Introducing MOFT Invisible Laptop Stand

MOFT, world's first invisible laptop stand in Myanmar

ပြီးခဲ့တဲ့ ၂ လလောက်က ကျွန်တော်တို့နဲ့ လက်တွဲနေတဲ့ manufacture တစ်ယောက်က သူတို့ထုတ်နေတဲ့ invisible laptop stand တစ်ခု စမ်းသုံးကြည့်ပါ ၊ ပို့ပေးလိုက်မယ်လို့ ပြောလာတယ်ဗျ။

ကျွန်တော်ကလဲ အလကားစမ်းရတာပဲ ၊ ဘာအရေးလဲ။ ပို့လိုက်ပေါ့

ကျွန်တော့်ဆီရောက်လာတော့ ၊ ဒါလေး … MOFT …

MOFT Lapto Stand, Myanmar Lifestyle

အမြင်ကတော့ promising ။ ဒါပေမယ့် ဒီအပြားလေးက တကယ်ပဲ laptop stand လိုအလုပ်လုပ်နိုင်ပါ့မလား …

သံသယတွေ များစွားနဲ့ပဲ ကျွန်တော် ကွန်ပျူတာမှာ ကပ်

MOFT portable laptop stand, Myanmar

သုံးဖို့ ခေါက်ပုံခေါက်နည်း လေး နည်းနည်း ခေါင်းစားခံပြီး သကာလ … ကွန်ပျူတာကို စဖွင့်ပြီး သုံးကြည့်လိုက်တော့ကား……

ဝါး…. တယ်ကောင်းပါလား။

Invisible Laptop Stand, MOFT

ကပ်ထားတဲ့အချိန် ပါးပါးလေးဖြစ်နေပေမယ့် ၊ laptop stand လို အလုပ်လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးက တကယ်သုံးကြည့်လိုက်တော့ ဘယ်နားရောက်သွားမှန်း မသိတော့တာ။

MOFT Laptop Stand, Myanmar

အံသြဖို့ကောင်းလောက်အောင်ပဲ ဒီ MOFT က ကျွန်တော်တို့ဆီမှာ ရှိနေပြီးသား laptop stand တွေနဲ့ တင်သုံးရသလိုပဲ stable ဖြစ်တယ်ဗျ။

သူက အနိမ့် ၊ အမြင့် ၂ မျိုးပြောင်းလို့ရတော့ ၊ ပထမ ၁၅ ဒီဂရီစောင်းတဲ့ အမြင့်နဲ့ ကျွန်တော် စာရိုက်ကြည့်တယ်။

15 degree angle MOFT Laptop Stand

သေချာအောင် ကျွန်တော် internet မှာ typing accuracy test တောင် လုပ်ကြည့်လိုက်သေးတယ်။ ရိုးရိုး စာရိုက်တာထက် ၊ ဒီ MOFT stand ရဲ့ ပထမ အမြင့်မှာ ရိုက်တာက speed အားဖြင့် ပိုမြန်သလို accuracy ပိုကောင်းပြီး အဓိကကတော့ လက်နေလက်ထားရော လူရဲ့ အနေအထားပါ ပိုပြီး သက်သက်သာသာ ရှိတာ ကျွန်တော်သတိထားမိတယ်ဗျ။

ကဲ ဒါဆို နောက်ထပ် တဆင့် ထပ်မြင့်တဲ့ ဒုတိယ အဆင့် ၂၅ ဒီဂရီကို စမ်းကြည့်မယ်ဆိုတော့ laptop နဲ့ ရုပ်ရှင်ကြည့်ရတာ ဇိမ်မရှိပါဘူး ဆိုတဲ့ ကျွန်တော့်စကားတောင် ပြန်ရုတ်သိမ်းရမလို ဖြစ်သွားတယ်။

25 degree angle MOFT Laptop stand

သုံးရတာ မျက်စိနဲ့ level ကျပြီး အရမ်းကို အဆင်ပြေတယ်ဗျာ။ ထပ်ပြီး ကျွန်တော် external monitor နဲ့ တွဲကြည့်လိုက်တော့ သူက dock mode လိုမျိုးပဲ monitor နဲ့ အမြင့်ချင်း တူတူလောက် ရှိနေလို့ monitor နဲ့ ကောင်းကောင်းကြီး တွဲပြီး အလုပ်လုပ်လို့ရပါသေးတယ်။

MOFT Laptop Stand

ဒါပေမယ့် ကျွန်တော် စိတ်ထဲပေါ်လာတယ်။ ဒီ MOFT stand က သုံးလို့ကောင်းတာတော့ ဟုတ်ပါပြီ။ ဟိုသွားဒီသွား သွားတဲ့အခါ အနောက်မှာ ဗလပ် ဗလပ် နဲ့ ရှုပ်နေမလားဆိုတော့ ၊ သူက သံလိုက်လေးနဲ့ဗျား။ အသုံးမလိုရင် ကပ်နေတာများ ဘယ်တော့ ကျမလဲ ခါချကြည့်တာတောင် တော်တော်လေး ခါချ ရတယ်။ [space ]

MOFT Built-in magnets

ကျွန်တော့် laptop က ၁၃ လက်မမို့ အဆင်ပြေတာလား ၊ ဒီထက် ကြီးရင် weight ခံနိုင်ပါ့မလား ဆိုတော့ ၁၈ ပေါင် အလေးချိန်ထိ ခံနိုင်ပြီး ၁၅.၆ လက်မ laptop တွေ အထိ ကောင်းကောင်း အလုပ်လုပ်ပါတယ် ဆိုပြီး ကျွန်တော့်ကို သူတို့စမ်းပြထားတဲ့ ဒီပုံ ပို့လာပါတယ်ဗျာ။

MOFT Laptop Stand

သူတိုရဲ့ website ကို ကျွန်တော် ဝင်လေ့လာကြည့်တော့ laptop မှာ ကပ်ရတယ် ဆိုပေမယ့် အသုံးမလိုလို့ ခွာရင် အစွန်းမကျန်သလို ၊ နောက် laptop တစ်လုံးမှာလဲ ပြန်ကပ်လို့ ရသေးတယ်လို့ ရေးထားပါတယ်။ ပြန်ကပ်လို့ ရအောင် wet tissue နဲ့ ပြန်သန့်လို့ရတယ် ဆိုတဲ့ YouTube clip လဲ ကျွန်တော် ဒီ post ရဲ့ အဆုံးမှာ ထည့်ပေးထားပါတယ်။

MOFT invisible laptop stand

ဒါနဲ့ ကျွန်တော်လဲ ကြိုက်လှပါပြီရဲ့ ၊ ရောင်းပါတော့ ဆိုတော့ … သူတို့ဆီမှာ order တွေ ထပ်နေလို့ pre-order လုပ်ရမယ်လို့ ဈေးကိုင်လာတာနဲ့ တော်တော်လေးသည်းခံ စောင့်စားလိုက်တာ အခုတော့ ကျွန်တော်တို့ဆီကို ပစ္စည်းတင်ပို့လိုက်ပါပြီ။ ကျွန်တော်ထင်တယ် ၊ ဇူလိုင်လ ဒုတိယပတ်လောက် ဆိုရင် ဒီ MOFT stand တွေ ကျွန်တော်တို့ဆီမှာ အဆင်သင့် ရှိနေပါတော့မယ်ဗျာ။

MOFT laptop stand, Myanmar Lifestyle

ကျွန်တော်ကိုယ်တိုင် သေချာ စမ်းကြည့်ပြီး သဘောကျလွန်းလို့ မှာထားတဲ့ ပစ္စည်းမို့ quality ပစ္စည်းကောင်းလေးတွေ ကြိုက်တဲ့ ကျွန်တော်တို့ Myanmar Lifestyle ရဲ့ customer တွေလဲ သဘောကျမယ်ဆိုတာ ကျွန်တော်လုံးဝ ယုံကြည်နေပါတယ်။

MOFT Laptop Stand

လောလောဆယ်တော့ ပစ္စည်း မရောက်သေးခင် ကြိုတင်ခံစားလို့ရအောင် MOFT ရဲ့ official video နဲ့အတူ နာမည်ကြီး Unbox Therapy YouTube channel က review လုပ်ထားတဲ့ ဗီဒီယိုလေးပါ ကျွန်တော် ဒီမှာ တင်ပေးထားလိုက်ပါမယ်ဗျာ။

အခု ဒီ MOFT laptop stand လေး ကျွန်တော်တို့ဆီမှာ အဆင်သင့်ရှိနေပါပြီ။ ဒီ link လေးကနေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ကြည့်လို့ ရပြီဗျာ။ [space ]

Cheers!
Win Htoo Shwe