Money Manager နဲ့ ဆော်ကြောင်ခ တွေပါ ထည့်မှတ်နေတဲ့ မောင်မြန်မာ

ကိုဖန်တီး – ဆရာလေးရေ ၊ Covid ချိန်မှာ လစာတွေကလဲ လျော့ ၊ ဝင်ငွေက အရင်ကထက် နည်းပေမယ့် ၊ ထွက်ငွေတွေကျ မလျော့ဘူးဗျနော။ ထွက်ငွေ တွေကို သေချာစီမံမှ ဖြစ်မယ်ထင်တယ်။

မောင်မြန်မာ – ဟုတ်တယ်ဗျ။ ဒါပေမယ့်စာရွက် ၊ ဘောပင်နဲ့ စီမံနေရင်တော့ စာရင်းသွင်းဖို့က မေ့တာက များတယ်။ ကျွန်တော်ကတော့ Money Manager App ကို သုံးနေတယ်။

သူက free app ဆိုပေမယ့် in-app purchase တို့ app ထဲမှာ ဝင်နှောက်တဲ့ ကြော်ငြာတို့ မပါဘူး။ သုံးရတာ လွယ်တယ်။ ထွက်ငွေတွေကို ကဏ္ဍခွဲပြီး လွယ်လွယ်လေး စာရင်းသွင်းနိုင်သလို ၊ app ထဲ ဝင်လိုက်တဲ့အခါတိုင်း ဘယ်ကိစ္စအတွက် ဘယ်လောက် သုံးထားပြီးနေပြီလဲ ဆိုတာ ချက်ချင်း တွေ့နိုင်တယ်။ ညဖက်ရောက်ပြီဆိုရင် တစ်နေ့တာ သုံးထားတာတွေ record လုပ်ဖို့ reminder လဲ ထားလို့ရသေးတယ်ဗျ။

ဒါနဲ့ Money Manager App ပဲသုံးသုံး ၊ စာရွက်နဲ့ပဲမှတ်မှတ် ဘာ အကျိုးကျေးဇူး ရမှာမို့လို့လဲဗျ

တခြားသူ အတွက်တော့ မသိဘူးပေါ့။ ကျွန်တော့် အတွက်ဆိုရင် အရင် ဘော်ဒါတွေနဲ့ အပြင်ထွက်လို့ရတုန်းကဆို သောက်မယ် ပွားမယ် ၊ socialize လုပ်တာ ဘယ်လောက်ကုန်ထားပြီးပြီလဲ။ စာအုပ်ဝယ်ဖတ်တာက ဘယ်လောက် ကုန်ထားပြီးပြီလဲ။ ဆော်ကြောင်ဖို့ လက်ဆောင် ဝယ်တာ ဘယ်လောက် ကုန်ပြီလဲ 😝 စသဖြင့် ချက်ချင်း ရှင်းရှင်းကြီး သိနိုင်တော့ လျော့တန်လျော့ လုပ်လို့ရတာတယ်လေ 😁 ပြီးခဲ့တာတွေ ကုန်ခဲ့တာတွေကို ပြန်မရတော့ပေမယ့် ရှေ့လျှောက် ကုန်ဖို့ ဖြစ်လာပြီ ဆိုရင် ဒီကိစ္စတွက် ဘယ်လောက် သုံးသင့်လဲဆိုတာ အတွေးထဲ ရောက်လာတယ်။ ထိုက်သင့်သလောက်တော့ ထွက်ငွေ စီမံမှုမှာ အကျိုးရှိတယ် ပြောရမှာပဲ။

စိတ်ဝင်စားတယ်ဆိုရင်တော့ Android အတွက် Play Store ကနေ သာယူသုံးကြည့်ပေတော့ဗျာ။ ဒိုးလိုက် အူးမယ် … 👋

[space ]

Recommendations for you