Instagram မှာ multiple account သုံးလို့ရပြီ

~~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

သိလားဗျ ၊ Instagram မှာ multiple account သုံးလို့ ရသွားပြီ။ Personal account မှာ လှတပတ ပုံတွေ တင်ဖို့ နဲ့ အလုပ်အတွက် ပုံတွေတင်ဖို့ ကို အရင်လို ဟိုးးးးး အစထိ log out လုပ်ပြီးမှ log in ပြန်ဝင်စရာမလိုတော့ဘူးဗျ။ iOS တော့ ကျွန်တော် သေချာ မသိပေမယ့် Android မှာတော့ မနေ့ညကပဲ update ထွက်လာပါပြီဗျာ။

Instagram dual account

ဒါကြောင့် update မလုပ်ရသေးရင် Play Store မှာ update လေး လုပ်လိုက်ရင် multiple account သုံးလို့ ရပါပြီ။

အော် … ဘယ်လို သုံးရမလဲ ဆိုတာလား ??? သေချာတာကတော့ Instagram account ၂ ခု ရှိဖို့ လိုတာပေါ့ .. ဟက်ဟက်..

၂ ခုမက ရှိတယ် ဆိုလည်း ရပါတယ်ဗျာ ၊ app ကို update လုပ်ပြီးရင်
– ညာဖက် အောက်ဆုံးမှာ ကိုယ့်ရဲ့ အင်မတန် ကြည့်ပျော်ရှုပျော် ရှိတဲ့ profile ပုံလေး ပေါ်နေမယ်ဗျ။ အဲဒ့ါကို နှိပ်ရပါမယ်ဗျာ။
– ပြီးရင် ညာဖက် အပေါ်ထောင့်မှာ ရှိတဲ့ အစက် ၃ စက်နဲ့ setting ကို နှိပ်ရပါမယ်ဗျာ။
– ပေါ်လာတဲ့ setting တွေထဲမှာ အောက်ဆုံးကို ဆွဲချရင် Add account ဆိုတာ ရှိပါတယ်။ (အဲဒီမှာ account အသစ် ထည့်ရပါမယ်ဗျာ)

ဒါဆိုရင် ရပါပြီ။

Instagram သုံးတဲ့အခါ ညာဖက် အောက်ဆုံးမှာ profile ပုံလေး ပေါ်နေပြီး ၊ အဲဒါကို နှိပ်ရင် အောက်ကပုံအတိုင်း profile page ကို ရောက်မယ် ၊ အပေါ်ဖက် မှာ account switch လုပ်ဖို့ အလွယ်တကူလေး နှိပ်ပြီး ပြောင်းရုံပဲပေါ့ဗျာ …

blog-instagram-howto

ကြုံတုန်း Myanmar Lifestyle ရဲ့ Instagram လေးပါ follow မလုပ်ရသေးရင် follow လုပ်ပေးပါဦးလို့ 😀 🙂

(iOS တော့ မစမ်းဖြစ်ဘူးဗျ။ Multiple account သုံးလို့ ရ ၊ မရ လက်တို့ရင်လည်း ကျေးဇူး အထူးပါဗျာ)

Leave a Reply

Your email address will not be published. Required fields are marked *