Dax Wallet (v2) Slim Pull-Out Design Wallet

12,500 Ks

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံရော ၊ card တွေရော ထည့်ပြီးလို့ ဘောင်းဘီအိတ်ထဲ ထည့်လိုက်ရင် မြင်မကောင်းအောင် ဖောင်းနေလို့ အခက်တွေ့ရတာကတော့ ကျွန်တော်တို့ တွေ့နေကျ ပြဿနာ ….

ဆိုင်ရောက်လို့ card ထုတ်ပေးခါနီးကျ wallet ထဲကနေ လိုချင်တဲ့ card ကို အသည်းအသန် ဆွဲထုတ်ရတာလဲ ဇွဲချွေးတောင် ပြန်ချင်ချင် …

သွားလေရာ ယူသွားစရာ မလိုတဲ့ တချို့ ဘဏ် card တွေ ကျပြန်တော့ အံဆွဲထဲ ထည့်ထားမှန်းတော့ သိတယ် ၊ ဘယ်နားသွားကပ် နေမှန်း မသိ …

ဒီ အခက်အခဲတွေကို ဖြေရှင်းဖို့ Dax Smart Wallet ရှိနေပါပြီ။ Card တွေကို သီးသန့် ထည့်ထားလိုက်ပြီး သုံးချင်တဲ့ အချိန်ကျမှ အလွယ်တကူ ထုတ်ယူပြီး သုံးလိုက်ရုံပါ။ အပြင်သွားတဲ့အခါ ပိုက်ဆံအိတ်နဲ့ တွဲမယူချင်လို့ ငွေသား အနည်းအကျဉ်း ထည့်သွားမယ် ဆိုလဲ ရသလို ၊ ပိုက်ဆံအိတ်နဲ့ တွဲကိုင်မယ် ၊ လွယ်အိတ်ထဲ ထည့်ထားမယ် ဆိုရင်လဲ သုံးလို့ အဆင်ပြေတဲ့ Dax wallet ပါ။

Kickstarter မှာ fully funded ဖြစ်ခဲ့ပြီး customer တွေဆီက ရတဲ့ feedback တွေအတိုင်း ပြန်လည် သုံးသပ် ပြင်ဆင်ထားတဲ့ Dax smart wallet (Version 2) ပါဗျာ။

SKU: ACC-AL-DAX Category: Tags: , ,