လာပြန်ပြီ Space Black တဲ့

blog-i7-deepgray-6

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone ရဲ့ ကောလဟာလ ယန္တရားကလည်း လည်တာမှ သွက်သွက်ခါ ၊ တလောက သတင်းထွက်တယ်လေ ၊ Space Gray အရောင်ကို ဖြုတ်ပြီး Deep Blue ထုတ်မယ် ဆိုတာ။ ဂု… မဟုတ်တော့ ပြန်ဘူး ၊ ဒီတခါတော့ သေချာပြီ Space Black တဲ့ ပြောပြန်ပြီ။

လက်ရှိ Space Gray ကိုပိုမှောင်ပြီး ပို formal ဖြစ်စေမယ့် Space Black color နဲ့ iPhone အသစ် ထုတ်မယ် ၊ သေချာပြီလို့ ပြောလာကြတာပါ။ လက်ရှိထုတ်ထားဖူးတဲ့ Apple Watch နဲ့ အံကိုက် အရောင်လေး ဖြစ်အောင် အခုလို Space Black အရောင်ထုတ်မှာ လို့လည်း ကိုယ့်ဟာကိုယ် ရမ်းတုတ်တာလား ၊ တကယ်ပဲ ထုတ်တာလား မပြောတတ် သတင်းတွေ ထွက်လာလေရဲ့ …

အဲ့ဒီ Space Black အရောင်လေးနဲ့ iPhone အသစ်က ဒီလို လေးဖြစ်မယ် ဆိုပြီးတော့ မှန်းပုံဖော်ထားကြတာလည်း ရှိပါ့ဗျာ။

blog-i7-deepgray-1

နောက် iPhone ရဲ့ housing ဆိုတဲ့ ပုံလည်း တရုတ်နိုင်ငံဖက်က ပျံ့လာသေးတယ်ဗျ။ အဲ့ဒီ housing မှာတော့ … ဒန့် …. တန် …. headphone jack လည်း ပါတော့ဘူးကောာာာ … ပြီးတော့ speaker က ၂ ဖက် ၊ stereo ပေါ့ ။ အမှန်သာ ဖြစ်မယ်ဆိုရင် ပေါ့လေ …

blog-i7-deepgray-3

ဒါနဲ့ ပဲ ဆက်စပ်ပြီး ဒီ နားကြပ်ပုံကလည်း တရုတ်နိုင်ငံဖက်ကလည်း ထွက်လာသေးသဗျ။ နားကြပ်ကို ကြည့်ပြီး ဒါကြီးက official မဟုတ်ပါဘူး ၊ ချိင်းနား ကြီးလို့ ပြောကြတဲ့ သူလည်း ပြောကြပါတယ်။ ပြောမယ်ဆိုလည် ပြောစရာပဲ ၊ ခေါင်းလေးက ထူးလဗစ်လေး။ ဒါပေမယ့် ပြောမယ်ဆိုရင်တော့ တရသေတော့ ပြောလို့ မရဘူးပေါ့ ။ ဥပမာ အသံထွက်ဖို့အပြင် အခြား function တွေပါ ထည့်ဖို့လိုမယ်ဆို ၊ headphone ခေါင်းလေးက အဲ့လို ထူထူလေးလည်း ဖြစ်နိုင်တာပဲလေနောာ

blog-i7-deepgray-2

ခုဏက iPhone Deep Black လေး ပုံဖော်တဲ့ သူကပဲ ၊ lightning port နဲ့ headphone လေးကလည်း အနက်ရောင်လေးနဲ့ဆို ဒီလိုပုံဖြစ်မယ်လို့ ပုံဖော်ထားတာ ရှိလေရဲ့ဗျ။

blog-i7-deepgray-4

Headphone နဲ့ပတ်သက်လို့ Apple က တလောက Samsung က ထုတ်တဲ့ Gear iconX လိုမျိုုး လုံးဝ ကြိုးလွတ်တဲ့ wiress earbud ကိုလည်း ဖန်တီးနေတယ်ဆိုတဲ့ သတင်းလည်း ရှိတယ်ဗျ။

blog-i7-deepgray-5

ပြီးတော့ iPhone ၃ မျိုးထုတ်မယ် ဆိုတာ ဂယ် ကြီးပဲလား မသိ ၊ အဲ့သတင်းက ပိုပိုကျယ်ကျယ်လာတာ ၊ iPhone 7 ရယ် iPhone 7 Plus ရယ် iPhone 7 Pro ရယ်တဲ့။ ဘာတွေက ဘယ်လိုလည်းတော့ မသိဘူးရယ် ၊ ခုများတော့ သို့လော ၊ သို့လောများနဲ့ ပဲ ချာချာလည် … 😛 😀

Source: 9to5Mac, RedmondPie
Photo: 9to5Mac, RedmondPie, Martin Hajek via RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *