Grammy နဲ့ GrammyCam

blog-gopro-grammy-cam-1

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

Celebrity တွေများ ဆုတက်ယူတဲ့ အခါ ဘယ်လို ခံစားရလဲ ၊ ကျေးဇူးတင်စကားပြောတော့ရော ဘယ်လိုနေမလဲ မသိ ၊ စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းကရော ၊ စင်ပေါ်က ဆင်းလို့ backstage ရောက်ရင် မြန်မာပြည်က အကယ်ဒမီပေးပွဲလိုပဲ ဖက်နမ်းကြလား … စသဖြင့် မေးခွန်းတွေ အများကြီးနဲ့ ချာချာလည်နေတယ် ဆိုရင် ဒီနှစ် Grammy ဆုပေးပွဲမှာ အဖြေထွက်ပါတော့မယ်။

GoPro က ထုတ်တဲ့ action camera ကို Grammy ဆုထဲမှာ မြုပ်ထားမှာပါ။ ဒါကြောင့် ဆုယူဖို့ တက်လာတာကအစ ၊ ဆုကို ကိုင်မြောက် ၊ ကျေးဇူးတင်စကားပြော ၊ backstage ကို ရောက်… စတာတွေ အားလုံးကို ဒီ GrammyCam လေးကမှတ်တမ်းတင်ပြီး Grammy Live မှာ တိုက်ရိုက် live stream လုပ်ပေးနေမှာပါတဲ့ဗျ။ (သူတို့ နိုင်ငံက wifi တွေက အတော်ကောင်းမို့ ၊ အထစ်ထစ်လေးတွေ ရှိမယ့် ပုံမပေါ်ဘူးပဲ)

blog-gopro-grammy-cam-2

ဒီ GrammyCam လေးက ဘက်ထရီနဲ့လေ… ၃ နာရီခံမယ် ဆိုတော့ ပွဲအစ အဆုံးကတော့ မှီမှာပါ။ ၃ နာရီထက်ပိုခံရင်တော့ privacy တွေ ပါကုန်မယ့် သဘော ရှိတော့ ကျွန်တော် ထင်တယ် ၊ ဆုရတဲ့ သူတွေကတော့ အိမ်ပြန် ပြီဆိုတာနဲ့ GrammyCam လေးကို တိပ်လေးနဲ့ များ ပိတ်ထားလေမလား … ကြံဖန်တွေးကြည့်တာ။ ဟက်ဟက်..

အတိအကျ မျက်ဝါးထင်ထင် သိချင်ရင်တော့ စောင့်ကြည့် ရမှာပေါ့လေ ၊ ဖေဖော်ဝါရီ ၁၆ ၊ မြန်မာစံတော်ချိန် မနက် ၇း၃၀ ဆိုရင် Star World ထင်တယ် ၊ အဲ့လိုင်းမှာ ပြမယ်ဗျ။ ရုံးတက်စရာ မလိုဘူးဆိုရင် စောင့်ကြည့် …. 😛 😀

Source: The Next Web
Photo via Fast Company

Leave a Reply

Your email address will not be published. Required fields are marked *