Gas Spring vs Ordinary Monitor Arm

Monitor arm (monitor mount) မှာ gas spring နဲ့ ရိုးရိုး ဘာကွာလဲဆိုပြီး ကျွန်တော်တို့ကို မေးတတ်ကြတယ်။

ဒီ ၂ ခု

အဲ့ဒီမှာ အဓိက ဘာကွာလဲ ဆိုတော့ … ဈေး 😄

စတာပါ၊ သူတို့ ၂ ခုမှာ အဓိကက hydraulic gas spring ပါတာနဲ့ မပါတာနဲ့ ကွာတယ် 😜 (ပိုဆိုး) ဟက်…ဟက်…. ဒီလိုလေ hydraulic ပါတော့ monitor ကို အနှိမ့်အမြင့် မကြာခဏ ‌ပြောင်းတတ်တဲ့သူတွေကျ အဆင်ပြေတယ်ဗျ။

တချို့တွေက နေ့လည် အလုပ်လုပ်တဲ့အခါ မတ်မတ်ထိုင် ကျကျနန အလုပ်လုပ် ၊ ညဖက် game ကစား ၊ ရုပ်ရှင်ကြည့်ကျပြန်တော့ ‌လျှောပြီး သက်သက်သာသာလေး ထိုင်ချင်ပြန်ရော၊ အဲ့လိုဆိုရင် monitor height က fixed ဖြစ်နေရင် အဆင်မပြေဘူးဗျ၊

တချို့ကျတော့လဲ gaming PC ကို ညီအကို ၂ ‌ယောက် စပ်တူဝယ်ထားပေမယ့် ညီအကို ၂ ‌‌‌ယောက် အရပ် အမောင်း မတူလို့ monitor height ကျမှ စပ်တူ ညှိမရတဲ့ အဖြစ်မျိုးလဲ ရှိသေး။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ် 😂

ဒီလို ဟိုရွေ့ ဒီရွေ့ လုပ်တတ်တယ်ဆိုရင်တော့ gas spring က ပိုအဆင်ပြေတယ်ဗျ။ ပုံမှန် monitor arm ကျတော့ လိုချင်တဲ့ အနိမ့်အမြင့်ကို ချိန်ပြီး ပင်မ တိုင်မှာ တခါတည်း အပြီးကြပ်ထားရတာလေ … ဒီလိုပေါ့

ဒီလိုဆို gas spring က ပိုကောင်းတာပေါ့ ဆိုတော့လဲ မဟုတ်ပြန်ဘူးဗျ 😅

ဥပမာ ကျွန်တော်ဆိုရင် တချိန်တည်းမှာ application တွေအများကြီးဖွင့်ပြီး အလုပ်လုပ်တတ်တယ်၊ တခါတည်းမှာ data တော်တော်များများကို ကြည့်ချင်လို့ monitor ကြီးကြီးသုံးတယ်၊ hydraulic ပါတာကြီးတတ်ထားရင် …

နံပါတ် ၁။ ပိုက်ဆံပိုကုန်မယ် 😄
နံပါတ် ၂။ monitor က ကြီးတော့ ရေရှည်မှာ hydraulic က ခံနိုင်ပါ့မလား ဆိုပြီး ကြံဖန်ပူတယ်
နံပါတ် ၃။ ကျွန်တော့အတွက် monitor ကို ခဏခဏ အပေါ် မ လိုက် ၊ အောက်ဖက်ရွေ့လိုက် လုပ်စရာမလိုဘူး

အဲ့လိုတွေကြောင့် ကျွန်တော်ကတော့ gas spring မပါတဲ့ ordinary monitor mount ကိုသုံးတယ်။

ကျွန်တော့ သူငယ်ချင်း designer ကျပြန်တော့ “color မမှန်ဘူးဟ” လို့ အော်အော်နေပြီး monitor ကို နှိမ့်လိုက် မြင့်လိုက် ၊ tilt လုပ်လိုက်နဲ့ ၁၀ မိနစ်ကို တစ်ခါလောက် ‌monitor ကို ရွေ့နေတဲ့ professional ကျပြန်တော့ အသေကြီးနဲ့ အဆင်မပြေလို့ gas spring monitor arm တပ်ခိုင်းထားရတယ်။

အဲ့လို သုံးချင်တဲ့ ပုံစံ နဲ့ budget ပေါ်မူတည်ပြီး ဆုံဖြတ်ရတာပါပဲ။

ကျွန်တော်ပြောသလို monitor က ကြီးတော့ hydraulic ပြသနာတက်မလား ပူတာက အမှန်က ကြံဖန်တွေးပူတာပါ။ hydraulic gas spring monitor mount ရဲ့ ခံနိုင်ရည်အားကို စက်ရုံက 9kg ထိ ခံနိုင်တယ် အာမခံထားတော့ တော်ရုံ heavy duty montior ‌လောက်တော့ အေးဆေးထမ်းနိုင်ပါတယ်။ အကယ်လို့ ကိုယ့် monitor က ကြီးတကာ့ကြီး over 9kg ဆိုရင်တော့ သေချာအောင် ဘာ mechanical ၊ hydraulic မှ မပါတဲ့ normal monitor mount, monitor arm ကို သုံးပေါ့။ KISS, keep it simple, stupid 😋

ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ ကားမောင်းနေရင်းနဲ့ နောက်ကြည့်မှန်ကို ခဏခဏ ချိန်တာ။ အဲ့လို psycho တစ်မျိုးဆိုရင်လဲ gas spring monitor arm နဲ့မှ အဆင်ပြေမယ်ဗျ 😂

လောလောဆယ်ကျွန်တော်တို့မှာ single monitor arm မှာ ဆိုရင် gas sping monitor arm ရော ရိုးရိုး monitor mount ရော ရှိတယ်ဗျ၊ ဒီ ၂ ခု …

Monitor ၂ လုံးသုံးမှ အဆင်ပြေမယ့် super professional တွေအတွက်လဲ dual monitor gas spring arm ရော ၊ ရိုးရိုး dual monitor mount ရော ရှိပါတယ်ဗျာ။

စိတ်ကြိုက်သာ ဝယ်သုံး … ကျသလောက်ပဲ ရှင်းပေးသွား …. 😄

Cheers!!

Win Htoo Shwe