဲ့ ကိစ္စက ကျေးဇူးတင်ပါတယ်ဆိုတာနဲ့တင်ပြီးသွားပြီး အကူညီ ရပြီးရင် ပြန်ပြီး follow-up မလုပ်တတ်ကြတာပါ။ အကူညီရလိုက်လို့ ဘယ်လို အဆင်ပြေသွားတဲ့အကြောင်း ၊ ဘယ်လောက် အောင်မြင်သွားတဲ့ အကြောင်းကို အကူညီပေးသူကို ပြန်အသိပေးတတ်ခြင်းကလဲ နောက်နောင် အကူညီ ရဖို့ အခွင့်လမ်းပိုများသလို အကူညီပေးရသူ အတွက်လဲ အကူညီပေးရကျိုးနပ်တဲ့ ကိစ္စ တစ်ခုမို့ သတိတရနဲ့ လုပ်သင့်ပါတယ်ဗျာ။ [space ]

အကူညီတောင်းရဖို့ ကျွန်တော်တို့ အားလုံး ဝန်လေးကြပါတယ်။ အားနည်းသူ တစ်ယောက်လို့ ကိုယ့်ဟာကိုယ် မြင်စေတာကလဲ အကူညီတောင်းဖို့ လက်တွန့်စေတဲ့ထဲက ကိစ္စတစ်ခုပါ။ ဒါပေမယ့်လဲ လက်ရှိ မျက်မှောက်ခေတ်မှာ ကိစ္စ တော်တော်များများကို တစ်ယောက်တည်း လုပ်ဖို့ မလွယ်သလို ၊ collaborate လုပ်ပြီး ပူးပေါင်းဆောင်ရွက်မှ ပိုပြီး အောင်မြင်မှာမို့ ဒီအချက်လေးတွေကို သုံးပြီး အကူညီတောင်းသူရော အကူညီပေးသူပါ ရေရှည်အောင်မြင်တဲ့ ဆက်ဆံရေးတွေဖြစ်အောင် ဖန်တီးလိုက်ရအောင်ဗျာ။ [space ]

Acknowledgment: ဒီ post ကို social psychologist, Dr. Heidi Grant ရဲ့ How to ask for help — and get a “yes” TED Talks podcase ကို မှီငြမ်းပြီး ရေးသားထားတာဖြစ်ပါတယ်ဗျာ။ [space ]

ဓာတ်ပုံတွေကိုတော့ Pexels website ရဲ့ rawpixel.com, Native Space, it’s me neosiam တို့ရဲ့ ဓာတ်ပုံတွေကို ယူသုံးထားတာ ဖြစ်ပါတယ်ဗျာ။ [space ]

[/tab]
[/tabs]

[border ]

[space ]

Recommendations for you