iPhone 7 မှာ Optical Image Stabilization ပါမယ် ဆိုလား မသိ

blog-iPhone67Camera-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီရက်ပိုင်းကတော့ အတွင်း ကလီစာတွေ ရှုမြင်ရတဲ့ ကာလ လားတော့ မပြောတတ်ဘူးဗျ။ ဟိုနေ့ကပဲ iPhone 7 မှာ fast charging ပါမယ် သတင်းထွက်ပြီး ၊ ဒီနေ့ကျတော့ iPhone 7 မှာ Optical Image Stabilization ပါမယ် ဆိုတဲ့ သတင်းထွက်လာပြန်ပါတယ်။

iPhone 6 နဲ့ 6 Plus မှာ 6Plus ရဲ့ ကင်မရာက Optical Image Stabilization ပါလို့ ပိုပြီး ကြည်တောက်ရှင်း ဖြစ်တယ်လို့ ခံစား ရတယ် ဆိုရင် iPhone 7 ကျရင် 7 နဲ့ 7 Plus လား Pro လား မခွဲခြားတော့ပဲ အားလုံးမှာ Optical Image Stabilization ထည့်ပေမယ့် သဘော ရှိလာတယ်ဗျ။

ဟောဒီမှာ ထွက်လာတဲ့ အတွင်းကလီစာပုံ … ကိုယ်တွေလည်း နည်းပညာဂုရုုတွေ မဟုတ်တော့ ၊ ဒီတစ်ခါလည်း အဲဒါကြည့် ဆိုတော့လည်း အင်း … အင်း လုပ်ရပြန်တာပေါ့လေ….

blog-iPhone67Camera-2

ပြီးတော့ Apple က အရင်က iPhone 7 ရယ် ၊ 7 Plus ရယ် ၊ 7 Pro ရယ် ၃ မျိုး ထုတ်မယ် ရည်ရွယ်ပေမယ့် ၊ အလွန်တရာ ရှုပ်ထွေးပွေလီ ကုန်မှာ စိုးတာကြောင့် Pro ကို ဖြုတ်ထားခဲ့တော့မယ် ဆိုတဲ့ သတင်း သဲ့သဲ့လည်း ရှိသေးတယ်ဗျ။

မပြောတတ်ဘူးဗျ။ လောလောဆယ်တော့ အားလုံးက မှော်စမ်း ၊ မှန်းဆော် နေရတဲ့ အချိန်မို့ ၊ ရှေ့လ အလုံးလိုက်ချပြမှပဲ ဂယ်လား .. မဂယ်လား သိရ မှာပဲဗျိုး …. 🙂 😀

Source: The Next Web

Leave a Reply

Your email address will not be published. Required fields are marked *