Running Belt တွေပဲ ဖက်အိပ်တော့မလား လူပျိုကြီး

Running Belt Myanmar

မယ်စူးစမ်း – ကဲပြော…. အခု ဆောင်းပေါက်လာပြီဆိုတော့ ကိုမြန်မာ ဘာကို လွမ်းလဲ

မောင်မြန်မာ – ကျွန်တော့်ကိုငြင်းထားခဲ့တဲ့ ကောင်မလေကိုး … ဟီး

တော်ပါပြီဆရာလေးရယ်။ ဆောင်းတွင်းညနေခင်းမှာ ကိုမြန်မာကို ငြင်းထားခဲ့တဲ့ ဓာတ်ပြားကြီးတော့ ထပ်နားမထောင်ပါရစေနဲ့တော့ ၊ တခြားဘာကိုလွမ်းလဲ ပြော

အင်း …. မာရသွန်ကို လွမ်းတယ်။ မနက်လေးနာရီလောက်ကြီး စုရပ်မှာသွားစုရတဲ့ မာရသွန်ပွဲတွေကိုလွမ်းတယ်။ ရန်ကုန်လမ်းမကြီးတစ်လျှောက် အရောင်တူအကျီတွေနဲ့ အုပ်စုလိုက်ကြီးရွေ့နေတဲ့ မြင်ကွင်းကိုလဲ လွမ်းတယ်။

စီးပွားတွေကောင်းခဲ့တဲ့ အဲ့ဒီအချိန်တွေကိုလဲ လွမ်းတယ် 😞 ….

ဒါနဲ့ ကိုမြန်မာက runner နော် ။ ဒီ Myanmar ပြည်မှာ running ကို ဘယ်ကဘယ်လိုစွဲသွားရတလဲ

အစက weight ကျအောင် ဟိုနားဒီနာပြေးတယ်။ နောက်တော့ ချစ်တဲ့မိန်းကလေးရဲ့ငြင်းတာကိုခံရတော့ စိတ်ဓာတ်ကျပြီး မဟုတ်တာတွေပဲ လုပ်ချင်လာလို့ ပိုပြီးပြေးတယ်။ မာရသွန်ပြိုင်ပွဲကြော်ငြာတွေ့တော့ ကိုယ့်ကိုပြန်မကြိုက်တဲ့ ကောင်မလေးအတွက် ပြေးနေမယ့်အစား running target တစ်ခု ထားတာပို အဓိပ္ပါယ်ရှိတယ်ဆိုပြီး marathon အတွက် train တယ် … စသဖြင့်ပေါ့လေ …

ကိုမြန်မာက ဒီကောင်မလေး ဘူတာနဲ့ကို မလွတ်ဘူးနော် 🙄

😅

ဆိုတော့ကား အခု မာရသွန်လဲ မရှိတော့ ဘာတွေလုပ်တုန်း

ပြေးတာကတော့ ပုံမှန်ပြေးတယ်။ ကျွန်တော့ရဲ့ running belt ကလဲ ဟောင်းနေပြီဆိုတော့ ‌running လုပ်ရတာ ပိုပြီး motivate ဖြစ်အောင် running belt အသစ်လဲမလားလို့ စဉ်းစားနေတယ် ဟက်ဟက် …. အခုကျွန်တော်တို့ အသစ်သွင်းထားတဲ့ running belt ၂ မျိုး ရှိတယ်လေ။ အဲ့ဒီထဲက ၁ ခု သုံးကြည့်မလားလို့

ဟုတ်တယ်နော် ၊ ဟိုနေ့က ကိုဓာတ်မင်း ဓာတ်ဖမ်းနေတာတွေ့လိုက်တယ်။ ဘာတွေထူးခြားလာလဲ လင်းပါအူး ဆရာလေး…

အသစ် ၂ မျိုးမှာ hydration အတွက်ရေဗူးပါတဲ့ Running Hydration Waistpack နဲ့ ဖုန်း ၊ ပိုက်ဆံ စတာတွေ အေးအေးလူလူထည့်သွားဖို့ Lightweight Running Belt ရယ် ၂ မျိုးဗျ။

ရေဗူးပါတဲ့ hydration waistpack အသစ် က ကျွန်တော်တို့ဆီမှာ 2019 ကစသွင်းထားတဲ့ running hydration belt ကို upgrade လုပ်ထားတာဗျ။ 2019 model ကတော့ ကျွန်တော် အခုထိသုံးနေတဲ့ running belt ပေါ့။ အကြမ်းခံချက်ကတော့ ပြောစရာမလိုဘူး။ အခုထိကောင်းနေသေးတယ်။ ကျွန်တော်ကပစ်စလက်ခတ်သုံးတော့ နည်းနည်းညစ်ပတ်လာလို့သာ ‌အသစ်လဲမလား ကြံနေတာ 😁

Lightweight running belt က ဒီ 2023 မှာမှ အသစ်ထွက်လာတဲ့ running belt ဗျ။ ပါးပါးလေးနဲ့မှ ပေါ့ပေါ့လေး။ ရေဗူး မယူတတ်တဲ့ runner တွေအတွက်တော့ ပစ်မလွဲ ရွေးသင့်တဲ့ running belt ဆိုပါတော့။

စိတ်ဝင်စားရင် မယ်စူးစမ်း ကျွန်တော်တို့ Fulfilment Center ရောက်တဲ့အခါ ကိုယ်တိုင်သာကြည့် ၊ သဘောကျရင်တော့ ဝယ်သုံးနော်… free တော့ မရဘူး … ဟက်ဟက် …

🙄