ထမင်းစားပြီးတန်းထိုင်ရင် ဘာဖြစ်မလဲ ၊ standing desk ကရော ဘာတွေထူးမှာလဲ

ဦးလေးစရိုင်ကင်း – မမြှင့်တင်ရေ ဦးလေး ဒီလ အရောင်းစာရင်းတွေလုပ်တော့ Sit-Stand Dual Purpose Standing Desk ဆိုတွေ တော်တော်တွေ့ရတယ်နော်။ အဲ့ဒီ Standing Desk ဆိုတာ ဘယ်လို ဟာမျိုးတုန်း သမီးရဲ့ …

မမြှင့်တင် – ဒီလိုလေ ဦးလေးရဲ့ ၊ ကျွန်မတို့က များသောအားဖြင့် ထိုင်လျက်ပဲ အလုပ်လုပ်ကြတယ်မလား။ ဒါကို ထိုင်ချည်းပဲမနေပဲ မတ်တပ်ရပ်ပြီး computer နဲ့ အလုပ်လုပ် ဖြစ်အောင်ပြင်ပေးတဲ့ စားပွဲကို standing desk လို့ခေါ်တာ။

ဟေ… အဆန်းပါလား

ဟုတ်တယ် ဦးလေး။ Standing desk အမျိုးအစားအောက်မှာမှ အမြဲတမ်းရပ်ပြီး အလုပ်လုပ်နိုင်အောင် ပြောင်းပေးတဲ့ fixed-height standing desk နဲ့ ထိုင်လျက်ရော မတ်တပ်ရပ်ပြီးပါ အလုပ်လုပ်နိုင်တဲ့ sit-stand desk ဆိုပြီး ၂ မျိုး ခွဲလို့ရသေးတယ်။

ဒါနဲ့ အလုပ်ကို ထိုင်ပြီး မလုပ်ပဲ ရပ်ပြီး လုပ်တော့ ဘာအကျိုးတွေ ထူးမှာမို့လို့လဲ 🤔

ဦးလေးကို တိုက်ရိုက် heart ထိမယ့် အဖြေကို အရင် ပြောရရင် ထမင်းစားပြီးချိန် တန်းထိုင်ပြီး အလုပ်လုပ်မယ့်အစား ရပ်ပြီးအလုပ်လုပ်လိုက်လိုက်ရင် blood sugar က normal မြန်မြန် ပြန်ရောက်စေတယ်။ ဒါကတော့ ဦးလေးတို့လို ဆီးချိုသမားတွေ အတွက် ပို အရေးကြီးတယ်နော် ၊ ဟုတ် ???

နောက်တစ်ချက်က ထိုင်တာထက်စာရင် ရပ်နေတာက calorie ပိုပြီး လောင်ကျွမ်းစေတယ်လေ

ထိုင်နေလို့ ၁ နာရီမှာ ပျှမ်းမျှ 80 calorie လောက်ကျွမ်းချိန်မှာ ရပ်နေရင် 88 calorie လောက်လောင်ကျွမ်းတယ်။ ကွာလွန်းတယ်လို့ မဆိုနိုင်ပေမယ့် calorie ဆိုတာကလဲ စုဗူးမှာ ငွေစုသလိုပဲ နည်းနည်းချင်း စုလာပြီးမှ အများကြီး ဖြစ်လာတယ်ဆိုတော့ 8 calorie လဲ 8 calorie အလျောက် ထိရောက်မှုရှိတယ် ဆိုပါတော့။

နောက်တစ်ချက်က ခါးနာတာကို သက်သာစေတယ်။ ထိုင်နေရင် များသောအားဖြင့် ပုံစံ မှန်မှန် ထိုင်ဖြစ်တာ နည်းတယ်လေ။ ရပ်နေရင်တော့ ထိုင်နေတာထက် posture မှန်မှန် ပိုရပ်ဖြစ်လို့ standing desk နဲ့ မတ်တပ်ရပ်ပြီးအလုပ်လုပ်ရင် ခါးနာတာကိုလဲ သက်သာစေတာ ဦးလေးရဲ့။

ဒါနဲ့ ရပ်ပြီး အလုပ်လုပ်လိုက်တာနဲ့ အကုန်ကောင်းသွားတာတော့ မဟုတ်ပြန်လေဘူး ဦးလေး 😁 အထားအသိုလေးလဲ မှန်ဦးမှ … 😅

ဟေ …. 🙄

Standing desk နဲ့ ရပ်ပြီး အလုပ်လုပ်တဲ့ အခါ

  • ခေါင်း ၊ လည်ပင်း ၊ ကျောရိုး တွေကို တစ်တန်းတည်း ဖြစ်အောင် ရပ်သင့်တယ်။
  • Computer နဲ့ အလုပ်လုပ်တဲ့ အခါ တံတောင်ဆစ်က ၉၀ ဒီဂရီ ဖြစ်အောင် standing desk ရဲ့ အမြင့်ကို လိုသလို ချိန်ရမယ်။
  • လက်ကောက်ဝတ်က desk ပေါ်မှာ flat ဖြစ်နေရင်တော့ အကောင်းဆုံးပဲ။
  • Monitor ကလဲ eye level နဲ့ တစ်တန်းတည်း ဖြစ်နေရမယ်။

များလှချည်လား

ဒီလိုပဲ ဖြည်းဖြည်းချင်း အကျင့်ရသွားတာပေါ့ 😁

အကျင့်ဆိုလို့ standing desk ကြီး ဝယ်ပါပြီတဲ့။ တန်းပြီး တစ်နေကုန် ရပ်ပြီး အလုပ်လုပ်လို့လဲ မဖြစ်ပြန်ဘူးနော် ဦးလေး။ အဲ့လိုဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားလိမ့်မယ်။

ရပ်တာက ထိုင်တာထက် ဒူး ၊ တင် ၊ ခြေထောက်တွေပေါ် pressure က ပိုပြီး သက်ရောက်လေတော့ ရပ်သင့်တာထက် ပိုပြီး အချိန်ကြာကြာ ရပ်မိရင် ခြေထောက် ခြေဖဝါး နာတာ ဖြစ်နိုင်တယ်။

ပြီးတော့ ရပ်နေတဲ့အခါ ခြေထောက်မှာ ရှိတဲ့ သွေးကြောတွေမှာ သွေးကို ပိုပြီး စုစည်း စေတယ်။ ဒါကြောင့် အရပ်များလွန်းရင် သွေးကြောတွေက လိုတာထက်ပိုပြီးဆွဲဆန့်ရတာကြောင့် သွေးကြောတွေ အားနည်းလာပြီး varicose veins လို ရောဂါမျိုး ဖြစ်စေတတ်တယ်။ ဒီ varicose veins ကိစ္စကို ကျွန်မက သဘောတရားလောက်ပဲ သိတော့ ဦးလေး သေချာသိချင်ရင်တော့ ဆရာဝန်တွေကို မေးမှရမယ်နော်။

နောက်တစ်ချက်က ရပ်ပြီး အလုပ်လုပ်နေတာပဲဆိုပြီး ပုံမှန် လုပ်နေကျ လေ့ကျင့်ခန်းတွေကို အာရုံစိုက်မှု အားနည်းသွားရင် အမှားကြီး မှားသွားမှာ။ ပုံမှန် လေ့ကျင့်ခန်းနဲ့တော့ ဘာနဲ့မှ မလဲနိုင်ဘူးကိုး ဦးလေး။ ဒီလိုပဲ တစ်ဖက်မှာလဲ ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေက “ငါတော့ လေ့ကျင့်ခန်း လုပ်နေတာပဲ ၊ အလုပ်ချိန်မှာ မကြာခဏ ထရပ်ပေး စရာ မလိုပါဘူး” လို့ တွေးပြန်ရင်လဲ မှားပြန်ရော … 😁

ဒါကြောင့် ထိုင်ဖို့လဲ လိုအပ်သလို ၊ မကြာခဏ မတ်တပ်ရပ်ပေးဖို့လဲ လိုအပ်တယ်။

ကျွန်မတို့ဆီမှာ ရှိတဲ့ sit – stand dual purpose standing desk က ထိုင်လျက်လဲ အလုပ်လုပ်လို့ရသလို ၊ မတ်တပ်ရပ်ပြီး အလုပ်လုပ်ချင်ရင်လဲ hydraulic အကူအညီနဲ့ အသာလေး မ တင်ပြီး အလုပ်လုပ်ရုံပဲ ဆိုတော့ အရမ်းကို အဆင်ပြေတယ်လေ။ ဒါကြောင့် လူကြိုက်များလို့ ဦးလေး စာရင်းမှာ တန်းစီနေတာ 😊

မမြှင့်တင်ပြောတာတွေက များလွန်းလို့ သေချာ မမှတ်မိချင်ဘူးကွယ်။ အနှစ်ချုပ်လေးလုပ်ပါဦး။

ချုပ်ရရင်တော့ ၊ ကျွန်မတို့အနေနဲ့ standing desk သုံးမယ့်သူတွေကို အကြံပေးချင်တာက

  • တစ်ချိန်တည်းမှာ အကြာကြီးလဲ ရပ်ပြီး အလုပ်မလုပ်ပါနဲ့ ၊ အချိန် အကြာကြီးလဲ မထိုင်ပါနဲ့။
  • Standing desk ကို စသုံးပြီ ဆိုရင်လဲ တန်းပြီး နာရီပေါင်းများစွာ ရပ်ပြီး အလုပ်လုပ်မိအောင် ဂရုစိုက်ပေးပါ။
  • အကျင့်ရအောင် ဖြည်းဖြည်းချင်း ကျင့်ယူပါ။ ဥပမာ မိနစ် ၃၀ လောက် ရပ်ပြီး လုပ်လိုက် ၊ ပြန်ထိုင်ပြီး လုပ်လိုက်။ ဒီလိုကနေ ၁ နာရီလောက် ရပ်ပြီး လုပ်နိုင်လောက်အောင် တဖြည်းဖြည်းချင်းတိုး။ တစ်ရက်မှာ အချိန်တွေအားလုံးပေါင်းလို့ ၂ နာရီ ၃ နာရီ ဝန်းကျန်လောက် ရပ်ပြီး လုပ်ဖြစ်တယ်ဆိုရင်ပဲ အတော်ကို အကျိုးရှိနေပါပြီ။
  • ရပ်ပြီးပဲလုပ်လုပ် ၊ ထိုင်ပြီးပဲလုပ်လုပ် မိနစ် ၃၀ လောက် ရှိရင် စားပွဲ့နေခွာပြီး လမ်းခဏ လျှောက်ပေးနိုင်ရင် အကောင်းဆုံးပါ။
  • ပြီးတော့ ရပ်တဲ့အချိန်များလာတဲ့အတွက် cushion ကောင်းတဲ့ ဖိနပ်ကိုစီးဖို့လိုမယ်နော်။ ဖနိပ်မစီးရင်တော့ အခင်းထူထူလေး ခင်းပြီးမှ ရပ်ရင် ခြေထောက်တွေအတွက် ပိုကောင်းပါလိမ့်မယ် ရှင့်။

တယ်အကျိုးထူးတဲ့ standing desk ပါလား။ ဦးလေး အတွက်လဲ တစ်လုံးလောက်လောက် ထားပေးပါလို့ မောင်မြန်မာ ကို အပူကပ်ဦးမှ 😎

ဟဲဟဲ ဦးလေးအတွက်ဆိုရင်တော့ ဆရာလေးက ဒီလို ပြန်ပြောလိမ့်မယ် “ဦးလေး … standing desk မလိုပါဘူး။ မကြာခဏ စားပွဲမှာ ငိုက်နေမယ့်အစား ၊ ထပြီး လမ်းလျှောက်လိုက်ပါလားလို့” … 😂 (ပြေးပြီ)💨

References: Harvard Medical School (The truth behind standing desks), WebMD (Standing Desks: How They Help You Beat Inactivity)

[border ]

[space ]

Recommendations for you