ပိုကောင်းလာမယ့် ကျွန်တော်တို့ delivery

ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ delivery စနစ် ပြောင်းဖို့ ရှိတယ်လို့ အသိပေးထားတဲ့ အတိုင်း ၊ Myanmar Lifestyle ရဲ့ delivery က 2015, February လက စလို့ MGL -OCS Courier Service နဲ့ လက်တွဲ လိုက်ပါပြီ ခင်ဗျာ။

ocsစိန်ခေါ်မှုတွေ ရှိပေမယ့် ၊ ကျွန်တော်တို့ အသိပေးထားခဲ့တဲ့ အတိုင်း ၊ ရန်ကုန်မြို့တွင်း free delivery မူကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ကျွန်တော်တို့ အတော်ကို ဝမ်းသာရပါတယ် ခင်ဗျ။ ဒီလို MGL-OCS အမြန်ချောပို့နဲ့ လက်တွဲလိုက်တဲ့ အတွက် ပြောင်းလဲမှု အချို့ရှိ ပေမယ့် ပြောင်းလဲမှုတွေက ကျွန်တော်တို့ customer တွေ ပိုပြီး အဆင်ပြေစေမယ့် ပြောင်းလဲမှုတွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။

အခု delivery စနစ် အသစ်ကြောင့် Myanmar Lifestyle ရဲ့ delivery က weekday တွေမှာ နေ့တိုင်းရှိမှာ ဖြစ်ပြီး စနေ မနက်ပိုင်းလည်း delivery ရှိသွားမှာပါ။ ငွေပေးတာကတော့ အရင် အတိုင်း ပစ္စည်းလာပို့မှ ငွေပေးရတဲ့ စနစ် ဖြစ်ပြီး ပိုပြီး ထူးခြားသွားတာကတော့ ရန်ကုန် မြို့ သာမက အခြားသော မြို့တွေ မှာလည်း အရင်ကလို ဘဏ်ငွေလွှဲ စနစ် မဟုတ်တော့ပဲ ပစ္စည်းလာပို့မှပဲ ငွေပေးရတော့မှာမို့ အခြားမြို့တွေမှာ နေထိုင်တဲ့ customer တွေလည်း ပိုလို့ အဆင်ပြေမယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ် ခင်ဗျ။

Delivery charges တွေ အနေနဲ့ ကတော့ ရန်ကုန်မြို့တွင်းကို အရင်ကလိုပဲ free delivery ပါပဲ ခင်ဗျာ။ ရန်ကုန်မြို့တွင်းကိုမှ နေ့ချင်း အရေးပေါ်ပို့ပေးဖို့ လိုအပ်တယ် ဆိုရင်တော့ urgent rate အနေနဲ့ ၁၀၀၀ ကျသင့်မှာပါ။

ရန်ကုန်မြို့ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ မင်္ဂလာဒုံ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ အရှေ့ ဒဂုံ ၊ ဒဂုံဆိပ်ကမ်း ၊ သန်လျင် ၊ ဝေဘာဂီ ၊ ရွှေပေါက်ကံ တို့ကိုတော့ Myanmar Lifestyle က delivery charges အနေနဲ့ ၁၀၀၀ ကျပ် ကောက်ခံမှာမို့ အဆင်ပြေမယ့် ပမာဏဖြစ်မယ်လို့ ထင်ပါတယ် ခင်ဗျာ။

အခြားမြို့တွေ အနေနဲ့ delivery charges ကို

  • မန္တလေး – ၂၀၀၀ ကျပ်
  • ပြင်ဦးလွင် – ၂၀၀၀ ကျပ်
  • နေပြည်တော် – ၂၀၀၀ ကျပ်
  • ပျဉ်းမနား – ၂၀၀၀ ကျပ်
  • မော်လမြိုင် – ၂၀၀၀ ကျပ်
  • ပုသိမ် – ၂၀၀၀ ကျပ်
  • ပဲခူး – ၁၅၀၀ ကျပ်
  • ပြည် – ၂၀၀၀ ကျပ်
  • တောင်ငူ – ၂၀၀၀ ကျပ်
  • မုံရွာ – ၂၀၀၀ ကျပ်
  • မိုညင်း – ၃၀၀၀ ကျပ်
  • မြစ်ကြီးနား – ၃၀၀၀ ကျပ်
  • မြိတ် – ၃၅၀၀ ကျပ်
  • မြဝတီ – ၂၀၀၀ ကျပ်
  • ဖားအံ – ၂၀၀၀ ကျပ်
  • မကွေး – ၂၀၀၀ ကျပ်
  • မင်းဘူး – ၃၀၀၀ ကျပ်
  • တောင်ကြီး – ၂၅၀၀ ကျပ်
  • ညောင်ရွှေ – ၃၀၀၀ ကျပ်
  • လွိုင်ကော် – ၃၀၀၀ ကျပ်
  • ထားဝယ် – ၃၀၀၀ ကျပ်
  • လားရှိုး – ၃၀၀၀ ကျပ်
  • စစ်တွေ – ၃၀၀၀ ကျပ်
  • စစ်ကိုင်း – ၂၅၀၀ ကျပ်
  • မိထ္ထီလာ – ၂၀၀၀ ကျပ်
  • ပုဂံ – ၂၀၀၀ ကျပ်
  • ပခုက္ကူ – ၂၀၀၀ ကျပ်

ကောက်ခံသွားပေမယ့် ၊ ပစ္စည်းဖိုးနဲ့ delivery charges ကို ပစ္စည်းလာပို့မှ ပေးရတော့မှာမို့ customer တွေ အနေနဲ့ ပိုပြီး အဆင်ပြေမယ်လို့လည်း ယူဆ ပါတယ် ခင်ဗျ။

ကျွန်တော်တို့လည်း courier service နဲ့ အခုမှ စပြီး လက်တွဲဆောင်ရွက်တာကြောင့် အမှားမရှိအောင် အထူးဂရုပြု ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ၊ အဆင်မပြေတာ ၊ မကျေနပ်တာတွေ ရှိရင် ကျွန်တော်တို့ရဲ့ Facebook message / viber / 09 25 44 43 442 / 09 9 723 703 37 ကို ဆက်သွယ်ပြီး အကြောင်းကြားပေးဖို့လည်း အသိပေးပါရစေ ခင်ဗျ။ Customer တွေရဲ့ feedback တွေကို အမြဲတန်ဖိုးထားပြီး ပြုပြင်စရာ ရှိတာတွေကို ပြုပြင်သွားပါ့မယ်။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ် ခင်ဗျာ။

🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *