ဒါက G5

blog-LG-G5-main-1

~~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Samsung ရဲ့ S7 နဲ့ တရက်တည်းပဲ LG က G5 ကို ချပြတယ်ဗျ။ နင်လား ငါလားပေါ့ ၊ သာမန်အားဖြင့်ကတော့ သိပ်မဆန်းပေမယ့် ဒီ G5 ကတော့ ဟောသလို … ဖုန်း အောက်ဖက်က အကန့်ကို ငယ်ငယ်က ဂိမ်းခွေတွေလို ဆွဲထုတ်လိုက် ၊ လာထား .. နောက် တစ်ခွေ ဆိုတာမျိုး ကြိုက်တဲ့ ပစ္စည်း ကောက်တပ်လို့ ရတဲ့ ဖုန်းဖြစ်လာမှာ။

ဒီလိုလေ.. ( ပြောလေ ရှုပ်လေဆိုတာမျိုး) ၊ ဖုန်းရဲ့ အောက်ဖက် charging port တွေ ရှိတပ်တဲ့ အပိုင်းကို slide out လုပ်လုုိ့ရမယ် ၊ အဲ့ဒီ နေရာမှာ ကိုယ်သုုံးချင်တဲ့ ကိစ္စပေါ်မူတည်ပြီး ဥပမာ ကင်မရာအကောင်းစား ဖြစ်အောင် သုံးမလား ၊ ကင်မရာ slot ကို ပြောင်းတပ်။ Audio ကို ရှယ် နားထောင်ချင်လား…. Hi-Fi slot ကို ပြောင်းတပ် ၊ အိမ်မှာ ချန်ထားခဲ့တဲ့ security camera ကို ထိန်းချုပ်ချင်လား .. ဆိုင်ရာ slot ကို ပြောင်းတပ် …. အဲ့လို ကြိုက်တဲ့ feature အတွက် ကြိုက်တဲ့ slot ကို ပြောင်းတပ်ဖို့ LG Friends ဆိုတဲ့ accessory တွေကိုပါ ဖုန်းနဲ့ အတူ ချပြသွားတာပါ။ ဟူး ….. 😛 😀

[two_fourth class=”” last=”no” ]blog-LG-G5-main-5[/two_fourth]
[two_fourth class=”” last=”yes” ]blog-LG-G5-main-6[/two_fourth]

ဒါဆိုရင် LG ရဲ့ G5 ဖုန်းအသစ်မှာ တပ်လို့ ရမယ့် LG Cam Plus – သူတို့ပြောတဲ့ LG Friend accessory ပေါ့ဗျာ။

blog-LG-G5-main-2

ဒါလေး ကို ဖုန်းအောက်ကနေ slide လုပ်ပြီး တပ်လိုက်ရင် DSLR camera လို ဓာတ်ပုံုတွေ ရှယ်ရိုက်လို့ ရမယ့် LG G5 ဖုုန်းလေး ဖြစ်သွားပြီ။

LG Friend ရဲ့ Hi-Fi Module ကိုတပ်ရင်တော့ audio ရှယ်ထွက်တဲ့ ဖုန်းကို ရပြီပေါ့။ ဒီ module လေးနဲ့ဆို party အငယ်စားလေးတွေမှာ ဖုန်းနဲ့ sound system နဲ့ တန်းချိတ်ရုံ ချိတ်ပြီး ကြော်ငြာထားသလို သုံးလို့ ရမလား မပြောတတ် …. သေချာတာကတော့ လောလောဆယ် အဲ့ဒီ LG ရဲ့ သူငယ်ချင်းများက ၄ ၊ ၅ ၊ ၆ ယောက်ပဲ ရှိသေးတာ… 😛 😀 နောင်တော့ ဘော်ဒါတွေ များလာတဲ့ အခါ G5 လေးက ပိုပြီး အသုံးတည့်မယ် ယူဆရပါတယ်။

blog-LG-G5-main-7

ဖုန်းနဲ့ ပတ်သက်လို့ကတော့ .. ဒီလိုပါပဲ … ပါနေကျတွေလိုပဲ Snapdragon 820 CPU ကို Adreno 530 GPU နဲ့ screen က ၅.၃ လက်မ 2560×1440 resolution ၊ 4GB RAM ၊ 32GB internal storage ၊ ဒါပေါ့… microSD slot နဲ့။ Battery ကတော့ 2,800mAh battery ၊ သူကတော့ microUSB မဟုတ်တော့ဘူး Type C connector နဲ့ဖြစ်သွားပြီ။ ကင်မရာက 16 megapixel wide angle shooter ၊ ရှေ့ဖက်က 8 megapixel က selfie အတွက် … အော်…. ကြိုသတင်း လွှင့်ထားတဲ့ Always On လည်း ပါတယ်လေ…

ဒီပုံကတော့ LG Friends တွေ လောလောဆယ် ဘယ်နှယောက်ရှိတယ်ဆိုတာ ပြထားတာပါ။

blog-LG-G5-main-3

ဒါကတော့ official specification ပါဗျာ။

blog-LG-G5-main-4

စျေးကတော့ entry level unlock ကို ၅၉၉ ဒေါ်လာလောက် ရှိမယ် ပြောကြတာပဲဗျ။ သေချာတော့ အတိအကျ မသိရသေးပါကြောင်း …

😀 🙂

Source: Redmondpie
Photos via Redmondpie, Digital Trends

[youtube video_id=”y5Aj3mEvCa4″ width=”0″ height=”0″ ]

[youtube video_id=”W8UY9ELg” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *