3 simple things to increase your focus and productivity

Tips to increase your focus and productivity

[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]

မနက္ထလာေတာ့ ေလာေလာ ၊ ေလာေလာ။ အလုပ္ေရာက္ေတာ့ ျပာျပာယာယာ။ အဲဒီ mood ေလးက တစ္ေနကုန္ ဆက္သြားလိုက္တာ အလုပ္ဆင္းလို႕ နားတဲ့ အထိပဲဆိုရင္ေတာ့ high five.[space ]

တစ္ေန႕လုံး လုပ္စရာေတြက တန္းစီ ၊ ကိုယ္လုပ္ခ်င္တာေတြလုပ္ဖို႕ အခ်ိန္က ရွာမရ ဆိုရင္လဲ Welcome to the party. ဟက္… ဟက္… [space ]

ဒီ ကိစၥ ၂ ရပ္ကို ေျဖရွင္းႏိုင္မယ္လို႕ ယူဆရတဲ့ အခ်က္ေလး ၃ ခ်က္ ကၽြန္ေတာ္ေတြ႕ထားလို႕ ျပန္ေျပာျပဦးမယ္ဗ်။ [space ]

နံပါတ္ ၁။ တစ္ေန႕တစ္ေန႕ အခ်ိန္မရဘူးဆို ၊ အဲ့ဒီ အခ်ိန္ပိုကို မနက္ခင္းမွာမွ ရွာမေတြ႕ဘူး ဆိုရင္ တစ္ေနကုန္ ဘယ္ေနရာမွာမွ ရွာလို႕ ေတြ႕ေတာ့မွာ မဟုတ္ဘူးတဲ့ဗ်။ ဒါကေတာ့ Jay Sheety က သူ႕ရဲ႕ 3 Things to Do Before Work to Increase Focus and Productivity ဆိုတဲ့ podcast မွာေျပာထားတာပါ။ [space ]

Things to increase your productivity

ဟုတ္ေတာ့လဲ ဟုတ္တယ္။ မနက္ခင္းမွာ workout မလုပ္ျဖစ္ပဲ ၊ ရပါတယ္ အလုပ္ဆင္းမွ ဝင္လိုက္မယ္ဆုုိရင္ မလုပ္ျဖစ္ေတာ့တာက ခပ္မ်ားမ်ား (အနည္းဆံုးေတာ့ ကၽြန္ေတာ့္အတြက္ေပါ့) [space ]

တစ္ဖက္မွာလဲ မနက္ခင္းတည္းက မမွီမွာစိုးလို႕သြက္သြက္ လုပ္လိုက္ရတဲ့ mood က တစ္ေနကုန္ သြက္သြက္ ၊ ျပာျပာ ျဖစ္ေနျပီး concentrate ေကာင္းေကာင္းမလုပ္ႏိုင္တာလဲ ျဖစ္ႏိုင္တာပဲ။ [space ]

ဒီေတာ့ ဒီ ကိစၥကို အေျဖရွာဖို႕ဆိုရင္ မနက္ခင္း ဘယ္အခ်ိန္ ထလဲ။ ထရင္ လုံေလာက္ျပီလို႕ တြက္ထားတဲ့ အခ်ိန္ထက္ ၄၅ မိနစ္ ၊ ၁ နာရီ ေစာျပီးထရင္ အခ်ိန္မရလို႕ မလုပ္ျဖစ္တဲ့ အလုပ္ေတြလဲ လုပ္ျဖစ္မယ္။ ကိုယ့္ရဲ႕ တစ္ေန႕တာကိုလဲ ေအးေအးေဆးေဆး စတင္လို႕ရမယ္ေပါ့။ [space ]

Ways to increase your productivity

ဒါက လူတိုင္းအတြက္ေတာ့ အဆင္ေျပမွာ မဟုတ္ဘူးဗ်။ ဥပမာ အခုတည္းက ၅ နာရီေလာက္ထမွ အလုပ္မွီတယ္ဆိုတဲ့သူ ဆိုရင္ေတာ့ ထပ္ေစာထဖို႕ကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးေပါ့ဗ်ာ။ သို႕ေပမယ့္ အကယ္၍ အဲ့လို ေစာထ ႏိုင္တဲ့သူ ဆိုရင္ေတာ့ ေကာင္းကြက္ေတြေတာ့ ရွိပါတယ္ဗ်ာ။ ညေနက်မွ စာဖတ္လိုက္ပါမယ္ေလ ဆိုတာလဲ မနက္မွာ နာရီဝက္ေလာက္ျဖစ္ျဖစ္ ဖတ္ျဖစ္သြားမယ္။ ကိုယ့္ရဲ႕တက္လမ္းအတြက္ ေလ့လာစရာ ရွိတယ္ဆုိရင္လဲ ညေနခင္း အလုပ္ျပီးမွ ပင္ပင္ပန္းပန္း ေလ့လာစရာ မလိုပဲ မနက္မွာတင္ ျပီးသြားမယ္။ ဒီလို အားသာခ်က္ေလးေတြ ရွိတယ္ဗ်။ [space ]

နံပါတ္ ၂။ ကၽြန္ေတာ္တို႕ရဲ႕ ဆင္ျခင္ ဆံုးျဖတ္မႈ စြမ္းအင္ဟာ ဘယ္ေလာက္ ခက္ခက္ခဲခဲ ဆံုးျဖတ္ရသလဲ ဆိုတာေပၚမွာ မူတည္သလို ဆံုးျဖတ္ခ်က္ ဘယ္နခု ခ်ရသလဲ ဆိုတဲ့ ေပၚမွာလဲ မူတည္တယ္တဲ့ဗ်။ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ မဟုတ္ရင္ေတာင္ ဆံုးျဖတ္ေတြ မ်ားမ်ား ခ်ရေလေလ ကၽြန္ေတာ္တို႕ရဲ႕ ဆင္ျခင္ဆံုးျဖတ္မႈစြမ္းအင္ကို က်ဆင္းေစတဲ့ decision fatigue ျမန္ျမန္ ျဖစ္ေလေပါ့။ [space ]

Ways to overcome decision fatigue

ဒီေတာ့ ကၽြန္ေတာ္တို႕ေတြ တစ္ေနကုန္ လုပ္ရမယ့္ decision ေတြ အတြက္ မနက္ခင္းမွာ မလိုတဲ့ decision ေတြ ေျခြတာထားႏိုင္ရင္ မဆိုးဘူးပဲ။ [space ]

ဘာေတြ ေျခြတာမလဲ ဆိုေတာ့ ေန႕တိုင္းလိုလို အေတာ္ ေခါင္းစားတဲ့ ဘာဝတ္ရင္ ေကာင္းမလဲ ဆိုတာက စႀကည့္ရင္ အေတာ္ထိေရာက္မွာဗ်…. [space ]

ဒါေႀကာင့္ပဲ Mark Zuckerberg က ေန႕တိုင္း သူ႕ရဲ႕ iconic ခဲေရာင္ Brunello Cucinelli t-shirt ကိုဝတ္တယ္။ Barack Obama က ခဲေရာင္ ဒါမွမဟုတ္ အျပာေရာင္ suits ကိုဝတ္တယ္။ ဒီလိုပဲ Steve Jobs ကိုလဲ သူ႕ဝတ္ေနက် black turtleneck ရယ္ jeans ရယ္ New Balance sneakers ရယ္ တြဲလို႕မ်က္စိထဲ စြဲက်န္ရစ္ေနတာပဲေလဗ်ာ။[space ]

Wear same outfit to boast your productivity

ကိုယ္ေတြကေတာ့ ေန႕တိုင္း same outfit ဝတ္ဖို႕ ဆႏၵ မရွိေတာ့ကား လုပ္လို႕ ရတာက ညတည္းက မနက္ျဖန္ ဘာဝတ္သြားမလဲ တစ္ခါတည္း ဆံုးျဖတ္ျပီး ျပင္ဆင္ထားလို႕ ရသလို ၊ မနက္ခင္းမွာ ဘာေတြ လုပ္မယ္။ အလုပ္ေရာက္ရင္ ဘာေတြ စလုပ္မလဲ စတာေတြကို ညေနတည္းက ႀကိဳတင္ ျပင္ဆင္ထားရင္ decision fatigue ျဖစ္တာကို ေလ်ာ့ေစျပီး အလုပ္မွာ ပိုျပီး productive ျဖစ္ေစပါတယ္တဲ့ဗ်ာ။ [space ]

နံပါတ္ ၃ နဲ႕ ေနာက္ဆံုး အခ်က္ကေတာ့ ကိုယ့္ဘဝမွာ ေက်နပ္အားရစရာ ေကာင္းတဲ့ ၊ ေက်းဇူးတင္စရာ ေကာင္းတဲ့ ကိစၥ တစ္ခု ၊ ႏွစ္ခုကို စကၠန္႕ ၃၀ ေလာက္ျဖစ္ျဖစ္ ေန႕တိုင္း စိတ္ကူးထဲမွာ ပံုေဖာ္ ျမင္ေယာင္ႀကည့္ပါတဲ့ဗ်ာ။[space ]

Ways to improve productivity

နည္းနည္းေတာ့ ေႀကာင္သလို ရွိေပမယ့္ ေလ့လာစမ္းသပ္ခ်က္အရ ေက်နပ္အားရစရာေတြ ေတြးတတ္တဲ့ သူနဲ႕ စိတ္ပ်က္စရာေတြပဲ ေတြးတတ္တဲ့သူ ၊ အဖြဲ႕ ၂ ဖြဲ႕ ခြဲျပီး ေလ့လာတဲ့ control group research မွာ ေက်နပ္စရာေတြ ေတြးတတ္တဲ့ အဖြဲ႕က လုပ္ရည္ကိုင္ရည္မွာ ပိုလို႕ တုိးတက္လာႀကတယ္လို႕ ေလ့လာ ေတြ႕ရွိထားပါတယ္။ [space ]

ဒီ ၃ ခ်က္လံုးက ကိုယ္နဲ႕ အံဝင္ခြင္က် ျဖစ္ခ်င္မွ ျဖစ္မယ္။ ကုိယ္နဲ႕ ကိုက္မယ့္ ၁ ခုတန္သည္ ၂ ခုတန္သည္ စမ္းႀကည့္ရင္း ကၽြန္ေတာ္တို႕ ေန႕စဥ္လုပ္ငန္းေဆာင္တာမ်ားမွာ ပိုလို႕ productive ျဖစ္ႏိုင္လိမ့္မယ္လို႕ယူဆရပါတယ္ဗ်ာ။ [space ]

Acknowledgment: ဒီ post ကို Jay Shetty ၊ host လုပ္တဲ့ On Purpose podcast ရဲ႕ 3 Things to Do Before Work to Increase Focus and Productivity podcast ကို မွီျငမ္းထားျပီး same outfit နဲ႕ ပတ္သက္တဲ့ fact ကိုေတာ့ Business Insider website ရဲ႕ Successful people like Barack Obama and Mark Zuckerberg wear the same thing every day — and it’s not a coincidence ကေနအတည္ျပဳျပီး ဒီမွာ ျပန္ေရးသားထားတာ ျဖစ္ပါတယ္ဗ်ာ။ [space ]

ဓာတ္ပံုေတြကိုေတာ့ Pexels website ရဲ႕ Torsten Kellermann, Joseph Redfield, Rahul Shah, rawpixel.com, it’s me neosiam နဲ႕ Gratisography တို႕ရဲ႕ ဓာတ္ပံုေတြကို ယူသံုးထားတာပါ။

[/tab]

[tab id=”tab2″]

မနက်ထလာတော့ လောလော ၊ လောလော။ အလုပ်ရောက်တော့ ပြာပြာယာယာ။ အဲဒီ mood လေးက တစ်နေကုန် ဆက်သွားလိုက်တာ အလုပ်ဆင်းလို့ နားတဲ့ အထိပဲဆိုရင်တော့ high five.[space ]

တစ်နေ့လုံး လုပ်စရာတွေက တန်းစီ ၊ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့ အချိန်က ရှာမရ ဆိုရင်လဲ Welcome to the party. ဟက်… ဟက်… [space ]

ဒီ ကိစ္စ ၂ ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ယူဆရတဲ့ အချက်လေး ၃ ချက် ကျွန်တော်တွေ့ထားလို့ ပြန်ပြောပြဦးမယ်ဗျ။ [space ]

နံပါတ် ၁။ တစ်နေ့တစ်နေ့ အချိန်မရဘူးဆို ၊ အဲ့ဒီ အချိန်ပိုကို မနက်ခင်းမှာမှ ရှာမတွေ့ဘူး ဆိုရင် တစ်နေကုန် ဘယ်နေရာမှာမှ ရှာလို့ တွေ့တော့မှာ မဟုတ်ဘူးတဲ့ဗျ။ ဒါကတော့ Jay Sheety က သူ့ရဲ့ 3 Things to Do Before Work to Increase Focus and Productivity ဆိုတဲ့ podcast မှာပြောထားတာပါ။ [space ]

Things to increase your productivity

ဟုတ်တော့လဲ ဟုတ်တယ်။ မနက်ခင်းမှာ workout မလုပ်ဖြစ်ပဲ ၊ ရပါတယ် အလုပ်ဆင်းမှ ဝင်လိုက်မယ်ဆိုရင် မလုပ်ဖြစ်တော့တာက ခပ်များများ (အနည်းဆုံးတော့ ကျွန်တော့်အတွက်ပေါ့) [space ]

တစ်ဖက်မှာလဲ မနက်ခင်းတည်းက မမှီမှာစိုးလို့သွက်သွက် လုပ်လိုက်ရတဲ့ mood က တစ်နေကုန် သွက်သွက် ၊ ပြာပြာ ဖြစ်နေပြီး concentrate ကောင်းကောင်းမလုပ်နိုင်တာလဲ ဖြစ်နိုင်တာပဲ။ [space ]

ဒီတော့ ဒီ ကိစ္စကို အဖြေရှာဖို့ဆိုရင် မနက်ခင်း ဘယ်အချိန် ထလဲ။ ထရင် လုံလောက်ပြီလို့ တွက်ထားတဲ့ အချိန်ထက် ၄၅ မိနစ် ၊ ၁ နာရီ စောပြီးထရင် အချိန်မရလို့ မလုပ်ဖြစ်တဲ့ အလုပ်တွေလဲ လုပ်ဖြစ်မယ်။ ကိုယ့်ရဲ့ တစ်နေ့တာကိုလဲ အေးအေးဆေးဆေး စတင်လို့ရမယ်ပေါ့။ [space ]

Ways to increase your productivity

ဒါက လူတိုင်းအတွက်တော့ အဆင်ပြေမှာ မဟုတ်ဘူးဗျ။ ဥပမာ အခုတည်းက ၅ နာရီလောက်ထမှ အလုပ်မှီတယ်ဆိုတဲ့သူ ဆိုရင်တော့ ထပ်စောထဖို့ကတော့ မဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ သို့ပေမယ့် အကယ်၍ အဲ့လို စောထ နိုင်တဲ့သူ ဆိုရင်တော့ ကောင်းကွက်တွေတော့ ရှိပါတယ်ဗျာ။ ညနေကျမှ စာဖတ်လိုက်ပါမယ်လေ ဆိုတာလဲ မနက်မှာ နာရီဝက်လောက်ဖြစ်ဖြစ် ဖတ်ဖြစ်သွားမယ်။ ကိုယ့်ရဲ့တက်လမ်းအတွက် လေ့လာစရာ ရှိတယ်ဆိုရင်လဲ ညနေခင်း အလုပ်ပြီးမှ ပင်ပင်ပန်းပန်း လေ့လာစရာ မလိုပဲ မနက်မှာတင် ပြီးသွားမယ်။ ဒီလို အားသာချက်လေးတွေ ရှိတယ်ဗျ။ [space ]

နံပါတ် ၂။ ကျွန်တော်တို့ရဲ့ ဆင်ခြင် ဆုံးဖြတ်မှု စွမ်းအင်ဟာ ဘယ်လောက် ခက်ခက်ခဲခဲ ဆုံးဖြတ်ရသလဲ ဆိုတာပေါ်မှာ မူတည်သလို ဆုံးဖြတ်ချက် ဘယ်နခု ချရသလဲ ဆိုတဲ့ ပေါ်မှာလဲ မူတည်တယ်တဲ့ဗျ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ရင်တောင် ဆုံးဖြတ်တွေ များများ ချရလေလေ ကျွန်တော်တို့ရဲ့ ဆင်ခြင်ဆုံးဖြတ်မှုစွမ်းအင်ကို ကျဆင်းစေတဲ့ decision fatigue မြန်မြန် ဖြစ်လေပေါ့။ [space ]

Ways to overcome decision fatigue

ဒီတော့ ကျွန်တော်တို့တွေ တစ်နေကုန် လုပ်ရမယ့် decision တွေ အတွက် မနက်ခင်းမှာ မလိုတဲ့ decision တွေ ခြွေတာထားနိုင်ရင် မဆိုးဘူးပဲ။ [space ]

ဘာတွေ ခြွေတာမလဲ ဆိုတော့ နေ့တိုင်းလိုလို အတော် ခေါင်းစားတဲ့ ဘာဝတ်ရင် ကောင်းမလဲ ဆိုတာက စကြည့်ရင် အတော်ထိရောက်မှာဗျ…. [space ]

ဒါကြောင့်ပဲ Mark Zuckerberg က နေ့တိုင်း သူ့ရဲ့ iconic ခဲရောင် Brunello Cucinelli t-shirt ကိုဝတ်တယ်။ Barack Obama က ခဲရောင် ဒါမှမဟုတ် အပြာရောင် suits ကိုဝတ်တယ်။ ဒီလိုပဲ Steve Jobs ကိုလဲ သူ့ဝတ်နေကျ black turtleneck ရယ် jeans ရယ် New Balance sneakers ရယ် တွဲလို့မျက်စိထဲ စွဲကျန်ရစ်နေတာပဲလေဗျာ။[space ]

Wear same outfit to boast your productivity

ကိုယ်တွေကတော့ နေ့တိုင်း same outfit ဝတ်ဖို့ ဆန္ဒ မရှိတော့ကား လုပ်လို့ ရတာက ညတည်းက မနက်ဖြန် ဘာဝတ်သွားမလဲ တစ်ခါတည်း ဆုံးဖြတ်ပြီး ပြင်ဆင်ထားလို့ ရသလို ၊ မနက်ခင်းမှာ ဘာတွေ လုပ်မယ်။ အလုပ်ရောက်ရင် ဘာတွေ စလုပ်မလဲ စတာတွေကို ညနေတည်းက ကြိုတင် ပြင်ဆင်ထားရင် decision fatigue ဖြစ်တာကို လျော့စေပြီး အလုပ်မှာ ပိုပြီး productive ဖြစ်စေပါတယ်တဲ့ဗျာ။ [space ]

နံပါတ် ၃ နဲ့ နောက်ဆုံး အချက်ကတော့ ကိုယ့်ဘဝမှာ ကျေနပ်အားရစရာ ကောင်းတဲ့ ၊ ကျေးဇူးတင်စရာ ကောင်းတဲ့ ကိစ္စ တစ်ခု ၊ နှစ်ခုကို စက္ကန့် ၃၀ လောက်ဖြစ်ဖြစ် နေ့တိုင်း စိတ်ကူးထဲမှာ ပုံဖော် မြင်ယောင်ကြည့်ပါတဲ့ဗျာ။[space ]

Ways to improve productivity

နည်းနည်းတော့ ကြောင်သလို ရှိပေမယ့် လေ့လာစမ်းသပ်ချက်အရ ကျေနပ်အားရစရာတွေ တွေးတတ်တဲ့ သူနဲ့ စိတ်ပျက်စရာတွေပဲ တွေးတတ်တဲ့သူ ၊ အဖွဲ့ ၂ ဖွဲ့ ခွဲပြီး လေ့လာတဲ့ control group research မှာ ကျေနပ်စရာတွေ တွေးတတ်တဲ့ အဖွဲ့က လုပ်ရည်ကိုင်ရည်မှာ ပိုလို့ တိုးတက်လာကြတယ်လို့ လေ့လာ တွေ့ရှိထားပါတယ်။ [space ]

ဒီ ၃ ချက်လုံးက ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်မယ်။ ကိုယ်နဲ့ ကိုက်မယ့် ၁ ခုတန်သည် ၂ ခုတန်သည် စမ်းကြည့်ရင်း ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ ပိုလို့ productive ဖြစ်နိုင်လိမ့်မယ်လို့ယူဆရပါတယ်ဗျာ။ [space ]

Acknowledgment: ဒီ post ကို Jay Shetty ၊ host လုပ်တဲ့ On Purpose podcast ရဲ့ 3 Things to Do Before Work to Increase Focus and Productivity podcast ကို မှီငြမ်းထားပြီး same outfit နဲ့ ပတ်သက်တဲ့ fact ကိုတော့ Business Insider website ရဲ့ Successful people like Barack Obama and Mark Zuckerberg wear the same thing every day — and it’s not a coincidence ကနေအတည်ပြုပြီး ဒီမှာ ပြန်ရေးသားထားတာ ဖြစ်ပါတယ်ဗျာ။ [space ]

ဓာတ်ပုံတွေကိုတော့ Pexels website ရဲ့ Torsten Kellermann, Joseph Redfield, Rahul Shah, rawpixel.com, it’s me neosiam နဲ့ Gratisography တို့ရဲ့ ဓာတ်ပုံတွေကို ယူသုံးထားတာပါ။

[/tab]
[/tabs]

[border ]

[space ]

Recommendations for you