Note 7 နဲ့ iPhone 6s အားပြိုင်ကြရာဝယ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောလို့ ပြောတာမဟုတ်ဘူး ၊ တက်ကနောလောဂျီ ဂုရုတွေကလည်း ရှို့မီး ရှို့ရာမှ အတော်ကျွမ်းကျင်ကြတယ်ဗျ။ ဂုလည်း သူ့ဖာသာသူ နေရင် အကောင်း ၊ iPhone နဲ့ Note 7 နဲ့ ဘယ်သူသာသလဲ စမ်းကြပြန်ရောဗျ။

ဒီတစ်ခေါက် စမ်းကြတာတော့ speed test ခင်ဗျ။ iPhone 6s နဲ့ Note 7 ကို ယှဉ်ပြီး app ၁၄ ခု ဆက်တိုက်ဖွင့်ရာမှာ iPhone က ၁ မိနစ် ၂၁ စက္ကန့်မှာ ပြီးပေမယ့် ၊ Note 7 ကတော့ ၂ မိနစ်နဲ့ ၄ စက္ကန့် ကြာတယ် ဆိုတဲ့ ကိစ္စ ရှိလာပါတယ်။

blog-speed-test

iPhone 6s နဲ့ Note 7 ကို specification အရ ကြည့်ရင် iPhone 6s က ၁ နှစ်သားရှိပြီဖြစ်တဲ့ processor ၊ ပိုနည်းတဲ့ 2GB RAM ရှိနေပေမယ့် Note 7 ထက် ပိုမြန်အောင် စွမး်ဆောင်နိုင်နေတာပါ။

သို့ပေမယ့်လည်း Note 7 ရဲ့ SPen လုပ်ဆောင်ချက်တွေ၊ split screen ကိစ္စတွေတော့ iPhone မှာ မရဘူပေါ့လေ။ နောက်တစ်ခုကလည်း အပြင်မှာ အမှန် တကယ် သုံးကြေး ဆုုိရင် ဘယ်သူမှတော့ app ၁၄ ခု ကို တလစပ် မဖွင့်တာကြောင့် real world experience တွေမှာ iPhone 6s က ပိုသာမယ် ၊ Note 7 က ပိုသာမယ် ဆိုတာ ကိုတော့ ဒီ စမ်းသပ်မှုလေးနဲ့တော့ တရသေ ပြောလို့ မရပြန်ဘူး ခင်ဗျ။

iPhone ရဲ့ အားသာချက်ကတော့ hardware ရော software ပါ သူတို့ ကိုယ်ပိုင်ဖြစ်တဲ့ Steve Jobs ရဲ့ မူကြောင့် specification ချင်းတူတူမှာ အမြဲအားသာ နေရတာတော့ အမှန်ပဲဗျ ..

Myanmar Lifestyle ကတော့ ရှို့မီး ရှို့တာ မဟုတ်ဘူးနော် ၊ သူများ စမ်းထားတာကို ပြန်ပြောပြတာ … 😛 😀 ကိုယ်တိုင်ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်

[youtube video_id=”3-61FFoJFy0″ width=”0″ height=”0″ ]

Source: PhoneBuff [YouTube] via The Next Web

Leave a Reply

Your email address will not be published. Required fields are marked *