ကိုဓာတ်မင်းရဲ့ရိုက်ချက်သစ်

မယ်စူးစမ်း – ဟဲလို … ဟဲလို … ကိုဓာတ်မင်း … ခုဏက အခန်းထဲမှာ အလင်းရောင်တွေ တဖျတ်ဖျတ် လက်နေတယ်နော်။ ပြော .. ဘယ်မော်ဒယ်မ လေးကို ဓာတ်ဖမ်းပေးနေတာလဲ

ကိုဓာတ်မင်း – အမလေး … ပေးတဲ့ဆုနဲ့အမြန်ပြည့်လို့ မာ်ဒယ်မလေးတွေနဲ့ မြန်မြန်နီးရပါစေ … ဟက်ဟက် 😁

ကိုဗစ်ပထမ တစ်ခေါက်မထကြွခင်လေးက ရောက်ထားတဲ့ Naturehike ပစ္စည်း အသစ်တွေရှိတယ်ဗျ။ ကြာတော့ ကြာနေပြီ။ တခြား ပစ္စည်းတွေကို ဦးစားပေးနေရလို့ အခုမှပဲ ဒီ ပစ္စည်းတွေဖက်လှည့်နိုင်တော့တာ

ဒီမှာ လတ်လတ်ဆတ်ဆတ် ပုံတွေကြည့် ….

wow … အလန်းလေးပဲ

ဟုတ်တယ်ဗျ။ အခုထိ ကျွန်တော်တို့ဆီမှာ ရှိတဲ့ waterproof bag တွေက ကျောပိုးအိတ်လို နောက်လွယ်တွေပဲလေ။ ဒါလေးက ဘေးလွယ် ဆိုတော့ ခရီးသွားမှရယ် မဟုတ်ဘူး ၊ မိုးတွင်းလိုမျိုး ဟိုသွားဒီသွား သုံးဖို့တောင် အဆင်ပြေတယ်။

ဒီမှာ အနက်ရောင်လေးလဲ ရှိတယ်

ဒီ အနက်ရောင်လေးဆိုရင် မိုးတွင်းမှာ laptop ထည့်ပြီး ရုံးလာတက်ရင်တောင် အဆင်ပြေမယ့် အနေအထား ရှိတယ်နော်

ဟုတ်တယ်… design က formal ရော casual ပါ အဆင်ပြေမှာ

ကျွန်တော် သိသလောက်တော့ အရောင်က ၂ ရောင် ၊ size က ၂ မျိုး ရှိတယ်ဗျ။ ကျွန်တော်မြင်ရသလောက်တော့ ဂွတ်ရှယ်ပဲ။ အကယ်လို့များ ခရီးသွားတာတို့ ဘာတို့ဆို ရေစိုဝတ်နဲ့ မထိချင်တဲ့ ပစ္စည်းတွေအတွက် အထဲမှာ ဒီလို dry pocket သီးသန့်တောင် ပါသေး။

တစ်ခုပဲ …

.. ဟင်… မကောင်းတာ ဘာရှိလို့လဲ …

Covid နဲ့ ခရီးတွေ သွားလို့ မရသေးဘူးလေဗျာ 😂

ဒီ waterproog bag ရဲ့ detail တွေကိုတော့ website ပေါ် မကြာခင်တက်လာတော့မှပဲ ကြည့်တော့ဗျို့ ၊ ခုတော့ editing လုပ်ဖို့ သွားလိုက်ဦးမယ်… see ya.

[space ]

Recommendations for you