Choosing a right laptop stand for your desk

ကျွန်တော်ကကြေးများတယ်။ အမျိုးစားတူ ပစ္စည်းဆိုရင်တောင် ဘယ်ဟာပိုကောင်းလဲ အကြာကြီးရွေးတတ်တာမျိုး 😅

ကျွန်တော်တို့ website ရဲ့ laptop stand စာမျက်နှာကို ဝင်ကြည့်တော့ laptop stand တွေက ပုံစံ အမျိုးမျိုး ၊ လုပ်ဆောင်ပုံ အမျိုးမျိုးရှိနေတာကြောင့် ၊ laptop user တစ်ယောက်အနေနဲ့ ကိုယ်နဲ့ကိုက်မယ့် laptop stand တစ်ခုရွေးမယ် ဆိုရင် ‌ရွေးဖို့များ ခက်နေမလားလို့ ‌စဉ်းစားမိလို့ အထောက်ကူပေးနိုင်ဖို့ ဒီ post လေး ရေးဦးမယ်‌‌ဗျ။

အဓိက က laptop ကို laptop stand နဲ့ သုံးမယ်ဆိုရင် ၊ သုံးပြီးရင် laptop stand ကို နေရာမှာပဲ ထားခဲ့မှာလား ၊ သွားလေရာ ယူသွားမလား ဆိုတာ အရင်စဉ်းစားသင့်ပါတယ်။

အကယ်လို့ သွားလေရာယူသွားဖို့ စဉ်းစားရင် ဒါလေးတွေထဲက စဉ်းစားသင့်တယ်ခင်ဗျ။

Laptop stand ကို သုံးနေကျနေရာမှာပဲ အမြဲထားထားချင်ရင်တော့ ဒါလေးတွေ စဉ်းစားသင့်ပါတယ်ဗျာ။

MOFT Invisible Laptop Stand

သွားလေရာယူသွားလို့ ကောင်းတဲ့ laptop stand တွေထဲမှာတော့ MOFT Laptop Stand က stylish အဖြစ်ဆုံးပဲ။

MOFT laptop stand ရဲ့အားသာချက်က laptop ကိုယူသွားလိုက်တာနဲ့ laptop stand က အမြဲကပ်ပါနေလို laptop stand မေ့ကျန်ခဲ့တာ ၊ တကူးတက အိတ်အလေးခံပြီး ထပ်ယူနေစရာ မလိုတာ စတဲ့ အားသာချက်တွေ ရှိပါတယ်။ အားနည်းချက်ဆိုရင်တော့ သူက laptop ရဲ့အောက်မှာ ကပ်ထားရတာဖြစ်လို့ stand မသုံးချင်ပေမယ့်လဲ အမြဲရှိနေမယ် ၊ laptop က မဆိုသလောက်၊ ၂ မီလီမီတာလောက်၊ ထူသွားသလို ခံစားရမယ်။ တကယ့်ကို မဆိုသလောက်လေးပါ။

MOFT Laptop Stand

Laptop stand ကို တကူးတက သယ်နေစရာ မလိုပဲ ၊ ရောက်တဲ့နေရာမှာ အဆင်ပြေပြေ အဆင်သင့်သုံးနိုင်တဲ့ အားသာချက်နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။

MOFT ထဲက စဉ်းစားမယ် ဆိုရင်တော့ Holland နိုင်ငံ AAA Art Gallery က ဖန်တီးထားတဲ့ Everything In The Cloud ဒီဇိုင်းပါတဲ့ limited edition MOFT laptop stand ရှိသလို ၊ ‌‌‌ဗြောင်ထဲက ခဲရောင် နဲ့ ငွေရောင်လဲ ရှိတယ်ခင်ဗျ။

Height Adjustable Portable Laptop Stand

အပြင်သွားရင် laptop stand ကိုယူသွားချင်တယ် ၊ MOFT laptop stand က laptop မှာ အမြဲကပ်နေလို့ ကိုယ့်အကြိုက်မဟုတ်ဘူး ဆိုရင်တော့ အနိမ့်အမြင့် ၅ မျိုး စိတ်ကြိုက်ချိန်လို့ရတဲ့ Height Adjustable Portable Laptop Stand က အကိုက်ဆုံးဖြစ်လိမ့်မယ်ခင်ဗျ။

ဒီ laptop stand က တကူးတက သယ်နေရတယ်ဆိုပေမယ့် အလေးချိန် 620g ပဲလေးလို့ ၊ weight မရှိတဲ့အပြင် ခေါက်လိုက်ရင် အပြားလိုက်လေးဆိုတော့ laptop နဲ့တူတူ laptop sleeve ထဲ ကောက်ထည့်သွားလဲ ဝန်မလေးတဲ့ laptop stand မျိုးပါ။

Levit8 Laptop Stand

အပြင်ကိုပဲ ယူသွားယူသွား ၊ ရုံးမှာပဲ သုံးသုံး ကျန်းမာရေးအတွက် မကြာခဏ မတ်တပ်ထရပ်ဖို့ စဉ်းစားရင်တော့ ခဏတဖြုတ် မတ်တပ်ရပ်ပြီးသုံးဖို့ ရည်ရွယ်ထားတဲ့ Levit8 Portable Standing Desk ကတော့ အဆင်ပြေလိမ့်မယ်ဗျ။

Standing desk ဆိုလို့ အကြီးကြီးထင်နေမှာစိုးလို့ ၊ ခေါက်လိုက်ရင် ဒါလေးပဲ …

ဒီ Levit8 နဲ့ တနေကုန် ရပ်ပြီး အလုပ်လုပ်ဖို့ကတော့ မလွယ်ပေမယ့် တခါတလေ ရပ်ပြီး အလုပ်လုပ်ချင်စိတ်ပေါ်လာတဲ့အခါမျိုးမှာတော့ ဒီ laptop stand က အဆင်ပြေတယ်ဗျ။

နောက်အဆင်ပြေတာက သူများရုံးခန်းမှာ presentation သွားလုပ်ရမယ့်အချိန်၊ သူတို့ဆီမှာ laptop တင်ဖို့ စားပွဲအမြင့် ရှိ ၊ မရှိ မသေချာတဲ့အခါ ဒီ Levit 8 laptop stand လေး ဆောင်ထားတာ အဆင်ပြေတယ်ဗျ။ စားပွဲပေါ်က laptop ကို ခါးကုန်းကုန်း ပြီး နှိပ်နေရတာ မနိမ့်မှန်း ခံစားဖူးသူတိုင်းသိပါတယ် … ဟက်…ဟက်…  😅

ဒီ Levit 8 laptop stand / standing desk ကို သွားလေရာ ယူသွားဖို့ကျ အဆင်ပြေပါ့မလား ဆိုတော့ ‌၊ ပြေတာပေါ့။ သူက MacBook Air ထက်ပေါ့သေးတယ်။ အရွယ်အစားကျပြန်တော့လဲ laptop ဗျက်ပတ်ဝန်းကျင်ပဲရှိလို့ laptop နဲ့ ပူးပြီးကိုင်သွားရုံပဲ။

ပြသနာဆိုလို့ Levit 8 ကို စသုံးခါစမှာ လွယ်လွယ်နဲ့ ခေါက်ဖို့ ခက်တာဖြစ်တတ်တယ်ဗျ။ ဘယ်နားက ဘယ်လိုခေါက်ရမလဲ အာရုံစားတတ်တယ်။ မပူပါနဲ့ ကျွန်တော်တို့ ခေါက်ပြထားတဲ့ YouTube လေးသာကြည့်လိုက်၊ အိုကေမှာ စိုပြေ 😊

Dual Purpose Standing Desk

Standing Desk ဆိုရင် ယာယီ သဘောမကျပါဘူး ၊ parmanent သုံးလို့ ရတာ မရှိဘူးလားဆိုတော့ ရှိပါတယ်ဗျာ။ ဟောဒီမှာ ….

ဒီ standing desk ကတော့ ကိုယ်သုံးနေကျ ရှိပြီးသား စားပွဲပေါ်မှာ တင်ပြီး သုံးလိုက်ရုံပဲမို့ ပုံမှန် standind desk တွေလို ဈေးမများဘူး၊ အတင်အချကို hydraulic နဲ့ လုပ်ရတာဆိုတော့ ရုပ်မပျက်ဘူး ၊ ချွေးမပြန်ဘူး 😁 ‌မတ်တပ်ရပ်ရတာ ရိုးသွားရင်လဲ ထိုင်ပြီး အလုပ်ပြန်လုပ်လို့ရသေး။

Ergonomic Laptop Stand

Laptop stand ကို ရုံးမှာ ၊ အိမ်မှာ အမြဲထားချင်ရင် အဆင်ပြေမယ့် laptop stand အမျိုးမျိုးရှိပေမယ့်၊ laptop ကို external keyboard, mouse နဲ့ မသုံးပဲ laptop မှာ နဂိုပါတာနဲ့ပဲသုံးမယ် စိတ်ကူးရင် ၁၈ ဒီဂရီ မတ်ပေးထားတဲ့ ဒီ laptop stand က အဆင်ပြေဆုံးပဲဗျ။

Laptop တင်ပြီးသုံးရင်လဲ ခိုင်ခိုင် နဲ့ ခံ့ခံ့ ရှိနေပြီး ၊ laptop ကို အပြင်ယူသွားရင်လဲ laptop stand က စားပွဲပေါ်မှာ အတုံးလိုက် အတစ်လိုက်ကြီး ကျန်နေခဲ့တာမျိုး မဟုတ်ပဲ ဒီလိုမျိုး elegant လေး… 😍

Height Adjustable Laptop Stand

Laptop stand တွေသုံးရတာ စိတ်ကြိုက်မတွေ့ပါဘူး၊ အနိမ့် အမြင့်က ကိုယ်နဲ့ အံကို မကိုက်ဘူးဆိုရင်တော့ အံကိုက်ပြီး ပါရာစီတမောပါ မှီဝဲရမယ့် height adjustable laptop stand ကိုသာသုံးဗျ 😄

စိတ်ကြိုက် အနိမ့်အမြင့်ကို ချိန်ထားပြီးရင် သူ့မှာပါတဲ့ tool နဲ့ ကြပ်ထားလိုက်ရုံပဲ။ ဒီလို …

Rotatable Laptop Stand

Laptop stand တွေထဲမှာ ဒီ laptop stand ကတော့ ဘယ် ၊ ညာ လှည့်လို့ ရတဲ့ အားသာချက်ရှိတယ်။ ဘေးမှာထိုင်နေတဲ့ ဘော်ဒါကို laptop လှည့်ပြချင်တဲ့အခါမျိုး ဖြစ်ဖြစ် ၊ စားပွဲပေါ်မှာ စိတ်ကြိုက် ဘယ်လှည့်လိုက် ၊ ညာလှည့်လိုက် သုံးချင်ရင် ဖြစ်ဖြစ် ဒီ laptop stand က အဆင်ပြေဆုံးပဲ ခင်ဗျ။

ဒီ laptop stand ရဲ့ base မှာ ဒီလို ဆုံလည်လေး ထည့်ပေးထားလို့ အေးဆေး ဘယ် ၊ ညာ ရွေ့လို့ရနေတာပါ။

ခိုင်ခိုင်ခံ့ခံ့ လှလှပပ လေးမို့ ဒီ Rotatable Laptop Stand လေးကလဲ ကျွန်တော့အကြိုက်ထဲက တစ်ခု …

Minimalist Laptop Stand

Laptop stand တွေကြည့်ရတာလဲ ဒုနဲ့ဒေး ၊ ကိုယ့်ရဲ့ minimalist style နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုရင်တော့ ၊ တစ်လမ်းတည်းပေါင်းပြီးသွားလို့ ရမယ် ဒီ laptop stand က အဆင်သင့် 😄

Minimalist လဲဖြစ်တယ် ၊ လေဝင်လေထွက်လဲ ကောင်းတယ် ၊ စားပွဲပေါ် ဒုကြီးထည်ကြီး မဖြစ်လို့ ကျွန်တော့် ကို laptop stand ရွေးပေးပါဆိုရင်တော့ ဒါလေးပဲ ရွေးမှာဗျ …

ဒီလောက်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ laptop stand တွေထဲက ဘယ် laptop stand က ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်မလဲ စိတ်ကူးကြည့်လို့ ရလောက်ပြီထင်တယ်ဗျ ၊ နော …

စိတ်ကူးကြည့်ပြီးရင်တော့ ဒီတိုင်းမထားနဲ့ဗျ ၊ ဝယ်ဖြစ်အောင်လဲ ဝယ်အူး 😄

Cheers!
Win Htoo Shwe

Leave a Reply

Your email address will not be published. Required fields are marked *