အဖြောင့်ပြီးတော့ အခေါက်

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ရှေးလွန်လေပြီးသော သကာလ ၊ ဖုန်းဆိုရင် လက်မလေးနဲ့ တွန်းပြီးဖွင့်ရတဲ့ ခေါက်ဖုန်းလေး ကနေ Apple က ဖုန်းဆိုတာ ဒါမျိုးဆိုပြီး အပြားလေး ပြောင်း ၊ ဂု ဖုန်းပြားလေး ပြီးပြန်တော့ ခေါက်ဖုန်းကိုပဲ သံသယာ ပြန်လည် …

ကျွန်တော်ထင်တယ် ၊ ခေါက်ဖုန်းခေတ်များ တစ်ခေတ် ပြန်လည်ဦးမလား မသိ …

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း Apple ၊ ခေါက်ဖုန်းလေး တစ်လုံးနဲ့ ပတ်သက်ပြီး မူပိုင်ခွင့် ကျလာတယ် ၊ အခု Samsung ၊ ခေါက်ဖုန်းတဲ့ မူပိုင်ခွင့် ကျလာပြန်ရော … မူပိုင်ခွင့် တွေနဲ့ ပတ်သက်ရင်တော့ Apple က မူပိုင်ခွင့်တွေ တင်တင်ပြီး လက်တွေ့ မထုတ်ဖြစ်တဲ့ ပစ္စည်းတွေက ခပ်များများ ဖြစ်တာကတစ်ကြောင်း ၊ Samsung ကလက်ရှိမှာလည်း ခေါက်ဖုန်း ထုတ်ထားဖူးပြီး နာမည်လည်း ရနေတာက တစ်ကြောင်းမို့ ၊ ထုတ်ချင်းထုတ် Samsung ကပဲ အရင် ထုတ်ဖြစ်မလား မပြောတတ် …

ထွက်လာတဲ့ မူပိုင်ခွင့် အချက်အလက်တွေ ကိုလိုက်ပြီး အနောက်ဆြာကြီးတွေက ပုံတွေ ဖော်ကြတာတော့ ဒီလို …

blog-samsung-galaxy-x-1

အလယ်မှာက သာမာန် ပတ္တာလို မဟုတ်ပဲ Microsoft Surface Book လို အပျော့လေး ဆိုတော့ စိတ်ဝင်စားစရာလေးဗျ။ အဲ့ဒီ အပျော့လေးရဲ့ နောက်မှာ ကွေးနိုင်တဲ့ screen နဲ့ ဆိုတော့ ဖွင့်လိုက်ရင် ဟော …. လက်ရှိလို ဖုန်းပြားလေး ဖြစ်ပြီ ဆိုတော့ … ဆန်းပြီ လေ ၊

blog-samsung-galaxy-x-3

တစ်ဖက်ပြန်ကြည့်တော့ ဆန်းတာတော့ ဟုတ်တယ် ၊ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်မယ် ဆိုပါစို့ ၊ ပိုထူသွားလေမလား….

မှန်းဆသူတွေကတော့ Samsung က ၂၀၁၇ မှာထုတ်မယ် Galaxy X က ဒီလို ပုံစံ ဖြစ်နိုင်တယ် ဆိုပဲဗျ။ ရိုးအီနေတဲ့ smartphone design တွေနဲ့ ကွဲထွက်တာမျိုးဆိုရင်တော့ ငွေရေး ကြေးရေး တောင့်တင်းလာသော သကာလ ဝယ်သုံးမှပါလေ …. အဟက်ဟက်.. 😛 😀

Source: 9 to 5 Google

Leave a Reply

Your email address will not be published. Required fields are marked *