၁၂ လ သားလေး Myanmar Lifestyle

12monthစက်တင်ဘာလ 4 ရက်နေ့ ၊ ၂၀၁၄ နေ့ ဆိုရင် ကျွန်တော်တို့ ပြုစုပျိုးထောင်လာတဲ့ Myanmar Lifestyle ၁၂ လ ပြည့်ခဲ့ပါပြီဗျာ။ နှာစေး ချောင်းဆိုး ဆေး တိုက်လိုက် ၊ အသက်ကယ် ဆေး ထိုးလိုက်နဲ့ ၁၂ လဆိုတဲ့ အချိန်ကို ရောက်လာ ခဲ့ပြီပေါ့ဗျာ။ စိတ်တိုင်းကျ အောင်မြင် တယ်လို့ မဆိုသာ ပေမယ့် ကျွန်တော်တို့ အတွက်တော့ မှတ်တိုင် တစ်ခုကို စိုက်ထူ နိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ ဆီက ပစ္စည်းမှာဖူးတယ် ဆိုရင် Land Cruiser အမိုးဖွင့် လေးပါလို့ ပြန်ဖြေ တတ်တဲ့ ကားအပြာလေးနဲ့ အတူ ကားပေါ်မှာ ပစ္စည်းတွေ မုန့်တွေ နဲ့ ကျွန်တော်တို့ ၂ ယောက်ကို တွေ့မိ မှာပါ။ ဟုတ်ပါတယ်ဗျာ။ Myanmar Lifestyle က ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက် ပြုစု စောင့်ရှောက် ခဲ့တဲ့ မွေးစား သားလေးလို့ ပြောလည်း မှားမယ် မထင်ပါဘူး။ ၂၀၀၁ – ၂၀၀၅ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား ဘဝက စလို့ ခင် ခဲ့ပြီး အခုထိ သွားအတူ လာအတူ ဖြစ်ခဲ့တဲ့ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက် အတွက် Myanmar Lifestyle ဘယ်က သန္ဓေတည် ခဲ့ သလဲလို့ မေးရင် ကျောင်းသား ဘဝ တုန်းက တက္ကသိုလ်မှာ မိတ္တူဆိုင် ဖွင့်ဖို့ စိုင်းပြင်း ခဲ့တာက စတယ်လို့ ပြောလို့ ရပါတယ်။ အဲဒီဆိုင် လည်း မဖွင့်ဖြစ် ၊ နောက် ကျောင်းပြီးလို့ ကြံခဲ့သမျှ လုပ်ငန်း တွေလည်း မစ ဖြစ်ခဲ့ပေမယ့် အခုလို ၁၀ နှစ်လောက် ကြာပြီးတဲ့ အချိန် ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ အကောင်အထည် ပေါ်လာ ခဲ့ပါပြီ။

Myanmar Lifestyle လုပ်ငန်းကို စတင်ကြတဲ့ အခါ ကျွန်တော်တို့မှာ အခြား အချိန်ပြည့် အလုပ်တွေ ရှိနှင့်နေခဲ့ပါတယ်။ လုပ်ကြည့် ကြရအောင် ဆိုပြီး စတဲ့ အခါ ရှိနှင့်ပြီး အလုပ် တွေကြောင့် မိုးချုပ်မှ ပစ္စည်း စပို့ ကြရတယ်။ ညစာ ဆိုတာကို လမ်းမှာ တွေ့တဲ့ ကြုံတဲ့ဆိုင် ဝင်ထိုင်စား ပြီး လည်ပတ်ခဲ့ရတဲ့ လတွေ နဲ့ စခဲ့ကြတာပါ။ မှတ်မှတ်ရရ ပထမဆုံး အမှာ ရခဲ့တဲ့ ပစ္စည်းက 5200 mAh power bank အပြာရောင် လေးပါ။ 12month-powerbank-560 သွားပို့ ပေးခဲ့ရ တာက သန်လျင်မှာပါ။ ပထမဆုံး အမှာမို့ အမှာရပြီ ဆိုတဲ့ အားရ ဝမ်းသာ စိတ်နဲ့ သန်လျင် ဖြစ်ဖြစ် ပဲခူးဖြစ်ဖြစ် ပို့ဖို့ ဆုံးဖြတ် ထားတာမို့ ပျော်ပျော်ကြီး ပို့ဖြစ် ခဲ့ပါတယ်။

ဒီလိုနဲ့ ရှိစု မဲ့စုလေးတွေ စုပြီး ကားလေး တစ်စင်းဝယ် ၊ ပစ္စည်း အသစ်အသစ် တွေကို လိုက်ရှာသွင်း ၊ အချိန်ပြည့်လုပ်ခဲ့တဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး Myanmar Lifestyle ဆိုတဲ့ ဒီ online store ကို အားသွန် ခွန်စိုက် ကြိုးစား ဖြစ်နေပါပြီ။ တစ်ရက် တစ်ရက် ကြပ်ပိတ်နေတဲ့ ကားလမ်းတွေမှာ ကျွန်တော်တို့ တစ်လှည့်စီ မောင်းရင်း ရယ်ရင်း မောရင်း နာရီ တော်တော်ကြာ အချိန်ကုန်ဖြစ်လို့ နေပါပြီ။ တစ်ရက် တစ်ရက် ကုန်သွားလို့ ကျွန်တော်တို့ ပစ္စည်း ၊ ကျွန်တော်တို့ ဝန်ဆောင်မှု ကို မကျေနပ်သူ မရှိဘူး ဆိုရင်ပဲ နောက်တစ်ရက် အတွက် အားဖြစ်လို့ နေပါပြီ။ တစ်ပတ် ၊ တစ်ပတ် ပြီးလို့ ပို့ပေး လိုက်တဲ့ ပစ္စည်းတွေကို လက်ခံရတဲ့သူတွေက သုံးထားတာ အရမ်း အဆင်ပြေတယ် ဆိုတဲ့ စကားတွေ ၊ ဓာတ်ပုံတွေ ပြန်ရ ရင်ပဲ နောက်ထပ် ဘယ်လိုပဲ အခက်အခဲ ရှိရှိ ပိုကောင်းတဲ့ ဝန်ဆောင်မှု အတွက် ကျွန်တော်တို့ စဉ်းစား နှင့်နေပါပြီ။

အားလုံးကို ခြုံငုံ ရရင်တော့ ၁၂ လပြည့်နေ့ အထိမ်း အမှတ် အနေနဲ့ ကျွန်တော်တို့ အတွက် “ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဆိုတဲ့ စကားထက် ပိုပြောစရာရှိမှာ မဟုတ်ပါဘူး။
[border ]
ကျေးဇူးတင်ပါတယ်ဗျာ။
[border ]

ကျွန်တော်တို့ကို ယုံကြည်ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင် ပါတယ် ခင်ဗျာ။ အထူးသဖြင့် ငွေကြိုလွှဲပြီး ယုံယုံကြည်ကြည် ပစ္စည်းမှာပေးကြတဲ့ ရန်ကုန်ပြင်ပက ပစ္စည်း မှာပေးကြတဲ့ သူတွေ ပေးခဲ့တဲ့ ယုံကြည်မှုတွေ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။

ကျွန်တော်တို့ page မှာ၊ website မှာ၊ Viber မှာ၊ phone မှာ စုံစမ်း မေးမြန်းကြတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မျှော်လင့်ချက်တွေ ရှိနှင့်ပေမယ့် ကျွန်တော်တို့ ရှေ့လာမယ့် နှစ်တွေမှာ ရန်ကုန် ၊ မန္တလေး နဲ့ တကွ အခြား နီးစပ်ရာ နေရာတွေ အတွက် ပိုမို ယုံကြည် စိတ်ချရတဲ့ online store တစ်ခုဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရှေ့ဆက်သွား ပါ့မယ်။

ဆက်ပြီးပိုပိုကြိုးစားသွားပါဦးမယ်ဗျာ။

😀 😀

Leave a Reply

Your email address will not be published. Required fields are marked *