ဟော့ဒီမှာ S7

blog-Galaxy-S7-main-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Samsung ရဲ့ S7 ကတော့ အမှန်တကယ် ထွက်လို့ လာပါပြီ။ S6 တုန်းက S6 နဲ့ S6 Edge က screen size က တူတူ ၊ အခုံးပဲ ကွာသွားတာနဲ့ ပဲ ၊ Samsung က S6 Edge Plus ဆိုပြီး ထပ်ထုတ် ၊ လူတွေကလည်း confuse တွေဖြစ်ပြီး ၊ ရောင်းအားတွေကလည်း ထင်သလောက် မကောင်းနဲ့ ၊ ဒီနှစ်တော့ Samsung က တကျော့ပြန် အမှန် ပြင်ဆင်လာပုံပဲဗျ။ S7 က ၅.၁လက်မ screen ၊ S7 Edge က ၅.၅လက်မ အခုံးနဲ့ … အဲ့လို ဖြစ်သွားပြီ။

blog-Galaxy-S7-main-3

ပြီးတော့ သူက နာမည်ကြီးထားတဲ့ အတိုင်း ရေစို ခံသွားပါပြီဗျာ။ IPG8 rated မို့လို့တဲ့ ၊ water and dust resistant ကိုမှ water resistant မှာ ၁.၅ မီတာမှာ မိနစ် ၃၀ ထားလို့ ခံနုုိင်ရည် ရှိမယ်ဆိုတော့ ၊ နွေရာသီ ရေသွားကူးမလား ၊ သင်္ကြန်ပဲ ကျမလား … ( အော်.. ဒါနဲ့ ဖုန်းတွေ အတွက် ရေစိုခံ cover တွေ ရောက်တော့မယ် နော် ၊ ရှေ့လဆို ဝယ်လို့ ရပြီဗျ။ ၁ ကြိမ်ပဲ သွင်းမှာမို့ ကုန်သွားမှာ စိုးလို့ ပါ။ မတ်လလယ်လောက်ဆို web site မှာ ကြည့်လို့ရပြီနော် … ဒါက ကြော်ငြာ 😛 :D)

blog-Galaxy-S7-main-2

နောက်တစ်ခုုက Samsung က MicroSD card ကို ပြန်ထည့်ပေးလိုက်ပြန်ပြီဗျ။ SIM card slot နဲ့ အတူ တွဲထားပြီး 200 GB အထိ support လုပ်တော့ ၊ တော်ရုံ laptop ထက်တောင် သူက storage capacity များအောင် ဆန့်သား။ ဒါပေမယ့် ထည့်မယ့် SD card ကတော့ အမျိုးစားကောင်းဖို့ လိုသားဗျ ၊ မဟုတ်ရင် SD card ကြောင့် ဖုန်းက ပိုနှေးနိုင်တယ်လေ ၊ ဒါကြောင့် Samsung က S6 မှာ SD Card ကို ဖြုတ်ထားခဲ့ပေမယ့် ၊ လူ့အလို နတ်မလိုက်နိုင် ၊ SD card လေး ထည့်ချင်ကြပြန်ရောကိုး…. ။ ဒါကြောင့် SD Card လေးကို Samsung official လေး ထည့်ရင်ထည့် ၊ မဟုတ်ရင် အမျိုးစားကောင်းတာလေး ထည့်ဗျ ၊ နော

blog-s7-waterproof-4

ကင်မရာကတော့ Dual-Pixel 12 megapixel ကို F1.7 နဲ့ ပါ။ S6 မှာတုန်းကတော့ 16 megapixel ကို F1.9 ဆိုတော S6 က ပိုကောင်းသလို ထင်ရပေမယ့် S7 ကတော့ DSLR camera တွေမှာပဲ ပါတတ်တဲ့ dual pixel sensor ကို ထည့်ထားလို့ ပုံထွက်ပိုကောင်းပြီး ညဖက်တွေဆိုရင်လည်း ရှင်းလင်းအောင် ရိုက်နိုင်မယ်လို့ ပြောထားပြန်ပါတယ်။ အော် ၊ ရှေ့ ကင်မရာကတော့ 5 megapixel F1.7 ပါ။

blog-Galaxy-S7-main-8

Battery ဖက်မှာတော့ S7 က 3000mAh battery, S7 Edge က 3600mAh battery နဲ့ပါ။ S6 တုန်းကလိုပဲ fast charging နဲ့ အလုပ်လုပ်ပြီး wireless charger နဲ့လည်း သုံးလို့ရမှာပါ။ (Samsung က wireless charger ကိုလည်း dock ပုံစံလေးနဲ့ အသစ်ထုတ်ထားပါသေးတယ်)

Processor ပိုင်းမှာတော့ မြုပ်ကွက်လေး ရှိနေပါသေးတယ်ဗျ။ ဒါကတော့ ဝယ်တဲ့ region ပေါ်မူတည်ပြီး Snapdragon 820 processor နဲ့ဖြစ်နိုင်သလို ၊ Samsung ရဲ့ Exynos 8890 processor နဲ့ လည်း ဖြစ်နိုင်တာပါ။ ဒါကတော့ သာမန် user တွေ အတွက် သိပ် မထူးခြားပေမယ့် ၊ ဟို charger ၊ ဒီ charger နဲ့ quick charge 2.0 / 3.0 စသဖြင့် သုံးချင်ရင်တော့ Snapdragon 820 ကို ပို ကြိုက်မှာပါ။

blog-Galaxy-S7-main-7

S7 မှာ ကောလဟာလတွေ ရှိခဲ့သလို 3D touch မပါလာပေမယ့် Apple ရဲ့ Live Photos လိုမျိုး စွမ်းဆောင်ပေးမယ့် Montion Panorama နဲ့ Motion Photo ပါလာပါတယ် (အဟမ်း..)

Charging အတွက်ကတော့ Type C တို့ဘာတို့မဟုတ်ပဲ ၊ ရိုးရိုး microUSB ပါပဲဗျာ။

ပြီးတော့ Samsung ကလည်း official accessory တွေ ထုတ်ပါသေးတယ် ၊ အဲ့ထဲမှာတော့ Lens cover လေးပါလာပါတယ်။ အခု third party တွေ ရောင်းနေတဲ့ lens ပါတဲ့ camera case လိုမျိုးကို Samsung က official accessory အနေနဲ့ ရောင်းမှာပါ …

blog-Galaxy-S7-main-5

အော်… ပြောရဦးမယ်ဗျ ၊ S7 ရဲ့ နောက်မှာ ကင်မရာ ဘုအကြီးကြီး မရှိတော့ဘူးဗျ။ ကျွန်တော် ပြောတယ်မလား 7 – 7 ချင်း အတူတူ Apple ကို Samsung က ဦးသွားပြန်ပြီ။

blog-Galaxy-S7-main-6

ဒီပုံကတော့ S7 ရဲ့ lens cover ပါ။ ဘယ်တော့ ရောင်းမယ် ၊ ဘယ်စျေးဖြစ်မယ်ကတော့ မကြာခင် Samsung Myanmar က ကြေငြာမှာမို့ စောင့်နေရုံပဲ ခင်ဗျ။ International market မှာတော့ Black Onyx, Gold Platinum, Silver Titanium and White Pearl အရောင်တွေ ရမယ်လို့ သိရကြောင်း နဲ့ ဒါကတော့ Specification ပါဗျာ 😀 🙂

blog-Galaxy-S7-main-9

Source: Redmondpie, The Next Web, Android Authority, Android Central

[youtube video_id=”cyohHyQl-kc” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *