ဟောဒီမှာ iPhone ဗျိုး

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အဟမ်း …. သိတယ် ၊ သိတယ် ၊ ဟိုမှာ ၊ ဒီမှာ ဖတ်ပြီးလို့ iPhone 7 အကြောင်းတော့ Myanmar Lifestyle က မပြောပြခင် ကတည်းက သိပြီး နေပြီ ဆိုတာ … သို့ပေမယ့်လည်း နည်းနည်းတော့ ရေးစမ်းပျစေဦးဗျ …

iPhone 7 နဲ့ 6s နဲ့ ဘာကွာတုန်းလို့ ကျွန်တော့်လာမေးရင်တော့ အရောင်ကွာတာပေါ့လို့ပဲ အရင်ဖြေမိမှာ … ဟုတ်တယ်လေ … မျက်စိကျစရာ Jet Black လေး ၊ မဆီမဆိုင် Jack Black ကိုတောင် သွားမြင်မိသေး … 😛 😀

blog-iphone7-6

Jack Black မဟုတ်တဲ့ Jet Black ၊ က အနက်ပြောင်လေးဗျ။ အနက်ရောင်ကြိုက်တဲ့ သူတွေ အတွက်တော့ ကြိုက်ချင်စရာလေး။ ဖုန်းကိုယ်ထည်ရယ် ၊ button တွေရယ် ၊ screen ရယ် … အားလုံး ၁ သားတည်း ဖြစ်နေတယ်လို့ ခံစားရအောင် ၊ နက်ပြောင် အတုံးလိုက်လေး ဖြစ်နေမှာ ။ အဲ့ဒါလေးကတော့ ကျွန်တော့် အတွက် ဆိုရင် iPhone 7 မှာ အကြိုက်ဆုံး အချက်ကို ပြောပါဆိုရင် သူပဲလို့ လက်ညိုးထိုးပြရမှာ …

ပြောင်တာကို မကြိုက်တဲ့သူတွေ အတွက်လည်း Apple က Jet မပါတဲ့ ရိုးရိုး Black ကို ထုတ်သေးတယ်ဗျ။ အရင်က ကောလဟာလထွက်တဲ့ Deep Blue ဆိုတာကတော့ Myanmar Lifestyle က Cover ဝယ်တပ်မှပဲ ဖြစ်တော့မယ့် သဘောရှိပါတယ်။ ဟဲဟဲ …

blog-iphone7-7

ရှိစေတော့ ၊ နောက် iPhone 7 ကို ထူးခြားပြောင်မြောက်စေတယ်လို့ ကျွန်တော်ထင်မိတာကတော့ ဒီတစ်ခေါက် ပေါ်တင်ကြော်ငြာလိုက်တဲ့ IP67 Water Resistance ပဲ ဖြစ်မယ်လို့ ကျွန်တော်တော့ မှန်းတယ်ဗျ။ အခု နောက်ပိုင်း ကျွန်တော် ခရီးသွားရင် စဉ်းစားမိတယ် ၊ မိုးရွာနေတဲ့ ကြားထဲ မြေပုံလေး ကြည့်ချင် မိတာ ၊ စိုစိုစွတ်စွတ်ဖြစ်နေပေမယ့် ၊ မျက်စိထဲမှာက ဒီမြင်ကွင်းလေးကို ဓာတ်ရိုက်ပြီး Instagram ထဲက ဟို filter နဲ့ဆိုရင် ဒီ ပုံလေး ဘယ်လောက် ကောင်းလိုက်မလဲ တွေးနေမိတာ ၊ ကန်စပ်မှာ selfie ရိုက်မယ် ဆိုပြီး ဂိုက်ပေးကြမ်းရင်း ကန်ထဲ ပြုတ်ကျတာ ၊ ရေချိုးပါမယ် ဆိုမှ အရေးကြီးဖုန်းလာစရာ ရှိလို့ မချိုးပဲ စောင့်ရတာ …. စသဖြင့် စသဖြင့် ပေါ့လေ ပိုက်ဆံ မပေးရတိုင်း လေ ျှာက်တွေးမိတော့ ဖုန်းဆိုရင် အခုခေတ်မှာ ရေစို ခံမှ ဖြစ်မယ်လို့ အင်မတန် ဉာဏ်ပညာ ကြီးမားစွာ တွေးမိတယ် ခင်ဗျ … ဟက်ဟက် ..

ဒါကြောင့် ဒီ Jet Black ဖြစ်တာရယ် ၊ ရေစိုခံသွားတာရယ်က iPhone 7 ရဲ့ ရောင်းအားကို တွန်းပို့မယ့် ကိစ္စရပ်တွေ ဖြစ်လာမယ်လို့ စဉ်းစားမိပါတယ်။ Note 7 မီးထ လောင်တာလည်း အပါအဝင်ပေ့ါလေ … 😛 😀 ဒါနဲ့ စကားမစပ် ၊ နိုင်ငံခြားလေကြောင်းလိုင်း တချို့က သူတို့ ခရီးသည်တွေ ထဲမှာ Note 7 သုံးတဲ့ သူပါရင် လေယာဉ်စီးနေတုန်း မသုံးဖို့ တားမြစ်တယ် ဆိုတဲ့ သတင်းလည်း မနေ့က ဖတ်မိလိုက်သေး…

blog-iphone7-11

ဒါနဲ့ iPhone 7 က ရေစိုခံတယ်ဆိုလို့ ၊ ရေထဲနှစ်ပစ်ထားလို့တော့ မဖြစ်ဘူး ဆြာတို့ ၊ ဆြာမတို့ …. IP67 ဆိုတဲ့ အတွက်ကြောင့် 3.2 ပေမှာ မိနစ် 30 ပဲရမယ် ၊ သဘောက ခရီးသွားဟန်လွဲ ရေထဲ ပလုံဆိုုကျ ၊ ချက်ချင်း ကောက်ဆယ် ၊ သွားရင်းလာရင်း မိုးစို ၊ ရေကူးကန်ဘောင်မှ စတိုင်လေးနဲ့ ဖုန်းကို တင်ထား … စသဖြင့် ၊ သဘောရှိ လောက်သာ ရပါမယ်ဗျာ ။ နော် …

blog-iphone7-1

iPhone 7 နဲ့ 7 Plus မှာ မဟာကွာခြား သွားတဲ့ မဟာ ကွာခြားချက်ကတော့ screen size အပြင် ၊ 7 Plus မှာ RAM က 3GB ဖြစ်ပြီး 7 မှာတော့ 2GB ပဲ ပါတယ်ဗျ။ ဒါကတော့ တွေ့တယ်ဟုတ် …. 7 နဲ့ 7 Plus ဆိုရင် 7 Plus မှာက ကင်မရာတန်းလေး ၊ 7 မှာကတော့ ရိုးရိုး အဝိုင်းလေး …

ပြောရဦးမယ် ၊ လွန်ခဲ့တဲ့ ၄ ၊ ၅ လ လောက်က leak ဖြစ်လာတဲ့ ဒီ iPhone ပုံမှာ ပါတဲ့ ကင်မရာတန်းလေးက ခု ကင်မရာတန်းလေးနဲ့ မဆို သလောက်ပဲ ကွာတယ် ။

blog-iphone-7-leak-2

အဲ့တုန်းကများ ပြောလိုက်တာ စုံလိုု့ … အဲ့လို အရူးဒီဇိုင်းကို Huawei ပဲ ထုတ်မယ် ဆိုတဲ့ ရွှေမြန်မာ ရဲ့ ရွှေပန်းသီး ပရိသတ်များလည်း ရှိသေး ။ ဂုကျ ဘယ့်နယ် ရှိစ … အဲ့လိုပဲ ဘုထွက် အတန်းလေး ပဲ … 😛 😀

blog-iphone7-8

ဘုတော့ ဘုပဲ ၊ သို့ပေမယ့် ၊ သူက အချာပင် ဘု တော့ မဟုတ်ဘူးဗျ။ သူ့မှာ 12 megapixel ကင်မရာ ၂ လုံးပါတယ်။ လုပ်ဆောင်ချက်ကတော့ ကျွန်တော် နားလည် သလောက် ဆိုရင် zoom ဆွဲတဲ့ အခါ software zoom မဟုတ်တော့ပဲ ၊ pro camera တွေလို lens နဲ့ ဆွဲတဲ့ zoom ဖြစ်သွားလို့ ပို သဘာဝ ကျမယ် ၊ နောက် pro တွေလိုပဲ subject ပဲ ကြည်ပြီး နောက်ဝါးတဲ့ ကိစ္စမျိုးတွေ ရိုက်လို့ ရမယ် ၊ စသဖြင့်ပေါ့လေ။ ဒါလည်း ဓာတ်ဆရာတွေ ပိုနားလည်လို့ မှားတာ ၊ ဖြည့်စွက် ချင်တာရှိရင် ကျေးဇူးပြုပြီး comment လေးနဲ့ မစ ပါဦး ခင်ဗျ။

blog-iphone7-2

iPhone ရဲ့ ကင်မရာမှာ အရင်ကထက် ထူးသွားတာက 7 ရော 7 Plus ပါ Optical Image Stabilization ပါလာတယ်။ ဒါကြောင့် လက်တုန်ခြေတုန် ဓာတ်ရိုက်တဲ့ အခါ မတုန်မလှုပ် အမှန်ကိုဟုတ်တဲ့ ကြည်တောက်ရှင်း ပုံရိပ်များကို ဖန်တီးလာနိုင်မှာပါ။ အရင်ကတည်းက ပါတာလို့ ရွှေပန်းသီးတွေက ပြောဦးမယ် 😛 😀 အရင်က Plus တွေမှာပဲ ပါပြီး မPlus တွေမှာ မပါခဲ့ကြောင်းပါဗျာ ဟဲဟဲ …

ပြီးတော့ ကိုယ်ပုံကို လှတပတ အမြဲရိုက်တဲ့သူတွေ အတွက်လည်း ဝမ်းမြောက်ဖွယ် … အရင် 5 megapixel အစား အခု 7 megapixel front facing camera ဖြစ်သွားပါပြီဗျာ။ နောက်ဖက်ကင်မရာနဲ့ ညဖက်မှာ အမုန်းတွေဆွဲတတ်တယ် ဆိုသူများလည်း ဝမ်းမြောက်ဖွယ်ပါ။ အရင်က Dual LED flash အစား ၊ ဂုုက ၂ ဆ Quad LED flash နဲ့ ဖြစ်သွားပါပြီဗျာ။

ကျန်တဲ့ထဲမှာထူးခြား ပြောင်မြောက်တဲ့ ဖန်တီးမှုကတော့ Stereo Speaker စနစ် ဖြစ်သွားတာပါ။ အရင်လို ဖုန်းအောက်ဖက် ၊ charging port နားက speaker ပိစိ လေးကပဲ အသံထုတ်ပေးတာ မဟုတ်တော့ပဲ ၊ အဲ့ဒီ ပိစိ က တစ်ဖက် ၊ ဖုန်းရဲ့ အပေါ် ၊ ဖုန်းပြောရင် တဖက်သူ အသံကြားရတဲ့ earpiece က တစ်ဖက် ၊ ၂ ဖက် အသံ ထုတ်ပေးမှာမို့ ၊ iPhone ထဲမှာ ပထမဆုံး stereo system နဲ့ အသံထုတ်ပေးတဲ့ iPhone ဖြစ်လာ ခဲ့ပါပြီ။ ဒါကြောင့် တဗွေတည်းပဲ နားထောင် နားထောင် ၊ သူများနဲ့ တူတူပဲ ပါတီပေးပေး ၊ ပိုပြီး တောက်ပတဲ့ အသံတွေ အတွက် stereo sound နဲ့ ငြိမ့်မယ်ဆိုလည်း ငြိမ့်နိုင်ကြောင်းပါ။

blog-iphone7-9

အသံနဲ့ ပတ်သက်လို့တော့ အင်မတန်မှ လွန်ဆွဲနေတဲ့ earphone port ကို ဖြုတ်လိုက်ပါပြီ။ သူ့မှာ သာမန် earphone jack နဲ့ headphone တွေ သုံးဖို့ converter ကို ဝယ်ရင် တပါတည်း ပါလာမှာမို့ ၊ အလုပ်နည်းနည်းရှုပ် ၊ သွားလေရာ converter ပါ ထည့်ရတာကလွဲရင်တော့ ကျန်တာ ပြသနာ မရှိပြန်ပါဘူးပေါ့လေ။

blog-iphone7-3

iPhone 6 / 6s / 7 မှာ အရွယ်အစား ကွာသလားဆုုိတာတော့ စိတ်ဝင်စားသူ အတော်နည်းသားဗျ။ ကျွန်တော်တုုိ့တော့ cover ရောင်းတဲ့ သူတွေ ဆိုတော့ compatible ဖြစ် ၊ မဖြစ် သိဖို့လိုတော့ လေ့လာထားတာလေး ပြန် share ရရင် Phone Arena ကတော့ ဒီလိုကြီးကို ရှင်းရှင်းကြီး ပြထားပါတယ်ဗျာ။

blog-iphone7-4

iPhone နဲ့ပတ်သက်လို့ ရေးမယ် ဆိုရင်တော့ တော်တော်ကျန်သေးတယ်ဗျ။ Specification တွေလည်းရှိသေးပေမယ့် ၊ ဒါလည်း တခြားနေရာတွေမှာ ဖတ်ထားပြီးပြီ ထင်လို့ မရေးတော့ဘူးခင်ဗျ။ အကြာကြီးဖတ်ရရင်လည်း ငြီးငွေ့တယ်လေ ၊ ကိုယ်ချင်းစာပါတယ်။ စာဖတ်တဲ့ နေရာမှာ ဝရိယ ရှိသူချင်းတူတူ မြွေမြွေချင်း ခြေမြင် ပါတယ် ။ 😛 😀 နောက် Apple က ထုတ်တဲ့ wireless earpod နဲ့ ပတ်သက်ပြီး အင်မတန် ရယ်ရတဲ့ ကိစ္စတွေလည်း ရှိသေးပါသေးတယ်။ နောက်ရက်တွေမှပဲ ထပ်ပြီး လှော်ပါဦးမယ်ဗျာ။

blog-iphone7-10

iPhone နဲ့ ပတ်သက်လို့တော့ လောလောဆယ် သူတို့ preorder ယူနေပြီး ၁၆ ရက်မှာ စရောင်းမှာပါ။ US က စျေးတွေကတော့ iPhone 7 ကို 32GB ($649), 128GB ($749), 256GB ($849) ၊ iPhone 7 Plus ကို 32GB ($769), 128GB ($869), 256GB ($969) ပါ။

ကဲ… အိတ်များ ပါးစေသတည်း …. 😀 🙂

Source: Mashable, Phone Arena, YouTube various clips
Photo: Apple

Leave a Reply

Your email address will not be published. Required fields are marked *