အပြာရောင် iPhone ဖြစ်မလား

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒါလေးကတော့ ကျွန်တော့ favourite ဖြစ်မယ်ဗျ။ အပြာရောင် iPhone လေး … 😛 😀

ခုတလောထွက်လာတဲ့ ကောလဟာလ ယန္တရား အရ Apple က iPhone အသစ် ထုုတ်တဲ့ အခါ Space Gray ကိုနားပြီး အပြာရောင်လေး အစားထိုးမယ် ဆိုလားပဲ။ ကြားမိတာတော့ တော့တော့ ကျယ်သား…

blog-blue-iphone

ဒီလိုလေ ..

လက်ရှိမှာ iPhone က Space Gray ရယ် ၊ Silver ရယ်က တစ်ဖက်။ Gold ရယ် ၊ Rose Gold ရယ်က တစ်ဖက် ဖြစ်နေလေတော့… ရွှေရောင် ရော ၊ မီးခိုးရောင် ရော မကြိုက်လို့ရှိရင် iPhone မှာ ရွေးစရာ အရောင် မရှိတော့ဘူး ၊ ဟုတ် … ?

ဒါကြောင့်ပဲ iPhone အသစ်ထုတ်ရင် အပြာရောင်လေးထည့်မယ် ဆိုတဲ့ သတင်းရှိလာတာပါ။ Apple မှာ အပေါ်က ပုံအတိုင်း အပြာရောင် product ကလည်း iPod Touch ကြီးရှိလေတော့ မဖြစ်နိုင်ဘူးလို့ မဆိုသာ။

iPhone အသစ်ထုတ်ရင်တော့ ဒီ အပြာရောင်ထက်ပိုရင့်တဲ့ အပြာ – Deep Blue လို့ နာမည်ပေး မယ် ဆိုတဲ့ သတင်းလည်း ရှိသလို ၊ blue နဲ့ dark gray နဲ့ စုပေါင်း စပ်ပေါင်းပြီး ရှဉ့်လည်းလေ ျှာက်သာ ၊ ပျားလည်း စွဲသာလေး လုပ်မယ်လို့လည်း မှန်းထားသူတွေ ရှိနေပြန်ပါတယ်။

သိတဲ့အတိုင်း .. စက်တင်ဘာနီးလေ … iPhone ကောလဟာလ ယန္တရားကလည်း ပိုပြင်းပြင်းလည်လေ … ရှာထားသမ ျှတွေလည်း တစ်နှစ် တစ်နှစ် ဖုန်း အသစ်လဲရတာနဲ့ပဲ ကုန်လေနဲ့ … ဖုန်းလေး မလဲချင်ပဲ ၊ အသစ်လေးလို ခံစား ချင်ရင်တော့ Myanmar Lifestyle က cover လေးတွေ ဝယ်သုံးလည်း ရတာပဲလေ… နော်.. ဟဲဟဲ 😀 😀

Source: Mashable

Leave a Reply

Your email address will not be published. Required fields are marked *