Google Pixel Phone

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒန့်တန်…. Google က နောက်ဆုံးမှာတော့ Apple လိုပဲ ကိုယ်ပိုင်ဖုန်းကို ထုတ်လုပ်လိုက်ပါပြီဗျာ။ Made by Google ဆိုတဲ့ ဒီ Pixel Phone က အမှန်ကတော့ HTC ကပဲ ထုတ်ပေးတာပါလို့ပြောရင် နည်းနည်းများ နားရှုပ်လေ မလား မသိ…

နားမရှုပ်ခင် ၊ မျက်စိရှုပ်အောင် ဒီပုံလေး အရင်ကြည့် …

blog-google-pixel-2

iPhone လေး တွေ့တယ်မလား … ဟိ …

အဲ့လိုပြောရင် Android Fan တွေ စိတ်ဆိုးမလား မပြောတတ် ၊ ဘွာတေးပါ။ အဲ့ဒါ Google ရဲ့ Pixel Phone ပါ။ HTC က ထုတ်ပေးတဲ့ Made by Google ဖုန်းက iPhone နဲ့ အတော်တူတာတော့ အမှန်ပဲဗျ။ အနည်းဆုံးတော့ ရှေ့ဖက် တစ်ခြမ်း ဆိုပါတော့ …

နောက်ဖက် ကျတော့ ဟောသလို … ဟောသလို …

blog-google-pixel-4

အောက်ဖက် တစ်ဝက်က metal ၊ အပေါ်တခြမး်က glass …

ဘာလုပ်ဖို့လည်း ဆိုတော့ ၊ style ပေါ့ ၊ အပြည့် အပြည့်တွေပဲ ထုတ်နေကြတာ ၊ ဘယ်သူက တစ်ဝက်စီ ထုတ်လို့ မရဘူးလို့ ပြောသတုန်း ၊ ဂုု glass တစ်ဝက် metal တစ်ဝက် ကျပြန်တော့လည်း လှလို့ပဲ …

ဒါလေးတွေ ကြည့်ပေးဦးဗျ…

blog-google-pixel-1

ပြီးရင် နာမည် ဘယ်လိုပေးထားသလဲ နားထောင်ကြည့် ၊ Quite Black ၊ Very Silver ၊ Really Blue တဲ့ ။ ဒါလည်း အသစ် တစ်မျိုးပဲ….

Google က Pixel နဲ့ Pixel XL ဆိုပြီး ၂ မျိုးထုတ်တယ် ၊ ကောင်းတာက ၂ မျိုးမှာ ကွာသွားတာဆိုလို့ 5.2 inch နဲ့ 5.5 inch ကွာတယ် ၊ Battery မှာ 2,770mAh နဲ့ 3,450mAh ကွာတယ်။ ဆိုတော့ကား screen size သေးသွားလို့ ကင်မရာ ကွာတာတို့ ၊ RAM နည်းသွားတာတို့ ၊ Processor ကွာတာတို့ မရှိလေတော့ screen size သေးတဲ့ ဖုန်းကို မှ ကြိုက်တဲ့သူတွေလည်း အတွင်း specs မြင့်မြင့်လေးနဲ့ သုံးလို့ ရတာပေါ့။ ဒါ ကောင်းကွက် …

blog-google-pixel-3

နောက် ကောင်းကွက်က ၊ Google Photo ရဲ့ ပရိသတ် ဆိုရင်တော့ ဂွတ်ရှယ် ၊ Pixel Phone တွေအတွက် Google Photo မှာ original size အတိုင်း sync, backup ကို unlimited ရမှာပါ။ ဒါကတော့ Google Photo fan အတွက်တော့ မက်လုံးပဲ 😛 😀

Photo ဆိုလို့ ဒီဖုန်းရဲ့ ကင်မရာက လောလောဆယ် DXOMark ဆိုတဲ့ ကင်ရာ အဆင့် သတ်မှတ်ပေးတဲ့ နေရာလား ၊ ဘာလား ၊ အဲ့ဒီက ထွက်လာတဲ့ rating အရ 98 ၊ လက်ရှိ smartphone camera တွေထဲမှာ rating အမြင့်ဆုံးလို့ ပြောလာပြန်ပါတယ်။

Camera ထဲမှာ ထူးခြားတာဆိုလို့ ၊ ကင်မရာကြောင့်တော့ မဟုတ်ဘူးရယ် ၊ Google ရဲ့ အသစ်ထည့်ပေးလိုက်တဲ့ Moves ဆိုတဲ့ hardware-based gesture တွေကြောင့် ကင်မရာဖွင့်ထားပြီး ဖုန်းကို twist လုပ်လိုက်ရင် front camera နဲ့ back camera ပြောင်းပေးမှာ ဆိုပဲ ၊ ဘယ်လို twist ရမလဲဆိုုတော့ ကျွန်တော်လည်း YouTube တွေမှာ ရှာမကြည့်ရသေးဘူး ခင်ဗျ။

blog-google-pixel-6

Camera Resolution တွေကတော့ နောက်ကင်မရာက 12.3 megapixel ၊ ရှေ့ကင်မရာက 8 megapixel ပါ။ USB Type C သုံးထားပြီး headphone jack ပါပါတယ်ဗျာ။ သူ့ကျ ဖုန်းရဲ့ အပေါ်မှာပါ။

blog-google-pixel-5

ခြုံငုံသုံးသပ်ရရင် ကောင်းပါတယ်တယ်ပေါ့လေ ၊ မကောင်းတာကတော့ စျေးဗျ။ Pixel 32 GB ကို $650 ၊ 128 GB ကို $750. Pixel XL က 32 GB ကိုု $770 ၊ 128GB ကို $870 ဆိုတော့ …. အဟမ်း … 😛 😀

Source: Mashable, Digital Trends, Android Authority

ဒါနဲ့ မေးကြည့်ဦးမယ်ဗျ …
[poll id=”3″]

[youtube video_id=”Rykmwn0SMWU” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *