ထူးလည်းထူးတယ် ၊ ဝါးလည်း ဝါးမယ့် Live Photo

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောပြရဦးမယ်ဗျ။ iPhone 6s တို့ ဘာတို့ ချပြတဲ့ နေ့က iPhone အသစ်မှာ ပါလာမယ့် Live Photo ကိစ္စ ၊ screen ပေါ်မှာ ပြနေတဲ့ ဓာတ်ပုံလေးကို ဖိထားလိုက် … ဟပ်ခလောင်း ၊ အလှုပ်လေးတွေ တွေ့ရမယ်။ ရိုက်ထားတဲ့ အချိန်တုန်းက အသံတွေ အပြင် လှုပ်ရှားမှုလေးတွေ ပြပေးမယ့် Live Photo.

သူက ဓာတ်ပုံ ရုုိက်လိုက်တဲ့အခါ မရုုိက်ခင်နဲ့ ရိုုက်ပြီး ၁.၅ စက္ကန့်ကို ဓာတ်ပုံနဲ့တူတူ သိမ်းထားလိုက်မှာ ၊ ပြီးရင် ဓာတ်ပုုံ ပြန်ကြည့်ရင်း ဓာတ်ပုံပေါ်မှာ ဖိလိုက်ရင် sequential photos လေးကို video လိုမျိုး ပြပေးမှာ ၊ video တော့ မဟုတ်ပဲ ဓာတ်ပုံတွေကိုပဲ အစဉ်လိုက် ပြပေးလိုက်တဲ့ သဘောပါ။

giphy

ဓာတ်ပုံပေါ်မှာ ဖိမှရယ် မဟုတ်ဘူး ခင်ဗျ ၊ photo stream မှာ တစ်ပုံချင်း လက်ချောင်းနဲ့ ဘယ်ညာ swipe လုပ်ပြီး ပုံတွေ ကြည့်တဲ့ အခါမှာလည်း အစလေးတွေမှာ live photo တွေပြပေးဦးမှာ။

ဆိုတော့ကား…. မှန်းကြည့် ၊

ဟုုတ်တယ်ဗျ။ Storage ကို အရင်ကထက် ပိုပြီး ဝါးစား ပြီပေ့ါ။ Apple ကတော့ key-note မှာ storage efficient လို့ ပြောသွားပေမယ့် ၊ အနည်းနဲ့ အများတော့ ဓာတ်ပုံ ၁ ပုံထဲထက် ပိုစားပြီ ၊ သေချာတယ်။ နောက် ရိုက်တဲ့ main ဓာတ်ပုံကို 12 megapixel နဲ့ ရိုက်ပေးပေမယ့် ၊ live photo အတွက် ပုံတွေကိုတော့ 12 megapixel နဲ့ ရိုုက်မလား ၊ low resolution နဲ့ ရိုုက်မလား ၊ သေချာ မပြောတတ်ဘူး ခင်ဗျ။ Low resolution နဲ့ ဆိုရင်တော့ ခံသာမယ်လေ ၊ 12 megapixel အတိုင်းဆိုရင် သေပြီ ဆရာ…

blog-i6s-livephoto-1

Another ဆိုတော့ကား… 16 GB iPhone အသစ်လေး ဝယ်မယ် ဆိုရင် စဉ်းစား ရမယ့် အချက် ထဲမှာ ၁ ခု ပါသွားပြီ ၊ iOS ရယ် ၊ App တွေရယ် ၊ live photo အများကြီးရယ် ဆိုရင် သိပ်မကြာခင်ပဲ 16 GB က ပြည့်သွားလောက်တယ်၊ လူပိန်းနည်းနဲ့ တွေးကြည့်တာပါလေ။ (Mashable သတင်း site ကတော့ သေချာတယ် တပ်အပ် ပြောထားပေမယ့် ၊ Myanmar Lifestyle ကတော့ ပန်းသီးပရိသတ်ထုကြီးကို ကြောက်လို့ တပ်အပ်တော့ မပြောရဲပေါင် 😛 😀 )

Good news ကတော့ ဓာတ်ပုံု မရိုက်ခင် အပေါ်မှာ live phone အတွက် on / off လေး ရှိမယ် ၊ အဲ့ဒါလေး off ထားရင်တော့ ရိုးရိုး ပုံပဲ ရမယ် ၊ storage စားတာ သက်သာမယ်ပေါ့လေ။ သို့ပေမယ့်လည်း ဒီ function လေးကြောင့်ပဲ iPhone 6s ကိုင်ရတာမလား… လို့ …

🙂 😀

Source: Mashable

Leave a Reply

Your email address will not be published. Required fields are marked *