G5 ရဲ့ Always On

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သိပြီးပြီမလားဗျ။ LG ကလည်း G5 နဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၁ မှာ ပွဲလုပ်မယ် ၊ Samsung ကလည်း S7 အတွက် အဲ့ဒီနေ့မှာပဲ ပွဲလုပ်မယ် ဆိုတာ။ ကြည့်ရတာ Samsung ရဲ့ S7 ကို စိတ်ဝင်စားမှု ပိုကြလို့လား မသိ … LG က နီးလာတာနဲ့ အမ ျှ သတင်းတွေ ထုတ်ထုတ်လာတာ ၊ သူ့ဟာက ကောလဟာလ တို့ teaser တို့ကို မဟုတ်တော့ပဲ official ကြီးကို ကစ်လာတော့တာ။

blog-lg-g5-always-on-2

အခု LG ကိုယ်တိုင်က ချပြလိုက်တဲ့ ပုံနဲ့ animation အရ ၊ G5 မှာ Always On ဆိုတဲ့ function ပါလာမယ်ဗျ။ သူက missed call တို့ နာရီ တို့ ၊ တခြား ဘာညာ လေးတွေကို ဖုန်း screen မှာ အမြဲ ပြပေးနေမှာ ၊ G5 မှာ တလောက ထွက်တဲ့ V10 လို screen အပိုအပေါ်မှာ ပါမယ် ဆိုတဲ့ သတင်းတွေ ထွက်ထားပေးမယ့် ၊ အခုု ထွက်လာတဲ့ ပုံအရ Always On က screen အသေးမှာ ဖြစ်တည်နေမယ့် ပုံတော့ မဟုုတ်ဘူးပဲ။ ဒီ animation ကတော့ LG က official ချပြထာတဲ့ ပေါ်တင် teaser ပါဗျာ။

blog-lg-g5-always-on

G5 နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ကောလဟာလ ရှိသေးတယ်ဗျ။ သူ့မှာ magic slot ဆိုပြီး နေရာတစ်ခု ပါလာမယ် ၊ အဲ့ဒီ နေရာမှာ ကိုယ်တပ်ချင်တဲ့ official hardward တပ်ပြီး ဖုန်းကို ကိုယ့်အတွက် အသုံးဝင်သလို upgrade လုပ်လို့ ရမယ် ဆိုတဲ့ သတင်းသဲ့သဲ့ လည်းရှိပါသေးတယ်။

ပြောသာ ပြောသာ LG ရဲ့ တွေးခေါ်ပုံတွေကိုတော့ လိုက်မမှီဘူးရယ် ၊ G5 ကိုတော့ လောလောဆယ် official မပြသေးပေမယ့် ၊ G5 အတွက် cover ကိုတော့ official ကြီး ပြလိုက်ပါတယ်ဗျာ။ G5 official cover ပုံကတော့ ဒီလိုပါတဲ့ ။ သူကတော့ HTC Dot View cover လို အပေါ်က ပွတ်ပြီး function တွေ လုပ်လို့ ရမယ့် သဘောပဲဗျ။

blog-lg-g5-always-on-3

လောလောဆယ်တော့ သိရသလောက်ပါလေ…. ၂၁ ရက်ပွဲပြီးရင်တော့ ဟော… သလိုလား ဆိုတာ ရှင်းသွားကြဦးမှာ …. 🙂 😀

Source: Engadget, GSMArena

Leave a Reply

Your email address will not be published. Required fields are marked *