ပေးချင်ရာနဲ့ပေး

အခု ကျွန်တော်တို့ Myanmar Lifestyle မှာ cash payment သာမက KBZ Pay ၊ CB Pay ၊ MPU card ပေါင်းစုံ ၊ Visa card ၊ Master Card အပြင် ဂျပန်က JCB Card ၊ တရုတ်က Alipay အထိ လက်ခံ နိုင်ပါပြီဗျာ။

မှာထားတဲ့ ပစ္စည်းလာပို့တဲ့အခါ cash on delivery ပုံစံလိုမျိုးပဲ ၊ card payment on delivery လုပ်လို့ ရသလို ၊ ကျွန်တော်တို့ရဲ့ Fulfillment Center မှာ လာဝယ်ရင်လဲ card တွေ ၊ mobile payment တွေနဲ့ ငွေချေလို့ ရမှာပါ။

လောလောဆယ် ရန်ကုန်မဟုတ်တဲ့ အခြားနေရာတွေကို courier service ကနေ တဆင့် ပစ္စည်း ပို့ရတာမို့လို့ card payment on delivery ကိုတော့ ရန်ကုန်မှာပဲ ရနေအုံးမှာ ဆိုပေမယ့် ၊ တခြားမြိုတွေ အနေနဲ့ KBZ Bank / KBZ Pay / CB Bank / CB Pay ကနေ ငွေလွှဲပေးလို့ရပါတယ်ဗျာ။ Delivery ခတွေသိချင်ရင်လဲ ကျွန်တော်တိုယူတဲ့ delivery ခတွေကို ကြိုကြည့်လို့ရပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ဖက်က နည်းပညာပိုင်းမှာ ပိုပြီး နိုင်နင်းလာရင်တော့ website ကနေပဲ prepayment ပေးချင်ရင်လဲ လက်ခံနိုင်အောင် ကြိုးစား ကြည့်ပါဦးမယ်ဗျာ။

အမြဲ ပိုက်ဆံ ပြတ်ပြတ်နေလို့ ၊ လိုမှ ထုတ်ထုတ် သုံးရတဲ့ ကျွန်တော့လို ဘိုင်ပြတ်ဆြာ တွေ အတွက်တော့ card payment က လုံးဝ အဆင်ပြေမယ်လို့ ထင်ပါတယ်။ တခါတလေ ပိုက်ဆံက နည်း ၊ MPU card က လိုင်းကျ နေရင် ချွေးပြန် ရတာတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေလဲ ရှိလို့ bank ကို ဒီလို ကိစ္စမျိုး အနည်းဆုံး ဖြစ်အောင် အကောင်းဆုံး စက်တွေ ချပေးထားပါလို့မှာပေးထားပါတယ်။ ရံဖန်ရံခါ လိုင်းကျ တာလေးနဲ့ ကြုံခဲ့ရင်တော့ MPU ရဲ့ ကွန်ယက်ကိုပဲ မှန်းတီးပေးရမှာပဲဗျ။ ဟက်ဟက်…

ဒါကြောင့် ပိုက်ဆံအိတ်ထဲ ပိုက်ဆံ နည်းနေရင်လဲ တွေးပူ မနေပါနဲ့တော့။ ပစ္စည်း လာမပို့ခင် ATM စက်ဆီသွားပြီးလဲ ငွေသွားကြို ထုတ်ထားမနေပါနဲ့တော့။ ကျွန်တော်တို့ရဲ့ ဝန်ထမ်း ပစ္စည်းလာပို့တဲ့အခါ MPU card နဲ့ ပေးမယ်သာ ပြောလိုက်ပါ။ သူ့မှာ card payment တွေအတွက် စက်အဆင်သင့်ပါလာပါလိမ့်မယ်ဗျာ။ Happy Shopping!!

Guess what? We now accept all kinds of MPUs, Visa, Master cards payment at our Fulfillment Center or at the convenience of your doorstep. Just let our courier personnel know about the card payment and he will be happy to assist you. Plus, you can now also pay with KBZ Pay and CB Pay too. Happy Shopping!!

Cheers!
Win Htoo Shwe

Leave a Reply

Your email address will not be published. Required fields are marked *