S7 လာပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

blog-s7-media-invites

ဘာဘာညာညာ သတင်းတွေ သိပ်မထွက်ထားတဲ့ S7 ကတော့ တကယ်ကြီးကို အမှန်အကန် ထွက်လို့ လာတော့မှာပါ။ Samsung က media invite တွေ နဲ့ အတူ teaser video ကို ထုတ်လာခဲ့ပါပြီ။ ပွဲကတော့ ဖေဖော်ဝါရီ ၂၁ ပါ။ Teaser video ကတော့ ဘာရယ်မှန်းမသိ tease-next-to-nothing ဆိုလား ၊ သူများတွေတောင် လျှေက်ပြောနေလေရဲ့ …

ဒီ YouTube လေးကို ကြည့်ကြည့် ၊ Samsung ရဲ့ Gear VR headset ကြီးတတ်လို့ ၊ S7 က virtual reality feature တွေ အသားပေးပါမှာကို ပြောချင်တာလား ၊ ပွဲကို VR headset နဲ့ full 360 degree version ပဲ ကြည့်နိုင်မယ်လို့ ပြောချင်တာလား … သေသေချာချာ မပြေတတ် …. ( သေသေချာချာ မပြောလိုု့ပဲ teaser လို့ ခေါ်တာကို … ဟဲဟဲ)

အမှန်တော့ Samsung က S7 လို့ နာမည် ပေးမယ် ၊ မပေးမယ် ဆိုတာတောင် တပ်အပ် သေချာ မသိဘူးရယ်ဗျ။ နံပါတ်တွေ သိပ်များလာလို့ အခြား နာမည်များ ပြောင်းပေး လေမလား … စိတ်ဝင်စားစရာပါ။ လောလောဆယ်တော့ S7 လို့ ခေါ်နိုင်ချေရှိတဲ့ ဖုန်းနဲ့ ပတ်သက်ပြီး သတင်းတွေကတော့ ဘာမှ ရေရေရာရာ မရှိသေးပဲ ၊ iPhone ရဲ့ 3D Touch လို touch တဲ့ ဖိအားပေါ် မူတည်ပြီး အလုပ်လုုပ်နိုင်မယ့် screen တော့ ပါနိုင်ချေ ရှိတယ် ဆိုတဲ့ သတင်းရယ် ၊ Wall Street Journal က မှန်းထားတဲ့ fast charging နည်းပညာသစ်ရယ် ပါမယ် ဆိုုတဲ့ ကောလဟာလ ၂ ခုသာ ရှိကြောင်း နဲ့ အတူ ဖေဖော်ဝါရီ ၂၁ ပွဲပြီးရင်တော့ အမှန်သေချာတဲ့ သတင်းတွေ သိရမှာ ဖြစ်တဲ့ အကြောင်း ကောက်နုတ် တင်ဆက်လိုက်ရပါတယ်ဗျာ။ 😛 😀 ) 😀

[youtube video_id=”3g3O94WALV8″ width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *