အလွယ်တကူဖြေရှင်းလို့ရတဲ့ monitor mount installation ပြဿနာ

ကျွန်တော်တို့ဆီမှာရောင်းနေတဲ့ gas spring ပါတဲ့ monitor mount ရယ် ၊ ရိုးရိုး monitor mount ရယ်ဆိုပြီး ၂ မျိုးရှိတဲ့ထဲမှာ ပစ္စည်းလက်ထဲရောက်ပြီးလို့ installation လုပ်တဲ့အခါ ၊ ပြထားတဲ့အတိုင်းမဖြစ်ပါလားဆိုပြီး အာရုံစားရတာက ဒီတစ်ခု …

ပြသနာက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ Facebook messager မှာ “လုပ်ပါအုံး ၊ website မှာပြထားတဲ့ ဒီပုံအတိုင်း ဖြစ်အောင်လုပ်လို့ မရဘူး ” ဆိုပြီးလာလာပြောကြတာ … 😁

ဖြစ်အောင် လုပ်ချင်တာက ဒီလို …

ဘယ်နေရာမှာလွဲတာလဲဆိုတော့ monitor mount ကို ဆင်ပြီးတာနဲ့ အခု ဒီဗီဒီယိုမှာ ပြထားတဲ့ အတိုင်း အတင်းဖိချနေတော့တာ ၊ စွတ် … 😄

အဲ့လို သွားဖိရင် monitor mount က ကန့်လန့်ဖြစ်နေလို့ ဘယ်လိုမှ ဖိလို့ ရမှာမဟုတ်ဘူးဗျ … ဟက်ဟက် 😄 … အမှန်က ဒီလိုလေး လှည့်ပြီးမှ ဖိရမှာ …

“ရော … ဖြစ်ရမယ်” လို့တွေးနေပြီမလား …. 😆

ကျွန်တော်ပြောပါတယ် ၊ ဖြေရှင်းပုံလေးက လွယ်လွယ်လေးပါဆို 😜

အဲ့ဒီမှာ ထပ်ပြီး ဖြစ်တတ်တာက ခုဏက ဉီးနှောက်ကို ရက်ရက်စက်စက် သုံးထားလို့ မိုင်ကုန်သွားတာဖြစ်လိမ့်မယ် 😜 “ကျွန်တော့ monitor နောက်မှာ နံရံကပ်နေပြီဗျ ၊ ဗီဒီယိုထဲကလို လုပ်လို့ မရဘူး” ဆိုတာမျိုး 😁

စဉ်းစားလေ ခက်လေဖြစ်တတ်တဲ့ puzzle တွေလိုပဲ … ဖြစ်တတ်ပါတယ်လေ 😜 အနောက်မှာ နံရံကပ်နေရင် ‌ဟောသလို ဘေးကို ရွေ့ပြီးမှ ဖိလိုက် ခင်ဗျ … အိုကေ သွားလိမ့်မယ် 😆

ပြောပါတယ် ၊ လွယ်လွယ်လေးနဲ့ ခက်နေတာပါပဲဆို … 😄

Cheers!

Leave a Reply

Your email address will not be published. Required fields are marked *