Stupid things we do with money

Stupid things about money

[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]

  • အေမရိကန္ႏိုင္ငံသားေတြဟာ ကမာၻ႕ အခ်မ္းသာဆံုးလို႕ ဆိုႏိုင္တဲ့ ႏိုင္ငံမွာ ေနရေပမယ့္ ၆၀% ဟာ အေရးေပၚအေျခအေနမွာသုံးဖို႕အတြက္ သူတို႕ရဲ႕ ဘဏ္အေကာင့္ထဲမွာ ေဒၚလာ ၁,၀၀၀ မျပည့္တဲ့ စုေဆာင္းငြေတြနဲ႕ ရပ္တည္ ေနႀကပါတယ္။
  • ဒီအေမရိကန္ႏိုင္ငံသားေတြကပဲ ပွ်မ္းမွ်အားျဖင့္ ၁ ႏွစ္မွာ အိမ္ကုိအစားစာမွာစားတာ ၊ drinks ေတြ ဝယ္ေသာက္တာ ၊ ထီထိုးတာ စတဲ့ ကိစၥေတြ အတြက္ ေဒၚလာ 2,944 ဝန္းက်င္ အကုန္က်ခံလ်က္ ရွိေနပါတယ္။

ဒီ ၂ ခ်က္က Bankrate ရဲ႕ စစ္တမ္းပါ။ [space ]

ကၽြန္ေတာ္တို႕ဟာ ပိုက္ဆံ ရွာရ ခက္သေလာက္ ရူးသြပ္စြာနဲ႕ လြယ္လြယ္ သံုးေနႀကတယ္ဆိုတာကို သိႏိုင္တာပါပဲ။ [space ]

Money Management

ဒီေတာ့ ပုိက္ဆံသံုးတာနဲ႕ ပတ္သက္လို႕ အရူးသြပ္တကာ့ အရူးသြပ္ဆံုး လုပ္ရပ္ေတြက ဘာေတြလဲဆိုတာ ကၽြန္ေတာ္တို႕ ႀကည့္ႀကည့္ရေအာင္ဗ်ာ။

ရူးသြပ္ျခင္း နံပါတ္ ၁ ကေတာ့

ကိုယ္ေငြဘယ္ေလာက္သံုးျပီးေနျပီလဲဆိုတာ မွတ္တမ္းမွတ္ရာ မရွိပဲေနျခင္းပါ။ [space ]

အေပၚမွာ ေျပာခဲ့သလို အေမရိကန္ႏိုင္ငံသား ၁ ေယာက္ဟာ ပွ်မ္းမွ် ၁ ႏွစ္မွာ အေသာက္ အစား အတြက္ ေဒၚလာ ၃,၀၀၀ ကေ်ာ္ကုန္ေနသလို ကၽြန္ေတာ္တို႕လဲ ဒီလို မျဖစ္မေနကုန္စရာ မဟုတ္တဲ့ အပိုကိစၥေတြ အတြက္ တစ္လတစ္လ ဘယ္ေလာက္ ကုန္ေနလဲ…. [space ]

ဝန္ခံရရင္ ကၽြန္ေတာ္လဲ ဒီလို မွတ္တာ ၃ ၊ ၄ လပဲ ရွိပါေသးတယ္။ Excel နဲ႕ မွတ္မယ္ စဥ္းစားေပမယ့္ ၊ သတိရတဲ့ အခ်ိန္မွာ ခ်မွတ္ဖို႕ app နဲ႕မွ အဆင္ေျပမွာမို႕ အခု ကၽြန္ေတာ္ Money Manager: Expense Tracker, Free Budgeting App ကို သံုးေနတယ္ဗ်။ သူက ဘယ္က႑အတြက္ ဘယ္ေလာက္ ကုန္ထားျပီးျပီဆိုတာ pie chart နဲ႕ ျပေပးလို႕ ကိုယ့္ဟာကိုယ္ ႀကည့္ထိန္းလို႕ ရတာေပါ့… [space ]

Stupid ways to spend your money

ဒီပံုတိုင္းဆိုရင္ ကၽြန္ေတာ္လဲ လက္ေဆာင္ေပးတာေတြ နည္းနည္း ေလ်ာ့ရမယ့္ပံုပဲ …. ဟက္ဟက္ …. [space ]

ေနာက္တစ္ခ်က္က[space ]

အေႀကြးနဲ႕ ရင္သန္ေနျခင္းပါ။

အေႀကြးယူလို႕ရတိုင္း သံုးေနတာကလဲ ကိုယ့္ဟာကိုယ္ စည္းလြတ္ဝါးလြတ္ ျဖစ္ေစျခင္းရဲ႕ အဓိကအခ်က္ပါ။ အေႀကြးလို႕ ေခါင္းစဥ္မတပ္ေသာ္ျငားလဲ ခဏေခ်းလို႕ ငွားလို႕ရတဲ့ ပိုက္ဆံနဲ႕ ရပ္တည္တာကလဲ ဆိုးက်ိဳးကိုပဲ ဦးတည္ေစပါတယ္တဲ့။ ဒါေႀကာင့္ လြယ္လြယ္ေခ်းေပးေနရင္လဲ အခြင့္ေရးမယူပဲ ၊ ဝင္ေငြနဲ႕ ထြက္ေငြ ညီမွ်တဲ့ budget တစ္ခု ျဖစ္ေအာင္ တည္ေဆာင္ဖို႕ လိုပါတယ္တဲ့ဗ်ာ။ [space ]

ေရွ႕ေရးကို စီမံကိန္း မဆြဲပဲ ေနျခင္းကလဲ ရူးသြပ္ျခင္း တစ္မ်ိဳးပါပဲတဲ့။

အေရးေပၚအေျခအေနမွာ ဘယ္ေလာက္ စုေငြ ရွိသင့္တယ္။ ဒီလိုျဖစ္ဖို႕ တစ္လကို ဘယ္ေလာက္စုထားဖို႕လိုမယ္။ ဒီႀကားထဲ မထင္မွတ္တဲ့ အပိုေတြ အတြက္ ဘယ္ေလာက္ခ်န္ထားမလဲ။ [space ]

ခရီးေတြ သြားခ်င္တိုင္းသြား ၊ ပစၥည္းေတြ လုိခ်င္တိုင္း ဝယ္မယ့္ အစား စုေငြကို မထိပဲ သံုးေငြထဲက ဘယ္ေလာက္အပိုရမွ ဘယ္ေလာက္ဖိုးသံုးမယ္ စသျဖင့္ plan လုပ္ထားရင္ အခ်ိန္ရွိသမွ် saving ထဲက ဆြဲဆြဲသံုးေနလို႕ saving account က ခပ္ျပားျပားပဲ ရွိမေနရေအာင္ ကၽြန္ေတာ္တို႕ေတြ plan လုပ္ထားသင့္ပါတယ္တဲ့ဗ်ာ။ [space ]

ေနာက္တစ္ခ်က္ကေတာ့ ျဖစ္တတ္ႀကတဲ့ ကၽြန္ေတာ္တို႕ အျဖစ္ … အပေၚက ကၽြန္ေတာ့္ရဲ႕ ဘ႑ေရး pie chart လိုမ်ိဳး

ခ်စ္တာေတြ ေမတၱာေတြ အတြက္ ကိုယ့္ရဲ႕ ပိုက္ဆံအိတ္ကို တံခါးမရွိ ဓားမရွိဖြင့္ထားျခင္းပါပဲတဲ့။

Money management, Myanmar

Bad with Money podcast ရဲ႕ host ၊ Gaby Dunn ရဲ႕ Bad with Money စာအုပ္မွာ “Things I Have Bought For People Who Are About To Dump Me.” ဆိုတဲ့ ေခါင္းစဥ္နဲ႕ သူမႊန္ထူျပီး ဝယ္ေပးခဲ့တဲ့ ပစၥည္း စာရင္းမွာ ေဒၚလာ ၄၀၀ တန္ နာရီ ၊ designer coat စသျဖင့္ ေရးျပထားပါတယ္။ [space ]

ေျပာရမွာ ခက္တာေတာ့ ခက္တယ္ ၊ သို႕ေပမယ့္လဲ ရွာထားသမွ် စံုလံုးကန္းျပီး ပံုေအာ မပစ္ဖို႕ေတာ့ ကၽြန္ေတာ္တို႕ သတိနည္းနည္းခ်င္ရမွာေပါ့ဗ် ၊ ေနာ… [space ]

Money is like dieting လို႕ Boston Globe က ေဆာင္းပါးမွာေရးထားတာလဲ ကၽြန္ေတာ္ဖတ္ရပါတယ္။ [space ]

ကုိယ့္သူငယ္ခ်င္း ဝိတ္ခ်ေနတဲ့ diet plan က ကုိယ့္အတြက္ အလုပ္ျဖစ္ခ်င္မွ ျဖစ္သလို ၊ မိတ္ေဆြ တစ္ေယာက္ရဲ႕ money management ပံုစံက ကိုယ့္အတြက္ အလုပ္ျဖစ္ခ်င္မွ ျဖစ္မွာပါ။ ဒါေႀကာင့္ ကိုယ့္အတြက္ ဘယ္လို ပံုစံမ်ိဳး အလုပ္ျဖစ္မယ္။ ကိုယ္ကိုယ္တိုင္ ဘယ္လို စီမံဖို႕လိုလဲဆိုတာ personalize လုပ္ထားဖို႕ လိုပါတယ္တဲ့ဗ်ာ။ [space ]

ဒါေႀကာင့္ အေပၚမွာေျပာထားတဲ့အခ်က္ေတြကို ကိုယ့္အတြက္ကိုက္မယ့္ ပံုစံ ျဖစ္ေအာင္ ညွိယူျပီး လူနဲ႕ေငြ အတူေနေအာင္ နည္းနည္းပိုျပီး ဆြဲထားလိုက္ရေအာင္ဗ်ာ။ [space ]

Acknowledgement: ဒီ post ကို Boston Globe website မွာတင္ထားတဲ့ Susan Moeller ရဲ႕ The 7 stupidest things we do with money essay ကို ကိုးကားျပီး ေရးသားထားတာ ျဖစ္ပါတယ္ဗ်ာ။ [space ]

ဓာတ္ပံုေတြကိုေတာ့ Pexels website ရဲ႕ maitree rimthong, rawpixel, Porapak Apichodilok တို႕ရဲ႕ ဓာတ္ပံုေတြကို ယူသံုးထားတာပါ။

[/tab]

[tab id=”tab2″]

  • အမေရိကန်နိုင်ငံသားတွေဟာ ကမ္ဘာ့ အချမ်းသာဆုံးလို့ ဆိုနိုင်တဲ့ နိုင်ငံမှာ နေရပေမယ့် ၆၀% ဟာ အရေးပေါ်အခြေအနေမှာသုံးဖို့အတွက် သူတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၁,၀၀၀ မပြည့်တဲ့ စုဆောင်းငွတွေနဲ့ ရပ်တည် နေကြပါတယ်။
  • ဒီအမေရိကန်နိုင်ငံသားတွေကပဲ ပျှမ်းမျှအားဖြင့် ၁ နှစ်မှာ အိမ်ကိုအစားစာမှာစားတာ ၊ drinks တွေ ဝယ်သောက်တာ ၊ ထီထိုးတာ စတဲ့ ကိစ္စတွေ အတွက် ဒေါ်လာ 2,944 ဝန်းကျင် အကုန်ကျခံလျက် ရှိနေပါတယ်။

ဒီ ၂ ချက်က Bankrate ရဲ့ စစ်တမ်းပါ။ [space ]

ကျွန်တော်တို့ဟာ ပိုက်ဆံ ရှာရ ခက်သလောက် ရူးသွပ်စွာနဲ့ လွယ်လွယ် သုံးနေကြတယ်ဆိုတာကို သိနိုင်တာပါပဲ။ [space ]

Money Management

ဒီတော့ ပိုက်ဆံသုံးတာနဲ့ ပတ်သက်လို့ အရူးသွပ်တကာ့ အရူးသွပ်ဆုံး လုပ်ရပ်တွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြည့်ရအောင်ဗျာ။

ရူးသွပ်ခြင်း နံပါတ် ၁ ကတော့

ကိုယ်ငွေဘယ်လောက်သုံးပြီးနေပြီလဲဆိုတာ မှတ်တမ်းမှတ်ရာ မရှိပဲနေခြင်းပါ။ [space ]

အပေါ်မှာ ပြောခဲ့သလို အမေရိကန်နိုင်ငံသား ၁ ယောက်ဟာ ပျှမ်းမျှ ၁ နှစ်မှာ အသောက် အစား အတွက် ဒေါ်လာ ၃,၀၀၀ ကျော်ကုန်နေသလို ကျွန်တော်တို့လဲ ဒီလို မဖြစ်မနေကုန်စရာ မဟုတ်တဲ့ အပိုကိစ္စတွေ အတွက် တစ်လတစ်လ ဘယ်လောက် ကုန်နေလဲ…. [space ]

ဝန်ခံရရင် ကျွန်တော်လဲ ဒီလို မှတ်တာ ၃ ၊ ၄ လပဲ ရှိပါသေးတယ်။ Excel နဲ့ မှတ်မယ် စဉ်းစားပေမယ့် ၊ သတိရတဲ့ အချိန်မှာ ချမှတ်ဖို့ app နဲ့မှ အဆင်ပြေမှာမို့ အခု ကျွန်တော် Money Manager: Expense Tracker, Free Budgeting App ကို သုံးနေတယ်ဗျ။ သူက ဘယ်ကဏ္ဍအတွက် ဘယ်လောက် ကုန်ထားပြီးပြီဆိုတာ pie chart နဲ့ ပြပေးလို့ ကိုယ့်ဟာကိုယ် ကြည့်ထိန်းလို့ ရတာပေါ့… [space ]

Stupid ways to spend your money

ဒီပုံတိုင်းဆိုရင် ကျွန်တော်လဲ လက်ဆောင်ပေးတာတွေ နည်းနည်း လျော့ရမယ့်ပုံပဲ …. ဟက်ဟက် …. [space ]

နောက်တစ်ချက်က[space ]

အကြွေးနဲ့ ရင်သန်နေခြင်းပါ။

အကြွေးယူလို့ရတိုင်း သုံးနေတာကလဲ ကိုယ့်ဟာကိုယ် စည်းလွတ်ဝါးလွတ် ဖြစ်စေခြင်းရဲ့ အဓိကအချက်ပါ။ အကြွေးလို့ ခေါင်းစဉ်မတပ်သော်ငြားလဲ ခဏချေးလို့ ငှားလို့ရတဲ့ ပိုက်ဆံနဲ့ ရပ်တည်တာကလဲ ဆိုးကျိုးကိုပဲ ဦးတည်စေပါတယ်တဲ့။ ဒါကြောင့် လွယ်လွယ်ချေးပေးနေရင်လဲ အခွင့်ရေးမယူပဲ ၊ ဝင်ငွေနဲ့ ထွက်ငွေ ညီမျှတဲ့ budget တစ်ခု ဖြစ်အောင် တည်ဆောင်ဖို့ လိုပါတယ်တဲ့ဗျာ။ [space ]

ရှေ့ရေးကို စီမံကိန်း မဆွဲပဲ နေခြင်းကလဲ ရူးသွပ်ခြင်း တစ်မျိုးပါပဲတဲ့။

အရေးပေါ်အခြေအနေမှာ ဘယ်လောက် စုငွေ ရှိသင့်တယ်။ ဒီလိုဖြစ်ဖို့ တစ်လကို ဘယ်လောက်စုထားဖို့လိုမယ်။ ဒီကြားထဲ မထင်မှတ်တဲ့ အပိုတွေ အတွက် ဘယ်လောက်ချန်ထားမလဲ။ [space ]

ခရီးတွေ သွားချင်တိုင်းသွား ၊ ပစ္စည်းတွေ လိုချင်တိုင်း ဝယ်မယ့် အစား စုငွေကို မထိပဲ သုံးငွေထဲက ဘယ်လောက်အပိုရမှ ဘယ်လောက်ဖိုးသုံးမယ် စသဖြင့် plan လုပ်ထားရင် အချိန်ရှိသမျှ saving ထဲက ဆွဲဆွဲသုံးနေလို့ saving account က ခပ်ပြားပြားပဲ ရှိမနေရအောင် ကျွန်တော်တို့တွေ plan လုပ်ထားသင့်ပါတယ်တဲ့ဗျာ။ [space ]

နောက်တစ်ချက်ကတော့ ဖြစ်တတ်ကြတဲ့ ကျွန်တော်တို့ အဖြစ် … အပေါ်က ကျွန်တော့်ရဲ့ ဘဏ္ဍရေး pie chart လိုမျိုး

ချစ်တာတွေ မေတ္တာတွေ အတွက် ကိုယ့်ရဲ့ ပိုက်ဆံအိတ်ကို တံခါးမရှိ ဓားမရှိဖွင့်ထားခြင်းပါပဲတဲ့။

Money management, Myanmar

Bad with Money podcast ရဲ့ host ၊ Gaby Dunn ရဲ့ Bad with Money စာအုပ်မှာ “Things I Have Bought For People Who Are About To Dump Me.” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူမွှန်ထူပြီး ဝယ်ပေးခဲ့တဲ့ ပစ္စည်း စာရင်းမှာ ဒေါ်လာ ၄၀၀ တန် နာရီ ၊ designer coat စသဖြင့် ရေးပြထားပါတယ်။ [space ]

ပြောရမှာ ခက်တာတော့ ခက်တယ် ၊ သို့ပေမယ့်လဲ ရှာထားသမျှ စုံလုံးကန်းပြီး ပုံအော မပစ်ဖို့တော့ ကျွန်တော်တို့ သတိနည်းနည်းချင်ရမှာပေါ့ဗျ ၊ နော… [space ]

Money is like dieting လို့ Boston Globe က ဆောင်းပါးမှာရေးထားတာလဲ ကျွန်တော်ဖတ်ရပါတယ်။ [space ]

ကိုယ့်သူငယ်ချင်း ဝိတ်ချနေတဲ့ diet plan က ကိုယ့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်သလို ၊ မိတ်ဆွေ တစ်ယောက်ရဲ့ money management ပုံစံက ကိုယ့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်အတွက် ဘယ်လို ပုံစံမျိုး အလုပ်ဖြစ်မယ်။ ကိုယ်ကိုယ်တိုင် ဘယ်လို စီမံဖို့လိုလဲဆိုတာ personalize လုပ်ထားဖို့ လိုပါတယ်တဲ့ဗျာ။ [space ]

ဒါကြောင့် အပေါ်မှာပြောထားတဲ့အချက်တွေကို ကိုယ့်အတွက်ကိုက်မယ့် ပုံစံ ဖြစ်အောင် ညှိယူပြီး လူနဲ့ငွေ အတူနေအောင် နည်းနည်းပိုပြီး ဆွဲထားလိုက်ရအောင်ဗျာ။ [space ]

Acknowledgement: ဒီ post ကို Boston Globe website မှာတင်ထားတဲ့ Susan Moeller ရဲ့ The 7 stupidest things we do with money essay ကို ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်ဗျာ။ [space ]

ဓာတ်ပုံတွေကိုတော့ Pexels website ရဲ့ maitree rimthong, rawpixel, Porapak Apichodilok တို့ရဲ့ ဓာတ်ပုံတွေကို ယူသုံးထားတာပါ။

[/tab]
[/tabs]

[border ]

[space ]

Recommendations for you