S7 နဲ့ ပြိုင် ဘယ်သူနိုင်

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

အဟက်ဟက်… တလောက Note 7 အကြောင်းတွေ ပယ်ပယ် နယ်နယ် ရေးပြီး သကာလ ၊ Samsung ဖက်ကို တစ်လှည့်ပြန်ပြီး အသားပေးဦးမှ ပါလေ … 😛 😀

ဒီလိုဗျ။ တလောက Google ကထုတ်တဲ့ iPhone လေးမှတ်မိတယ် ၊ ဟုတ်။ အဲ့ဒီ Pixel ဖုန်းလေးရယ် ၊ အမှန်အကယ် iPhone 7 Plus ရယ် ၊ အမုန်းမီးတောက်တွေကြားမှာ ပြန်လည် ကြိုးစားနေတဲ့ Samsung ရဲ့ S7 Edge ရယ် အားပြိုင်ကြလေရဲ့ဗျ။

ဘယ်လို ပြိုင်သလဲဆို … ဘယ်သူက အားအမြန်ဆုံး ဝင်သလဲ …. ဒန့် တန် ….

ကြံကြံဖန်ဖန် လေ ျှာက်စမ်းကြတာကတော့ ၊ လေ ျှာက်စမ်းမှာ နာမည်ကြီးတဲ့ အနောက်ကမ္ဘာက SuperSaf ၊ သူက ဖုန်း ၃ လုံးကိုု flight mode မှာထားတယ် ၊ battery 1% ဖြစ်အောင်ထားတယ် ၊ ပြီးရင် … လာလေရော့ အားသွင်းရော …

blog-s7edge-battery-test-1

အဲ့ဒီမှာ ကျွန်တော်ပြောပြမယ် ၊ ဒီ ဖုန်း ၃ လုံးလုံးကို ဘက်ထရီ 1% တူတူဖြစ်အောင် ဘယ်လို ထိန်းသလဲ မသိ ၊ ဒီဆြာကြီးတွေရဲ့ မှော် ပညာရပ်တွေကတော့ လိုက်မမှီဘူးပဲ။ ရှိစေတော့ … ဘာလို့ 0% အထိ မထားသလဲ ဆို ၊ iPhone က 0% ဖြစ်သွားရင် ၊ အားသွင်းဖို့ phone boot လုပ်ရတယ် ဆိုလား ၊ အဲ့ဒါကြောင့် ၊ ညီမ ျှမှု မရှိမှာ စိုးလို့ 1% မှာ စတာပါလို့တော့ ပြောလေရဲ့ …

ကဲ … ပြိုင်ဆိုင်မှုတွေ စတင်ပြီ ၊ သူနိုင်ကိုယ်နိုင် အပြိုင် အားတွေ သွင်းကြပြီ … မိနစ် ၃၀ ရောက်တော့ S7 Edge က 46% ၊ Google Pixel က 24% ၊ iPhone 7 Plus က 18%

ဒါနဲ့ ပဲ ပန်းတိုင်မရောက်ခင် ၊ တက်မ ထောင်လို့မဖြစ်ဘူး ၊ ဆက်ပြိုင်ကြလေတော့ကား …

S7 Edge က ၁ နာရီခွဲ နီးပါးမှာ အားပြည့်တယ် ၊ Google Pixel က ၂ နာရီ ကျော်ကျော်လေးမှာ ပြည့်တယ် ၊ iPhone 7 Plus ကတော့ ၃ နာရီခွဲ ကျ ပြည့်ပါတယ်တဲ့ ဗျား …

blog-s7edge-battery-test-2

ဒီဖုန်း ၃ လုံးမှာလည်း S7 Edge က ဘက်ထရီ အကြီးဆုံး 3,600mAh ၊ Pixel က 3,450mAh ၊ iPhone 7 Plus က 2,900mAh ရှိနေလျက်နဲ့ S7 Edge က အရင်ဆုံး အားပြည့်သွားတာပါ။

ကွာတာက iPhone 7 Plus တစ်လုံးထဲ fast charging မပါပဲ ကျန်တဲ့ ၂ လုံးက fast charging နည်းပညာပါလို့ ပိုမြန်တဲ့ သဘောရှိပါတယ်။ ပန်းသီးဖန် တွေကတော့ အာ့ကြောင့် Sammy တွေ မီးထလောင်တယ်လို့ သမုတ်ဦးမှာ တော့ ကြိုတင် ကြားယောင်မိသေး … 😛 😀

Source: SuperSafTV YouTube via The Next Web

Leave a Reply

Your email address will not be published. Required fields are marked *