New Standing Desk and Laptop Stands
[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]
Cheers!
Win Htoo Shwe
[/tab]
[tab id=”tab2″]
တခါတလေလဲ ကျွန်တော် စဉ်းစားမိတယ် ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာလဲ နာမည် ကောင်းသလောက် ဆင်းရဲ ဒုက္ခက မသေးလှဘူးဗျ။ ကြာကြာကြည့်ရလို့ ခေါင်းမူးတယ် ၊ ပုံစံမမှန်လို့ ခါးနာတယ် ၊ တစ်နေကုန်ထိုင်နေရလို့ ဗိုက်ပူတယ် အစုံပဲ။ [space ]
ကျွန်တော်ကိုယ်တိုင်လဲ တစ်နေကုန်ထိုင်လုပ်ရတဲ့သူမို့ ကိုယ့်အတွက်လဲ အသုံးဝင် ၊ ကိုယ်လို ဘော်ဒါတွေလဲ အဆင်ပြေမယ့် ပစ္စည်းတွေ Myanmar Lifestyle မှာ တင်ရင်း ၊ ဝယ်ကြတဲ့သူတွေလဲ အလုပ်လုပ်ရတာ အဆင်ပြေတယ်လို့ အသံတွေ ကြားရလို့ ကျွန်တော်ကတော့ ပျော်ပါတယ်။ Laptop stand တွေ tablet mount တွေ ထဲမှာ တစ်ယောက်တစ်မျိုး လိုအပ်ချက်တွေ အမျိုးမျိုးမို့ တော်တော်များများ ကို ဖြည့်ဆည်းနိုင်ဖို့ ပစ္စည်း အမျိုးအစား အသစ်တွေလဲ ကျွန်တော်တို့ ကြိုးစားပြီး ရှာဖွေ ထားပါတယ်။ [space ]
ဒီရက်ပိုင်းမှာတော့ standing desk အသစ် တစ်မျိုး ရယ် ၊ monitor riser ရယ် ၊ laptop stand အသစ်ရယ် ၊ floor stand အသစ်ရယ် ကျွန်တော်တို့ဆီကို ရောက်ဖို့ရှိတယ်ဗျ။ [space ]
လက်ရှိကျွန်တော်တို့ဆီမှာ ရှိတဲ့ standing desk က တောင့်တောင့်တင်းတင်းရှိတယ်။ Laptop ရယ် ၊ monitor ရယ် ၊ စသဖြင့် နေရာကျယ်ကျယ်ဝန်းဝန်း ယူမယ်ဆိုရင် အဆင်ပြေပြီးသားပါ။ အခုက ပေါ့ပေ့ါပါးပါး laptop ၁ လုံးလောက် သုံးချင်တယ်။ အစည်းဝေးခန်းမှာ ယာယီတင်ပြီး သုံးချင်တယ်။ ဒါမှ မဟုတ် အိမ်က coffee table ပေါ် laptop တင်ပြီး အချိန်ကြာကြာ သုံးလို့ခါးညောင်းတဲ့ အခြေအနေတွေ အတွက် ပေ့ါပေ့ါပါးပါး ရှိပြီး အရွယ်အစား သိပ်မကြီးတဲ့ ဒီ standing desk လေး ၁ မျိုး အသစ်ရောက်မယ်ဗျ။ [space ]
[one_third class=”” last=”no” ]Compact standing desk, yangon, myanmar[/one_third]
[one_third class=”” last=”no” ]Standing desk, Yangon, Myanmar Lifestyle[/one_third]
[one_third class=”” last=”yes” ]Sit stand dual purpose desk, myanmar[/one_third]
အရောင်ကတော့ ၃ ရောင်လောက်ရှိပေမယ့် ၊ လောလောဆယ် ကျွန်တော့် မျက်စိမှာ အလှဆုံးလို့ ယူဆတဲ့ ဒီအရောင်လေးကို အရင် စပြီး ကျွန်တော်တို့ဆီမှာ ရောင်းသွားပါမယ်ဗျာ။ [space ]
နောက်ပစ္စည်း တစ်မျိုးအနေနဲ့ computer monitor က မြင်ကွင်းထက် နိမ့်နေလို့ ၊ ကျွန်တော့်လိုပဲ monitor အောက်မှာ စက္ကူဗူးခုပြီး သုံးရတဲ့ ဘော်ဘော်တွေ အတွက် အလုပ်စားပွဲမှာ စက္ကူဗူး အစား style လေးနဲ့ ဖြစ်ဖို့ monitor riser လေးအသစ် ပါလာမယ်ဗျ။ [space ]
[one_third class=”” last=”no” ]Laptop or Monitor Raiser, Yangon, Myanmar[/one_third]
[one_third class=”” last=”no” ]Hickory wood, monitor raiser, laptop raiser, Yangon[/one_third]
[one_third class=”” last=”yes” ]Laptop raiser stand, Myanmar Lifestyle[/one_third]
အရင်က ကျွန်တော်တို့ Myanmar Lifestyle မှာ monitor raiser ၁ မျိုး ရှိဖူးပေမယ့် ၊ စားပွဲကနေ အမြင့် သိပ်မရှိလို့ ကျွန်တော့် အတွက်တော့ သိပ်အဆင်မပြေလှဘူးရယ်။ ဒီ monitor riser အသစ်ကတော့ 3.58 လက်မ ရှိမယ်ဆိုတော့ လောလောဆယ် ကျွန်တော့ monitor အောက်မှာ ခု ထားတဲ့ ဗူးအမြင့်နဲ့ တူတူလောက်ပဲမို့ ကျွန်တော့်လို သူလိုကိုယ်လို လိုအပ်သူတွေ အတွက် အဆင်ပြေမယ် ဆိုတာ လုံးဝ သေချာပါတယ်။ [space ]
နောက် floor stand အသစ် အနေနဲ့ ဒီလို floor stand လေးလဲ စမ်းသွင်းထားကြည့်တယ်ဗျ။ တခါတလေ အလုပ်စားပွဲ မဟုတ်ပဲ ပြတင်းပေါက်နားဖြစ်ဖြစ် ၊ တီဗီ အရှေ့ဖြစ်ဖြစ် သွားလုပ်ချင်တဲ့ အခါမျိုးမှာတော့ ဒီ floor stand အသစ်က အဆင်ပြေဆုံး ဖြစ်မှာပါ။ [space ]
[one_third class=”” last=”no” ]Floor stand, laptop coffee table, yangon[/one_third]
[one_third class=”” last=”no” ]Adjustable table height, floor stand,[/one_third]
[one_third class=”” last=”yes” ]Updated floor stand, Myanmar Lifestyle[/one_third]
နောက်ပစ္စည်း အသစ်အနေနဲ့တော့ laptop stand အသစ် တစ်မျိုး ပါပါတယ်။ ပေါ့ပေါ့ပါးပါး ခြပ်ခြပ်ယပ်ယပ် ဒီဇိုင်းလေးမို့ လက်ရှိ ဒီဇိုင်းတွေကို သိပ်သဘောမကျတဲ့ဘူးဆိုရင် ရွေးစရာလေး ရှိလာမယ် ထင်ပါတယ်။ [space ]
[one_third class=”” last=”no” ]Sleek laptop stand, yangon, myanmar[/one_third]
[one_third class=”” last=”no” ]Silicone padded laptop stand[/one_third]
[one_third class=”” last=”yes” ]Aluminium alloy laptop stand[/one_third]
ကျွန်တော်ထင်တယ် ၊ ရှေ့အပတ်ဆိုရင်တော့ ဒီပစ္စည်းတွေ အားလုံး ကျွန်တော်တို့ Fulfilment Center မှာ ready ရှိနေလောက်ပါပြီ။ မကြာခင် ကျွန်တော်တို့ website မှာလဲ ပုံ ၊ အချက်အလက် အသေးစိပ်တွေ တင်သွားပေးမှာပါ။ အကယ်၍ website ကနေကြည့်ရတာ အားမရဘူး ဆိုရင်လဲ ကျွန်တော်တို့ fulfilment center ကို ကိုယ်တိုင်လာကြည့်ဖို့အတွက် ကြိုဆိုပါတယ်ဗျာ။ နော် … [space ]
Cheers!
Win Htoo Shwe
[/tab]
[/tabs]
Leave a Reply
Your email address will not be published. Required fields are marked *