Excel ၂ ခု ဘယ်လိုဖွင့်

မမြှင့်တင် – ဖန်တီးကို တွေ့တာနဲ့ အတော်ပဲ ၊ မေးချင်တာ ရှိလို့

ခုဏက ကိုမြန်မာရဲ့ အလုပ်စားပွဲဆီ ခဏရောက်တော့ ဆရာလေးက Excel ကို monitor၂ လုံးလုံးမှာ ဖွင့်ပြီး သုံးနေတာရော။ ဟိုဖက် ဒီဖက် ကြည့်ပြီး သုံးတော့ အလုပ်တွင်တာပေါ့။ သူ့စက်က Mac မို့လား မသိဘူး အမ ရဲ့ Windows စက်မှာကျ monitor နှစ်လုံးမှာ Excel နှစ်ခု ပြိုင်ဖွင့်လို့မရဘူး …

ကိုဖန်တီး – အော်ဟုတ်တယ်ဗျ။ Mac မှာတော့ လွယ်လွယ် လုပ်လို့ရပေမယ့် Windows က နည်းနည်း ထွေးတယ်။ ၂ ခု ပြိုင်ဖွင့်ချင်ရင် ဒီလိုလုပ်

ပထမဆုံး ၊ ဖွင့်ချင်တဲ့ Excel ဖိုင် တစ်ခုကို ဖွင့်လိုက်ပြီး ထားချင်တဲ့ monitor ဆီ ဆွဲရွေ့ထားလိုက်

ပြီးရင် monitor အောက်ခြေမှာ ရှိနေတဲ့ task bar မှာပေါ်နေတဲ့ Excel icon ကို keyboard ပေါ်က Shift လေးဖိပြီး click တစ်ချက် နှိပ်လိုက်

ဒါဆိုရင် Excel ၂ ခု ပွင့်လာလိမ့်မယ်။ ဟုတ် ၊ မဟုတ် သိရအောင် task bar ပေါ်က Excel icon ပေါ် mouse လေး တင်ကြည့်လိုက် ၊ ပထမဖွင့်ထားတဲ့ Excel file ရယ် ၊ Book 1 ဆိုတာရယ် ဖြစ်နေလိမ့်မယ်။

အဲဒီ Book 1 ကို click နှိပ် ၊ ပွင့်လာတဲ့ Excel Windows အသစ်ကို တဖက် monitor ပေါ် ဆွဲရွေ့

ပြီးရင် Excel Windows အသစ်မှာ File ထဲက Open နဲ့ ဖွင့်ချင်တဲ့ file ကို ရွေးပြီး ဖွင့်လိုက်ရင် Mac မှာလိုပဲ ဘယ် ၊ ညာ monitor ၂ လုံး မှာ Excel ၂ file ရပါပြီဗျာ။

ဒီမှာ အရေးကြီးတာက အသစ်ပွင့်လာတဲ့ Book 1 ကို သုံးချင်တဲ့ monitor ပေါ် ဆွဲရွေ့ပြီးရင် File ထဲက Open ကနေတဆင့်ပဲ ဖွင့်ချင်တဲ့ file ကို ဖွင့်ဖို့ပဲ။ အဲ့လိုမှ မဟုတ်ပဲ အပြင်ကနေ file ကို double click လုပ်ပြီး ဖွင့်ရင်တော့ monitor ၁ လုံးထဲမှာပဲ သွားကပ် နေလိမ့်မယ်။

စမ်းကြည့်ဗျာ။

မြန်မာပြည်ကြီး Good luck 😆

[space ]

Recommendations for you