အပြောင်းအလဲများနဲ့ ကျွန်တော်တို့ ရဲ့ delivery

အမှန်ပြောရရင်တော့ ဒီရက်ပိုင်း Myanmar Lifestyle ခေါင်းကိုက်နေခဲ့တာပါ။

ကျွန်တော်တို့ဆီက ပစ္စည်းမှာဖူးတယ် ဆိုရင် သတိထားမိမှာပါ။

delivery-turning-pointပုံထဲက လန်ခရူဇာ ပစ်ကပ် နောက်အမိုးပွင့် ကားအပြာလေး ရောက်ပြီ ဆိုရင် မှာထားတဲ့ ပစ္စည်းလာပို့ပါပြီ။ customer တွေက ပစ္စည်းတွေမှာတယ် ၊ ကျွန်တော်တို့တွေ ကိုယ်တိုင် ပို့တယ် ၊ ဒီလိုနဲ့ အခုတော့ delivery service နဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်ဖို့ ဖြစ်လာ ခဲ့ပါပြီ။

စဉ်းစားရတာတွေ အမျိုးမျိုး အဖုံဖုံပေါ့ဗျာ။ စဉ်းစားရများလွန်းလို့ ခေါင်းကိုက်နေရတာပါ။

အဲဒီတော့ မေးခွန်း ၂ ခု ရှိလာပါတယ်။
၁။ ဘာလို့ ခေါင်းကိုက်ခံပြီး delivery service ကို သုံးမှာလဲ။
၂။ Delivery service သုံးလို့ ဘာတွေ ခေါင်းကိုက်မှာလဲ။

၁။ ဘာလို့ခေါင်းကိုက်ခံပြီး delivery service ကိုသုံးရမှာလဲ ဆိုတော့ – ကျွန်တော်တို့ဆီမှာ စုံစမ်းပေးကြတဲ့သူတွေ ၊ ပစ္စည်းဝယ်ပေးကြတဲ့သူတွေရဲ့ ပို့သတဲ့ မေတ္တာကြောင့်ပါ (ကြွားလည်းကြွားရင်း) လို့ပဲ တိုတိုတုတ်တုတ် ဖြေချင် ပါတယ်ခင်ဗျ။ တစ်ယောက်စ နှစ်ယောက်စ ကနေ အခု သက်တမ်း ၁ နှစ်ကျော် အချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်ပို့ပေးတဲ့ delivery က မိုးလင်း မိုးချုပ်နီးပါး ဖြစ်လာခဲ့တာပါ။

ဒါကြောင့် Myanmar Lifestyle ဖက်က ဖုန်းဖြေနိုင်တာ ၊ Facebook message ပြန်နိုင်တာ စတဲ့ customer service ပေးနိုင်တာတွေ ကျလာခဲ့ပါတယ်။ ဒါကြောင့်ပဲ delivery service နဲ့ လက်တွဲဖို့ ဆုံးဖြတ်ဖြစ်ခဲ့ ပါတယ်။

၂။ Delivery service သုံးလို့ ဘာတွေ ခေါင်းကိုက်မှာလဲ ဆိုတော့ – Myanmar Lifestyle က လက်ရှိ ပေးနေတဲ့ free delivery service ကို ဆက်ပေးနိုင်ဖို့ ကျွန်တော်တို့ဖက်က ကျဉ်းထဲကြပ်ထဲ ရောက်သွား တာကြောင့်ပါ။ ကျွန်တော်တို့ အနေနဲ့တော့ ရန်ကုန်မြို့တွင်း free delivery ဆိုတဲ့ ကျွန်တော်တို့ရဲ မူကို မပြင်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာမို့ ခေါင်းကတော့ အတော်ကို ကိုက်နေပါပြီ။

Customer ကို ဗဟိုပြုတဲ့ ကျွန်တော်တို့ Myanmar Lifestyle ရဲ့ မူကြောင့် ကျွန်တော်တို့ ကိုယ်တိုင် delivery လုပ်ခဲ့သလို ၊ ကျူရှင်အောက်မှာ ၊ shopping center ရှေ့မှာ ၊ ပြောထားတဲ့ နာရီ ကွက်တိမှာ မပို့နိုင်တော့မှာကိုလည်း စိတ်မကောင်းဖြစ်မိပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Myanmar Lifestyle ကတော့ ပိုကောင်းတဲ့ customer service ကို ပေးနိုင်ဖို့ delivery service နဲ့ လက်တွဲဖို့ကတော့ သေချာသလောက် ရှိနေပါပြီ။ ဒီရက်ပိုင်း စာချုပ်ချုပ်ပြီးရင်တော့ ပြောင်းလဲချေ ရှိတဲ့ delivery ပုံစံတွေကို ကျွန်တော်တို့ ထပ်ပြီး အသိပေးသွားဦးမှာပါ။

ကျွန်တော်တို့ အလေးထားတဲ့ အရာတွေထဲက ထိပ်ဆုံးမှာ ရှိတဲ့ delivery process ကို delivery service နဲ့ လက်တွဲရမှာ ဖြစ်တာကြောင့် စိုးရိမ်မှုလေးတွေ ရှိပေမယ့် ကျွန်တော်တို့နဲ့ လက်တွဲမယ့် delivery service ကလည်း professional တွေမို့ ၊ customer တွေ အတွက် အရင်အတိုင်း အဆင်ပြေမယ်လို့ မျှော်လင့် ထားသလို ၊ Myanmar Lifestyle အတွက်လည်း ထူးခြားတဲ့ turning point တစ်ခု ဖြစ်လာ မှာပါ။

ကျွန်တော်တို့အတွက်တော့ စိန်ခေါ်မှုတွေ ပိုလာပေမယ့်၊ ကျွန်တော့်တို့ရဲ့ customer ဗဟိုပြု စနစ်ကို တော့ အဆုံးအရှုံးခံသွားမှာ မဟုတ်ပါဘူးလို့ အသိပေးရင်း..

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ။

🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *