iPhone လား မသိ

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

မနေ့ကပဲ ကွန်ယက်ပေါ်မှာ တွေ့လိုက်တာ iPhone အသစ်တဲ့ ၊ ကြည့်ကြည့်ပါဦးဗျ …

blog-i7-image-1

ပြောလို့ ပြောတာမဟုတ်ဘူး ၊ ဒီပုံကတော့ အတော့်ကို ရှင်းသား ၊ ခုပဲ July ဆိုတော့ ပွဲထုတ်မယ့် September နဲ့ ဆို သိပ်မဝေးတော့ဘူး ဆိုတော့ ဖြစ်မယ် ဆိုလည်း ဖြစ်လောက်တယ်လေဗျာ နော်။

ပြောစရာဆိုလို့ နောက်ဖက်မှာ ပစ်ထွက်နေတဲ့ camera လေးပဲ ပြောစရာ ရှိတာ ၊ အကယ်၍သာ ဒီထက်ပိုပြီး အထဲဝင်မယ် ဆိုရင်တော့ ပိုပြီး ကောင်းသားဗျ ၊ ဘယ်လိုပဲ ပစ်ထွက် ပစ်ထွက် S6 ရဲ့ ကင်မရာလောက်တော့ မဆိုးဘူးလို့ပဲ ပြောရမလား ဟက်… ဟက် …

blog-i7-camera-3

လောလောလတ်လတ်တော့ ပန်းသီး နဲ့ပတ်သက်လို့ သတင်းက နည်းနည်း ငြိမ်တယ်လို့ ပြောရမှာပဲဗျ။ ပြီးခဲ့တဲ့ အပတ်ထဲမှာတော့ iPhone အသစ်ကို 32GB က စမယ်ဆိုတဲ့ ဓာတ်ပြားဟောင်း ပြန်ဖွင့်တာ ကြားလိုက်ရတယ် ၊

နောက် လက်ရှိ Space Gray ကို ပိုပြီး formal ဖြစ်အောင် formal black – Space Black ထုတ်မယ် ၊ Apple Watch လေးနဲ့ လည်း ပိုပြီး ပနံသင့်မယ့် အရောင် ဖြစ်စေမယ် စသဖြင့် သတင်းတွေတော့ ထွက်ထားကြောင်း ပြန်ပြောင်း အောင့်မေ့လိုက်ရပါတယ်ဗျာ … 😛 😀

Source: Twitter တော့ Twitter ပဲ ၊ ဘယ်ကရလဲ မမှတ်မိတော့လို့ ၊ ဆော်တီး … 😀 🙂

Leave a Reply

Your email address will not be published. Required fields are marked *