Commission ဘယ္သူေပး

[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]

ကၽြန္ေတာ္ April လတုန္းက ေပးခ်င္ရာနဲ႕ေပး ဆိုျပီး ကၽြန္ေတာ္တို႕ Myanmar Lifestyle က ပစၥည္း လာပို႕တဲ့ အခါ KBZ Pay, CB Pay, MPU, Visa, Master စသျဖင့္ ေပးခ်င္ရာနဲ႕ ေပးလို႕ ရပါျပီလို႕ ေရးခဲ့တုန္းက ဒီ commission အေႀကာင္းေလး ထည့္ေရးဖို႕ စဥ္းစားမိလိုက္ေသးတယ္ဗ်။ ဒါေပမယ့္ ဒါေတြပါ လိုက္ေျပာေနရင္ customer ေတြ အာရံုေနာက္ပါတယ္ေလဆိုျပီး မေျပာပဲထားခဲ့တာ … အခုေတာ့ သိခ်င္တဲ့သူေတြေရာ ေမးတဲ့သူေတြေရာ ရွိလာတာနဲ႕ ေျပာျပရဦးမယ္ဗ်… [space ]

ကၽြန္ေတာ္တို႕ customer ဆီကေန KBZ Pay နဲ႕ လက္ခံရင္ KBZ Bank က ကၽြန္ေတာ္တုိ႕ရမယ့္ ေငြပမာဏ ထဲကေန 0.5% ျဖတ္ျပီးမွ ကၽြန္ေတာ္တို႕ account ထဲကို ထည့္ေပးတယ္ဗ်။ [space ]

အကယ္၍ MPU card နဲ႕ ေပးမယ္ဆိုရင္ ကၽြန္ေတာ္တို႕ စက္ငွားသံုးထားတဲ့ CB Bank က ကၽြန္ေတာ္တို႕ကို 0.6% ျဖတ္ပါတယ္။ တကယ္လို႕မ်ား customer က Visa သို႕မဟုတ္ Master နဲ႕ ေပးတယ္ဆိုရင္ ကၽြန္ေတာ္တို႕ဆီက 2.8% ျဖတ္ျပီးမွ က်န္တဲ့ ပမာဏကို ကၽြန္ေတာ္တို႕ account ထဲထည့္ေပးတာပါ။ [space ]

အဲ့ဒီမွာ ကၽြန္ေတာ္လဲ တခ်ိဳ႕ဆိုင္ေတြ ေတြ႕ဖူးပါတယ္။ ျပီးခဲ့တဲ့ အပတ္ကေတာင္ ကၽြန္ေတာ္ အားကစား ပစၥည္းဆိုင္မွာ ေျခအိတ္ သြားဝယ္ေတာ့ “KBZ Pay ျဖင့္ေပးပါက 0.5% ထပ္ေဆာင္းေပးရပါမည္” လို႕ ေရးထားတာ ေတြ႕လိုက္ေသးတယ္။ [space ]

ကၽြန္ေတာ္တို႕ Myanmar Lifestyle ကိုလဲ commission က customer ေပးရမွာလားလို႕ ေမးလာတာေတြ ရွိရွိလာလို႕ … [space ]

မေပးရပါဘူးဗ်ာ။ [space ]

Cash နဲ႕ရွင္းႏိုင္တဲ့ အျပင္ mobile payment နဲ႕ ေပးေပး ၊ card နဲ႕ ေပးပေး လက္ခံတာက ကၽြန္ေတာ္တို႕ဆီမွာ ဝယ္တဲ့သူေတြ အားလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အဆင္ေျပေျပ ျဖစ္ေအာင္ ကၽြန္ေတာ္တို႕ လုပ္ႏိုင္တာေလး လုပ္ေပးတဲ့ ဝန္ေဆာင္မႈမို႕လို႕ ၊ ကၽြန္ေတာ္တို႕ အေနနဲ႕ ထပ္ေဆာင္း commission မေကာက္ပါဘူး။ ခုဏက ေျပာတဲ့ 0.5 တို႕ 0.6 တို႕ 2.8% တို႕ကုိ ကၽြန္ေတာ္တို႕ Myanmar Lifestyle ကပဲ အျမဲ က်ခံေပးသြားမွာပါ။ [space ]

ဒါေႀကာင့္ ေပးခ်င္ရာနဲ႕ တကယ္ေပးလို႕ ရပါျပီ။ ပစၥည္းလာပို႕တဲ့အခါ အထုပ္ေပၚမွာ ေရးထားတဲ့ amount ကိုပဲရွင္းေပးရမွာပါ။ Commission ကိစၥကို ေခါင္းထဲ မထည့္ပါနဲ႕ ၊ ကၽြန္ေတာ္တို႕ Myanmar Lifestyle က က်ခံေပးပါမယ္လို႕ဗ်ာ။ ေနာ္။ [space ]

Cheers!
Win Htoo Shwe
[/tab]

[tab id=”tab2″]

ကျွန်တော် April လတုန်းက ပေးချင်ရာနဲ့ပေး ဆိုပြီး ကျွန်တော်တို့ Myanmar Lifestyle က ပစ္စည်း လာပို့တဲ့ အခါ KBZ Pay, CB Pay, MPU, Visa, Master စသဖြင့် ပေးချင်ရာနဲ့ ပေးလို့ ရပါပြီလို့ ရေးခဲ့တုန်းက ဒီ commission အကြောင်းလေး ထည့်ရေးဖို့ စဉ်းစားမိလိုက်သေးတယ်ဗျ။ ဒါပေမယ့် ဒါတွေပါ လိုက်ပြောနေရင် customer တွေ အာရုံနောက်ပါတယ်လေဆိုပြီး မပြောပဲထားခဲ့တာ … အခုတော့ သိချင်တဲ့သူတွေရော မေးတဲ့သူတွေရော ရှိလာတာနဲ့ ပြောပြရဦးမယ်ဗျ …[space ]

ကျွန်တော်တို့ customer ဆီကနေ KBZ Pay နဲ့ လက်ခံရင် KBZ Bank က ကျွန်တော်တို့ရမယ့် ငွေပမာဏ ထဲကနေ 0.5% ဖြတ်ပြီးမှ ကျွန်တော်တို့ account ထဲကို ထည့်ပေးတယ်ဗျ။ [space ]

အကယ်၍ MPU card နဲ့ ပေးမယ်ဆိုရင် ကျွန်တော်တို့ စက်ငှားသုံးထားတဲ့ CB Bank က ကျွန်တော်တို့ကို 0.6% ဖြတ်ပါတယ်။ တကယ်လို့များ customer က Visa သို့မဟုတ် Master နဲ့ ပေးတယ်ဆိုရင် ကျွန်တော်တို့ဆီက 2.8% ဖြတ်ပြီးမှ ကျန်တဲ့ ပမာဏကို ကျွန်တော်တို့ account ထဲထည့်ပေးတာပါ။ [space ]

အဲ့ဒီမှာ ကျွန်တော်လဲ တချို့ဆိုင်တွေ တွေ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတောင် ကျွန်တော် အားကစား ပစ္စည်းဆိုင်မှာ ခြေအိတ် သွားဝယ်တော့ “KBZ Pay ဖြင့်ပေးပါက 0.5% ထပ်ဆောင်းပေးရပါမည်” လို့ ရေးထားတာ တွေ့လိုက်သေးတယ်။ [space ]

ကျွန်တော်တို့ Myanmar Lifestyle ကိုလဲ commission က customer ပေးရမှာလားလို့ မေးလာတာတွေ ရှိရှိလာလို့ …[space ]

မပေးရပါဘူးဗျာ။ [space ]

Cash နဲ့ရှင်းနိုင်တဲ့ အပြင် mobile payment နဲ့ ပေးပေး ၊ card နဲ့ ပေးပေး လက်ခံတာက ကျွန်တော်တို့ဆီမှာ ဝယ်တဲ့သူတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ ဖြစ်အောင် ကျွန်တော်တို့ လုပ်နိုင်တာလေး လုပ်ပေးတဲ့ ဝန်ဆောင်မှုမို့လို့ ၊ ကျွန်တော်တို့ အနေနဲ့ ထပ်ဆောင်း commission မကောက်ပါဘူး။ ခုဏက ပြောတဲ့ 0.5 တို့ 0.6 တို့ 2.8% တို့ကို ကျွန်တော်တို့ Myanmar Lifestyle ကပဲ အမြဲ ကျခံပေးသွားမှာပါ။ [space ]

ဒါကြောင့် ပေးချင်ရာနဲ့ တကယ်ပေးလို့ ရပါပြီ။ ပစ္စည်းလာပို့တဲ့အခါ အထုပ်ပေါ်မှာ ရေးထားတဲ့ amount ကိုပဲရှင်းပေးရမှာပါ။ Commission ကိစ္စကို ခေါင်းထဲ မထည့်ပါနဲ့ ၊ ကျွန်တော်တို့ Myanmar Lifestyle က ကျခံပေးပါမယ်လို့ဗျာ။ နော်။ [space ]

Cheers!
Win Htoo Shwe
[/tab]
[/tabs]

Leave a Reply

Your email address will not be published. Required fields are marked *