How to Lookup Your MacBook Model

MacBook မှာ cover လေးတပ်သုံးမယ်ဆိုရင် MacBook model သေချာသိမှ အဆင်ပြေမှာဗျ။ မဟုတ်ရင်တော့ cover နဲ့ MacBook နဲ့အလွဲကြီးဖြစ်နေရင် ပိုက်ဆံတွေ အလကားကုန်နေမှာ 😁

အရင်ဆုံး ကွန်ပျူတာ screen ရဲ့ အပေါ် ၊ ဘယ်ဖက်မှာ ရှိတဲ့  လေးကို နှိပ် ၊ အဲ့ဒီကမှတဆင့် About This Mac ကိုနှိပ်ပေးပါဗျာ။

ကျလာတဲ့ထဲက Serial Number ကို ကူးပေးပါ။

ပြီးရင် EveryMac.com ရဲ့ Apple Device Identifier ကိုသွားပေးပါ။ (https://everymac.com/ultimate-mac-lookup/)

Enter Mac or Apple Device Identifier: နေရာမှာ ကူးထားတဲ့ serial number ကို ထည့်ပြီး lookup ကိုနှိပ်ပါ။

လူဖြစ်ရဲ့လား လာစစ်နေရင် ပြေလည်အောင် အမှန်ခြစ်ခြစ်ပေးပါ 😁

ပြပေးလာတဲ့ information မှာ model ကိုမှတ်ပေးပါဗျာ

ပြီးရင် ကျွန်တော်တို့ရဲ့ MacBook Cover page မှာ အားရပါးရကြီး ရွေးပြီး ဝယ်လို့ရပါပြီဗျာ 😄