Samsung ရဲ့ Gear IconX အသစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သတင်းတွေလည်း မရေးတာ ကြာလို့ Myanmar Lifestyle တောင်မေ့ကုန်ပြီလား မပြောတတ် ၊ ဟိုလှော် ၊ ဒီလှော် မရေးဖြစ်တော့ စကားစစ်တွေကို သတိတော့ ရမိသားဗျ 😀 😀

ဒီလိုလေ .. ဒီနေ့ မနက်ပဲ သတင်းတွေ့မိတာ ၊ တလောက မျက်မှန်ဗူးလိုမျိုးနဲ့ leak ဖြစ်လာတဲ့ ပစ္စည်းလေးကို Samsung က တရားဝင် ချပြလာတယ်ဗျ။ Wireless Bluetooth နားကြပ်ကိုမှာ ဟိုဖက် နဲ့ ဒီဖက် ဆက်ထားတဲ့ ကြိုးအတိုလေးတောင် မပါပဲ earbud လေးပဲ ၂ ခု ၊ သီးသန့်စီ ပါတဲ့ နားကြပ်လေး … ၁ ဖက်ပျောက်သွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ .. 😛 😀

blog-geariconx-2

ကြံဖန် ကပ်သီးကပ်သပ် ၊ ဒါဆို အားသွင်းတော့ ၁ ဖက်စီ သွားရမှာလားဆိုတော့ ၊ အဲ့ဒီမှာ မျက်မှန်ဗူး ကဏ္ဍ ပါလာတာ။ မျက်မှန်ဗူးနဲ့ တူတဲ့ container ထဲ အဲ့ဒီ earbud ၂ ခုကိုု ထည့် ၊ ပြီးရင် ဗူးကို အားသွင်း .. အဲ့လို .. အိုကေပဲ ။

ထူးထူးခြားခြားဆိုရင် earbud လေးကို ပဲ tap လေး နဲ့ ထိန်းရမှာ ၊ ၁ ချက် tap ရင် pause ၊ ၂ ချက် tap ရင် forward ၊ ၃ ချက် tap ရင် backward လုပ်ပေးမှာဆိုတော့ ဟိုလေ…. အဲ့ဒီနားကြပ် … သိတယ်မလား … အဲ့ဒီ နားကြပ်ရဲ့ click အရေအတွက်နဲ့ တူနေတာ။ နာမည်တော့ ထုတ်မပြောရဲဘူး ၊ ကြောက်လို့ .. တော်ကြာ ဟိုဖက် ၊ ဒီဖက် ထသတ်ရင် လိုက်ရှင်းနေရဦးမယ်။ … ဟဲဟဲ .. 😀 😀

blog-geariconx-1

ထပ်ပြီး ထူးခြားတာက ကြာကြာလေး ဖိထားလိုက်ရင် Ambient mode ဆိုတာ on သွားပြီး ရေလည်မြူးတဲ့မြူးဇစ် နဲ့ အတူ ပတ်ဝန်းကျင်က အသံတွေပါ အနည်းအကျဉ်း ကြားရအောင် ဖန်တီးပေးမှာ။ Samsung က ဒီလို ကြားနေရလို မြူးဇစ်ကို အနှောင့်အယှက်မဖြစ်ပဲ impressive clarity ပါလို့ ပြောသဗျ။ အဲ့လို့ Ambient mode နဲ့့ ဆိုရင်တော့ နားကြပ်ကြီးတပ်ပြီး စကားအကျယ်ကြီး ပြောတာတို့ ၊ လမ်းသွားရင် ကားသမား ဆဲသွားတာတို့တော့ လျော့သွားမယ့် ကိန်းပဲဗျ။

Gear IconX မှာ built-in storage က 4GB ပါလို့ သီချငး်နားထောင်ဖို့ကို ဖုန်းနဲ့ ချိတ်စရာမလိုပဲ နားထောင် နိုင်သလို ၊ Samsung က ပြောတာတော့ အဲ့လို နားထောင်ရင် ဘက်ထရီက ၃ နာရီလောက်ခံမယ် ၊ Bluetooth နဲ့နားထောင်ရင် ၁ နာရီခွဲလောက် ခံမယ် ပေါ့။

ပြီးတော့ သူ့မှာ heart-rate sensor လည်း ပါသေး။ ဆိုတော့ကား ၊ အားမှကစားတဲ့ အားကစားလေး လုပ်ပြီး phone နဲ့ ချိတ် fitness app လေးနဲ့ sync လိုက်ရင် … ဟော heart-rate log လို့ ရပြီ။ ခုခေတ် အားကစား လုပ်ရတာလည်း ချိတ်ရတာတွေ တယ်များ … 😛 😀

စျေးကတော့ ဒေါ်လာ ၂၀၀ ၊ အနက် ၊ အဖြူ ၊ အပြာ ရမယ်၊ ဂျူလိုင် ကနေ စက်တင်ဘာကြား တစ်ချိန်ချိန် ထွက်မှာပါတဲ့ဗျာ

😀 🙂

Source: Wired
Photos: Samsung

Leave a Reply

Your email address will not be published. Required fields are marked *