Monitor Mount Breakdown

မနေ့က ကျွန်တော်တို့ရဲ့ customer service ဖုန်းကို ၊ ဖုန်းဝင်လာပြီး ကျွန်တော်တို့ဆီမှာ ရှိတဲ့ monitor mount တွေရဲ့ material အကြောင်းမေးလာတယ်ဗျ။ ဘယ်အပိုင်းတွေမှာ aluminum Alloy ၊ ဘယ်အပိုင်းတွေက ABS လဲလို့ သူကသိချင်တာပါ။

စဉ်းစားကြည့်တော့ ဟုတ်တယ်ဗျ။ ‌ဈေးကြီးပေးပြီး စိတ်ကြိုက်ရွေးဝယ်ထားတဲ့ ကိုယ့်ရဲ့ monitor တပ်သုံးမှာဆိုတော့ စိတ်ချရအောင် ‌သေချာ မေးသင့်တယ်။

ဒါကြောင့် monitor mount (တချို့ကလဲ monitor arm လို့ခေါ်ကြတယ်ဗျ) ဝယ်ဖို့ စဉ်းစားနေရင် စိတ်ချရတဲ့ monitor mount ဟုတ် ၊ မဟုတ် သေသေချာချာလေး စိစစ်ပြီး ရွေးနိုင်ဖို့ ကျွန်တော် ဒီ post လေးနဲ့ ရှင်းပြဦးမယ် ခင်ဗျ။

ကျွန်တော်တို့ဆီမှာ ရှိတဲ့ monitor mount (monitor arm) တွေမှာသုံးထားတာက ‌aluminum alloy နဲ့ ABS ပါ။ ပထမပစ္စည်း ၊ aluminum ကတော့ မြင်ဖူးနေကျ material မို့ မဆန်းပါဘူး၊ alloy ဆိုတာကတော့ ရာနှုန်းပြည့်ပါဝင်ထားတာမဟုတ်ပဲ စပ်ထားတာကို ဆိုလိုတာဆိုတော့ ၊ aluminum alloy – အလူမီနီယံစပ်ပစ္စည်း 😁

Aluminum alloy – aluminum ရာနှုန်းပြည့်မဟုတ်ပဲ တခြားသတ္တု တစ်မျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ သတ္တုလို့ မှတ်လို့ရပါတယ်ဗျာ။ 😊

ABS ကတော့ chemical compound တစ်ခုဖြစ်ပြီး computer keyboard ရဲ့ key ခလုတ်တို့၊ Lego brick မှာ သုံးထားတဲ့ ပစ္စည်းမျိုးပါ။

ဒါဆိုရင် monitor mount တစ်ခုလုံ အနေနဲ့ ကျတော့ရော ???

Monitor mount (monitor arm) မှာ ပစ္စည်းအများစုက aluminum alloy ခင်ဗျ။ ရာခိုင်နှုန်းနဲ့ပြောရင် ကျွန်တော်ထင်တယ် monitor mount ရဲ့ ၉၅% လောက်က aluminum alloy ဖြစ်ပါလိမ့်မယ်ဗျာ။

Monitor mount တွေအားလုံးမှာ

  • ပင်မတိုင်ပါတယ် (gas spring dual monitor mount ဆိုရင် ‌တိုင် ၂ တိုင် ပါတယ်)
  • Gas spring monitor mount ဖြစ်ဖြစ် ရိုးရိုး monitor mount ဖြစ်ဖြစ် monitor တပ်ဖို့ monitor arm ၊ တန်းတွေ ပါတယ်
  • Monitor တပ်ဖို့ bracket ၊ laptop တွဲသုံးလို့ရတဲ့ 2 in 1, 3 in 1 monitor mount မျိုးတွေမှာ laptop bracket, tablet bracket တွေပါတယ်
  • နောက်ဆုံးအဓိကပစ္စည်း ၊ စားပွဲမှာ ညှပ်ဖို့ clamp ပါပါတယ်

ဒီပစ္စည်းတွေထဲမှာမှ monitor နဲ့ တပ်ရတဲ့ bracket အပိုင်းက ဒါလေး ခင်ဗျ။

Monitor mount သုံးမယ်ဆိုရင် အဓိက က၊ တွဲသုံးမယ့် monitor ‌‌ရဲ့နောက်ဖက်မှာ screw ပေါက်တွေပါဖို့တော့ အဓိက လိုတယ်ဗျ။

Monitor နောက်မှာ screw ပေါက်တွေ မပါရင်တော့ စိတ်မကောင်းပါဘူး ၊ monitor mount သုံးလို့ မရဘူး ခင်ဗျ။ ဒါပေမယ့် monitor mount သုံးလို့ မရလို့တော့ စိတ်မပျက်ပါနဲ့ ၊ monitor riser လေးသုံးလို့ရတယ်ဗျ။ ဒါလေး …

ကျွန်တော့် monitor လဲ နောက်မှာ screw ပေါက်မပါလို့ monitor riser လေးနဲ့ သုံးတယ်ဗျ။ အိုကေမှာ စိုပြေပဲ 😀

Monitor အနောက်မှာ screw ‌ပေါက်တွေပါလို့ monitor mount သုံးမယ်ဆိုပြန်တော့ တချို့ monitor တွေရဲ့ နောက်မှာ bracket တပ်ဖို့ နေရာကို monitor စက်ရုံက ကပ်စေးနဲတာလား ၊ စေတနာပိုတာလား ၊ ညစ်တာလား 😝 မသိပါဘူး။ Bracket ဝင်ဖို့ အချိုင့်လေး လုပ်ပေးထားတာ ရှိတတ်တယ်ဗျ။ အဲ့ဒီ အခါမျိုးမှာ monitor mount မှာပါတဲ့ bracket က ကြီးနေရင် အဲ့ဒီအချိုင့်ထဲ မဝင်လို့ တပ်ဖို့ခက်တာဖြစ်တတ်တယ်ဗျ။ ကိုယ့် monitor က အချိုင့်လေးနဲ့ဆိုရင် bracket ထည့်လို့ ဝင်၊ မဝင် သိရအောင် တိုင်းကြည့်ခင်ဗျ။ ကျွန်တော်တို့ bracket တွေကတော့ ၁၁ စင်တီရှိပါတယ်ဗျာ။

ကိုယ့်ရဲ့ monitor နောက်မှာက bracket ဝင်ဖို့ အချိုင့်လေးပါတယ်၊ ကျွန်တော်တို့ဆီက bracket က ကြီးနေတယ်ဆိုရင်လဲ စိတ်မပူပါနဲ့၊ နည်းရှိပါတယ်။ နီးစပ်ရာ workshop ကို သွားပြီး bracket လေးကို ဂွင်ထဲဝင်အောင် ဖြတ်လိုက်ပါဗျာ 😁 ‌ကိုယ့်မြင်ကွင်းမှှာရှိနေမှာမှ မဟုတ်တာ ၊ ဖြတ်ရာလေး ပါနေလဲ ဘာအရေးလဲ … နော … အဲ့လိုဆို လုံးဝကြီးကို အဆင်ပြေသွားပါလိမ့်မယ်။ 😄

ဒါကတော့ monitor တပ်ရမယ့် arm ပါဗျာ

Arm တစ်ခုလုံးက aluminum alloy ဖြစ်ပြီး ၊ အောက်ဖက်မှာ တပ်ပေးထားတဲ့ cable organizer ပဲ ABS ပါ။

အဲ့ဒီ arm မှာမှ ဒီခေါင်းလေး တတ်ရမှာ ခင်ဗျ …

အရှေ့ဖက်က ကြည့်ရင်တော့ ဒီလိုမျိုးပါ။

ဒီခေါင်းတပ်မှ ကျွန်တော်တို့ monitor ကို ဘယ် ၊ ညာ ရွေ့လို့ရပြီး ၊ အပေါ် ၊ အောက် လဲ tilt လုပ်လို့ ရမှာပါ။ ဒီခေါင်းလေးကတော့ arm မှာ စွပ်ရမယ့် socket လေးက လွဲလို့ ကျန်တာက aluminum alloy ပါဗျာ။

အော် … ဒါနဲ့ ရှိသေးတယ်ဗျ။ ကျွန်တော်ပထမဆုံးပြခဲ့တဲ့ bracket ရဲ့ နောက်မှာ ABS သုံးထားတဲ့ အပိုင်းလေး ရှိသေးတယ်ဗျ။

အဲ့ဒီ clip လေး ကို ABS သုံးထားလို့ စိတ်တိုင်းမကျတဲ့ customer နဲ့လဲ ကျွန်တော်တို့ ကြုံဖူးတယ်။ အဓိက သူ့ကို ABS သုံးထားတဲ့ ရည်ရွယ်ချက်ရှိတယ်ဗျ။ ဒီ bracket ကို ကျွန်တော်တို့ အပေါ်မှာတွေ့ခဲ့တဲ့ ခေါင်းမှာ စွပ်ရမှာလေ ၊ ဒီလိုမျိုး …

အဲ့ဒီမှာသာ clip က ‌ABS မဟုတ်ပဲ ၊ aluminum alloy ဖြစ်နေရင် တပ်တာတော့ ဟုတ်ပါပြီ၊ ပြန်ဖြုတ်တဲ့အခါ လိုအပ်တဲ့ flexibility မရှိလို့ အတော်ခက်ခဲမှာဗျ။ အဲ့ဒါကြောင့် စက်ရုံက အဲ့ဒီ clip လေးကို ABS သုံးပေးထားတာပါဗျာ။

နောက်ဆုံးကျန်တာကတော့ ပင်မ တိုင် ခင်ဗျ။

ဒီတိုင်မှာတော့ အားလုံးနီးပါး aluminum alloy သုံးထားပြီး ၊ တိုင်ထိပ်မှာ အဖုံးပါတဲ့ model တွေမှာ အဖုံး ၊ gas spring monitor mount မဟုတ်ပဲ ရိုးရိုး monitor mount တွေမှာ အနိမ့် အမြင့် ချိန်ထားပြီးရင် ကြပ်ဖို့ လက်ကိုင် နဲ့ ၊ စားပွဲမှာ ကြပ်ဖို့ clamp ကတော့ ABS ပါ။

စားပွဲမှာတတ်ရတဲ့ clamp နဲ့ပတ်သက်လို့ customer အများစုက စားပွဲထူရင်ရမလား ၊ ပါးရင်ရမလား စိတ်ပူတတ်ကြတယ်ဗျ။ ကျွန်တော်တို့ အတွေ့အကြုံအရတော့ monitor mount တပ်လို့မရအောင်ထူတဲ့ စားပွဲနဲ့ ၊ monitor mount တပ်လို့မရအောင် ပါးတဲ့ စားပွဲတော့ မရှိသေးဘူး ခင်ဗျ။ 😅 ဒါပေမယ့်လဲ monitor mount မဝယ်ခင် စိတ်တိုင်းကျ ကြိုချိန်လို့ရအောင် ကျွန်တော်တို့ maximum နဲ့ minimum အကျယ်လေး တိုင်းပေးထားပါတယ်ဗျာ။

စားပွဲအထူဆုံး အနေနဲ့ ၅ စင်တီမီတာ ပတ်ဝန်းကျင်ထိ တပ်လို့ရပြီး

ဝေဖာလောက်ထိ ပါးတဲ့စားပွဲမှာ တပ်သုံးလို့ မရပေမယ့် ၊ အပါးဆုံးအနေနဲ့ ၁ စင်တီမီတာ ပတ်ဝန်းကျင် အထိ သုံးလို့ရပါတယ်ဗျာ 😄

ကျွန်တော်ဒီမှာရေးထားတဲ့ monitor mount နဲ့ပတ်သက်တာတွေကို ဖတ်လို့ ‌ကျေနပ်အားရစိတ်တွေ ပေါက်ဖွားလာပြီး ၊ monitor mount တပ်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့သည်ရှိသော် ကျွန်တော်တို့မှာ ဒီ monitor mount တွေ ၊ laptop mount တွေ အဆင်သင့်ရှိပြီး အားရပါးရ ဝယ်လို့ ရကြောင်းပါဗျာ 😁

Cheers!
Win Htoo Shwe

Leave a Reply

Your email address will not be published. Required fields are marked *