မောင်မြန်မာ ခိုက်နေတဲ့ LG Wing

မောင်စပ်စု – ဗျို့ … ခုထိ Samsung Galaxy S6 ကိုင်နေတုန်းလားဗျ

မောင်မြန်မာ – ဟုတ်တယ်လေ။ ကျွန်တော့်တွက် ဖုန်းက ဖုန်းပြောဖို့ နဲ့ သီချင်းနားထောင်ဖို့ပဲ လိုတာဆိုတော့

မောင်စပ်စု – ဒါပေမယ့် ကြာနေပြီလေဗျာ။ ဖုန်း အသစ်တစ်လုံး လဲချင်စိတ်မရှိဘူးလား ပြော …

ရှိတယ် ၊ အလကား ရမယ် ဆိုရင် 😜

ကဲ ၊ ပြောကြည့်

LG Wing 😁

ကျွန်တော် LG Wing ကို စိတ်ဝင်စားနေမိတယ်ဗျ။ သာမန်ဖုန်းတစ်လုံးလိုပဲ ထင်ပြီး review လေး ကြည့်မိရာကနေ စွဲလမ်းသွားတာ

LG Wing, Mobile

အမြင်အားဖြင့် လက်ထဲ ကိုင်ထားရင် သာမန်ဖုန်းတစ်လုံးထက် ပိုထူတယ်လို့ မခံစားရဘူး၊ ဒါမေယ့် သူက screen ၂ ထပ်မို့ အပေါ်တစ်ထပ်ကို တွန်းလိုက်ပြီး landscape လုပ်လို့ ရမယ်။

လုပ်လို့ရတာ အများကြီးထဲမှာမှ ကျွန်တော် သဘောကျတာက –

YouTube လို Netflix လို entertainment တွေ ကြည့်ရင် ကျွန်တော်ကောတ့ ဖုန်းကို lanscape ကိုင်ပြီး ကြည့်ရတာထက် phone ကို phone အတိုင်း ကိုင်ကြည့်ရတာ ပိုသဘောကျတယ်။ အခု LG Wing ဆိုရင် ကျွန်တာ် သဘောကျသလိုလဲ portrait ကိုင်ထားလို့ရမယ်။ မြင်ကွင်းကလဲ အပြည့်မြင်ရမယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး ၊ YouTube ရဲ့ controller တွေက သီးသန့် အောက်ဖက်မှာ ပြနေမှာမို့လို့ ကျော်မယ် ၊ ပြန်ရစ်မယ် စတာတွေလုပ်ရင် ပြနေတာကို မရှုပ်ပဲ remote တစ်ခုလို လုပ်လို့ရမယ်။ ဒါကတော့ အကြိုက်ဆုံး။

နောက်တစ်ချက်က video ရိုက်ရင် ဖုန်းကို landscape နဲ့ကိုင်ပြီး လှုပ်လှုပ်ရှားရှား ရိုက်စရာ မလိုတော့ပဲ ကိုင်မြဲအတိုင်း portrait နဲ့ ကိုင် ၊ အထက် အောက် ၊ ဘယ်ညာ စသဖြင့် ရွေ့မှာကို controller နဲ့ ရွေ့လို့ရတော့ gimbal (stabalizer) ကိုသုံးပြီး ရိုက်သလို ဖြစ်သွားမယ်။ တဖက်မှာ ပိုပြီး ငြိမ်တဲ့ ရုပ်သံတွေ ရမယ်ပေါ့။

နောက်ထပ် ဘာကြိုက်သေးလဲ ဆိုရင် ဥပမာကားမောင်းရင်း navigation map ကို ဖွင့်ထားတယ် ဆိုပါစို့ ၊ နားထောင်နေတဲ့ သီချင်းကိုလဲ ကျော်ချင်တယ် ဖြစ်လာရင် ပုံမှန်ဆိုရင် app ကို ပြောင်း ၊ လုပ်ချင်တာ လုပ် ၊ map ကို ပြန်ဖွင့် စသဖြင့်လုပ်ရမယ်လေ။ ဒီ LG Wing မှာတော့ map ကို portrait နဲ့ဖွင့်ထား ၊ ဘေးမှာ music နဲ့ ပတ်သက်တဲ့ control ကို landscape နဲ့ ဖွင့်ထားလိုက်ရုံပဲ။ ပို အဆင်ပြေလာတယ်ပေါ့။

Specification တွေ ဘာတွေတော့ အတိအကျ မပြောတော့ဘူး။ သိချင်ရင်တော့ ရှာဖတ်ကြည့်။ 😅 ဈေးကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ဆိုတော့ အခု high end ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် များလွန်းတယ်လို့တော့ ပြောလို့ မရလောက်ပါဘူး။

ဒါဆိုလဲ ရောက်လာရင် ပြောင်းသုံးပေါ့

ရော… ပြောပြီးပါရော ၊ အလကား ပေးရင် သုံးပါမယ်ဆို။ Covid-19 နဲ့ လခတောင် အပြည့်မရ ရတဲ့ ကြားထဲ …. 😂 ကဲ အလုပ်စားပွဲကို ပြန်ဒိုးလိုက်ဦးမယ်ဗျို့ ။ Full review ကြည့်ချင်တယ်ဆိုရင်တော့ ဒါလေးကြည့်ကြည့်

[space ]

Recommendations for you