၇ ရက်နေ့ဆို ၊ ဂယ်သိရပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကဲ ၊ ဟိုလိုလို ၊ ဒီလိုလို သတင်းတွေ ကိစ္စတုံးဖို့ ဖြစ်လာပါပြီ။ Apple က မနေ့ (တနင်္လာနေ့) ကပဲ iPhone အသစ်ချပြမယ့် ပွဲ အတွက် ဖိတ်စာတွေ ပို့ပေးလိုက်ပါပြီ။ September ရ ရက်နေ့ပါ။

blog-appleinvite

See you on the 7th ဆိုတော့ ဟိုနေ့ သတင်းထွက်ထားတဲ့ 6SE ဆိုတာမျိုး မဟုတ်ပဲ iPhone 7 လို့ပဲ နာမည် ပေးမယ်လို့တော့ မှန်းရတာပဲ ခင်ဗျ။ iPhone 7 ကိုမှ 7 ရယ် ၊ 7 Plus ရယ် ၊ 7 Pro ရယ် ဆိုလား ၃ မျိုး ထွက်မယ် ဆိုတဲ့ သတင်းကလည်း ရှိသေး။ အဲ့လိုမှ မဟုတ်ပဲ 7 ရယ် ၊ 7 Plus ရယ် ၊ 6SE ရယ် များ ဖြစ်လေ မလား လို့လည်း တွေးမိသေး …

လောလောဆယ် သေချာသလောက်ရှိတာကတော့ iPhone 6 / 6s တို့နဲ့ အပြင်ပိုင်းမှာတော့ ဘာမှ မကွာခြားအောင် တူမယ် ဆိုတာကတော့ လက်ရှိ စျေးကွက်ထဲမှာ စရောင်းနေတဲ့ iPhone 7 cover တွေကိုပဲ သက်သေ လုပ်ရတော့ မလား မပြောတတ်ဘူး ခင်ဗျ။

iPhone 7 မှာ screen size ကြီးတဲ့ 7 Plus လား Pro လား ၊ အဲ့ ၁ မျိုးမှာတော့ dual lens ဖြစ်မယ် ဆိုတဲ့ ကောလဟာလကလည်း လည်ပတ်ဆဲပါ။ 7 ဖြစ်ဖြစ် ၊ 7 Plus ဖြစ်ဖြစ် ၊ 7 Pro ဖြစ်ဖြစ် ၊ ဓာတ် ရိုက်တဲ့ အခါ ဓာတ်ကောင်း ထွက်ဖို့တော့ အားလုံးမှာ Optical Image Stabilization ပါမယ်ဆိုတဲ့ သတင်းလည်း ရှိသေး… (6 နဲ့ 6 Plus တုန်းက 6 Plus မှာပဲ Optical Image Stabiliztion ပါလာတာပါ)

နောက် စိတ်ဝင်စားနေတဲ့ သတင်းကတော့ ဂယ်ကြီးပဲ headphone port ကို လက်ရှိ သုံးနေတဲ့ ၃.၅ မီလီမီတာ ခေါင်းအစား ၊ အားသွင်းတဲ့ charging port တစ်ခု တည်းမှာပဲ အကုန်သုံးတော့မလား ဆိုတာပါ။

သိပ်လည်း လိုမှ မလိုတော့တာဆိုတော့ ၊ ရ ရက်နေ့မှပဲ ဂယ်ကြီးတွေ စောင့်ကြည့်ရုံမှ တပါး အခြားမရှိ။ ရ ရက်နေ့ 10a.m PT ဆိုတော့ မြန်မာ စံတော်ချိန် ည ၁၁း၃၀ မှ စမှာပါဗျာ။

See you on the 7th 😛 😀

(ဒါနဲ့ Apple ပွဲဖိတ်တဲ့ official invitation ဒီဇိုင်းက နည်းနည်း ပိန်းတယ်လိုများ မယူဆမိဘူးလား မသိ … ဟက်ဟက် 😛 😀 )

Source: CNet

Leave a Reply

Your email address will not be published. Required fields are marked *