Note 7 နောက်ကျမယ် ဆိုလား ….

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ရှှို့မီး …. လို့ ပြောရင်လည်း ခံရဦးမှာ။ ပြောပါစေဦး ၊ Samsung ရဲ့ Note 7 မှာ ပြသနာ အနည်းအကျဉ်းတော့ ရှိနေတာ အမှန်ပဲဗျ။

blog-note-7-shipment-delay-1

မနေ့မနက်က ထွက်လာတဲ့ သတင်းက Note 7 shipment မှာ နှောင်းနှေးမှုတွေ ရှိမယ် ဆိုတဲ့ သတင်း ။ ဒီ သတင်းနဲ့ ပတ်သက်ပြီး Reuters က Samsung ကို ဆက်သွယ် ရာမှာတော့ quality control တွေ ပိုလုပ်မှာ မို့ အခုလို နောက်ကျမယ် ၊ နောက်ကျမှာတော့ သေချာတယ် လို့ အတည်ပြု တယ်ဆိုပဲ။

Samsung ရဲ့ quality control ဆိုတဲ့နောက်ကွယ်မှာ ၊ ဒီ ရက်ပိုင်း ကွန်ယက်ပေါ် တက်လာနေတဲ့ ဒီလို ပုံတွေနဲ့ ကျိန်းသေ ပတ်သက်နေမယ်လို့ ဆြာကြီး ၊ ဆြာမကြီး များက ခန့်မှန်းကြတယ်ခင်ဗျ။

blog-note-7-shipment-delay-2

ဟုတ်… Note 7 အသစ်တွေက ပေါက်ကွဲမှု အသေးစားလေးတွေ ဖြစ်ကုန်တာပါ။

blog-note-7-shipment-delay-3

ဘယ်နှယောက်လောက် ပေါက်ကွဲ နေလည်း မပြောတတ်ပေမယ့် ၊ သတင်းကတော့ နည်းနည်း ကျယ်ပြန့်နေတဲ့ ကိန်း ရှိပါတယ်။

ဒီလိုနဲ့ပဲ ဒီမနက် နောက်ထပ် သတင်း တစ်ပုဒ် တက်လာပြန်တယ်ဗျ။ ဒါကတော့ Samsung က Note 7 တွေကို recall လုပ်မယ် ၊ ပြန်သိမ်းမယ် ဆိုတဲ့ ကောလဟာလပါ။ ဒါအမှန်တကယ်ပဲ ဖြစ်မလား ၊ သတင်းလွှင့်တာလားကတော့ စောင့်ကြည့်ရမယ့် သဘော ရှိပေမယ့် ၊ သေချာတာကတော့ Note 7 ရဲ့ ရောင်းအားကို အနည်းနဲ့ အများ ထိခိုက်မှှု ရှိလာနိုင်တာပါ။

ပိုဆိုးတာက Apple ကလည်း ရ ရက်နေ့ ကျရင် အသစ် ချပြတော့မှာကိုး … အဟက်ဟက် …

ဘယ်လိုပဲ သုံးသပ် ၊ သုံးသပ် ၊ Note 7 က အကောင်းဆုံးဆိုတဲ့ ဖုန်းတွေထဲမှာ ပါတာတော့ အမှန်ပဲဗျ။ Note 7 ဟာ ကြီးမားတဲ့ ဘက်ထရီရယ် ၊ နေရာပုတ်တဲ့ S-Pen ရယ် ထည့်ထားရတောင်မှ ကျန်တဲ့ နေရာအသေးလေးမှာ ဒီလို powerful ဖြစ်တဲ့ ပစ္စည်းတွေ ထည့်ထားနိုင်တာ အ့ံမခန်းပါ ဆိုပြီး PhoneBuff က ဒီပုံလေးနဲ့ သရုပ်ပြလေရဲ့ ….

အဲ့ဒါကြောင့် ပြောတာ ၊ နည်းပညာ ဂုရုတွေများ ယုံကို မယုံရဘူး ဆိုတာ ၊ သူပဲ ဟိုတပတ်တုန်းက iPhone 6s နဲ့ Note 7 ကို speed test လုပ်ပြီး ဟိုပြော ဒီပြော ပြောထားတာ ….

ပြောပါတယ် … နည်းပညာ ဂုရုုတွေများ ရှို့မီးကျွမ်းပါတယ်လို့ … Myanmar Lifestyle ကတော့ ရှို့တာ မဟုတ်ဘူးနော် ၊ လေပင့်ပေးရုံပဲ …. 😛 😀

အော် … ဒါနဲ့ ပြောပြ ရဦးမယ်ဗျ။ လွန်ခဲ့တဲ့ ၅ နှစ် ၊ ဒီရက်ပိုင်း (အတိအကျက Sep 1 များဖြစ်မလား) မှာ Samung က ” ဒါကိုပဲ…. Phablet လို့ ခေါ်တယ်” ဆိုတဲ့ ဂျီလတ်ရဲ့ သီချင်းစာသားလေး နဲ့ ဖတ်ရင် ပိုအရသာ ရှိတဲ့ ၊ Note 1 ကို ချပြခဲ့တာ 😛 😀

ပြန်ပြောင်းအောင်မေ့လို့ ရအောင် …. ဒီလို ပုံလေးပေ့ါ …. 😀 🙂

UPDATE: သတင်းက confirm ဖြစ်သွားပြီတဲ့ ခင်ဗျ။ Samsung က ရောင်းပြီးသား Note 7 တွေကို recall လုပ်တော့မှာပါ။ အတိအကျကို ထပ်ပြီး ပြောပြပါဦးမယ်ဗျာ။

blog-note-7-shipment-delay-5

Source: CNet, Digital Trends, PhoneBuff

Leave a Reply

Your email address will not be published. Required fields are marked *