Issue: Wrongly Placed Pin on Google Maps
[tabs tab1=”Zawgyi” tab2=”Unicode” tab3=”English”]
[tab id=”tab1″]
Cheers!
Win Htoo Shwe
[/tab]
[tab id=”tab2″]
(Update: 18 March 2019) အားလုံး ရဲ့ ဝိုင်ဝန်း ကူညီမှုနဲ့ Google Maps မှာ Myanmar Lifestyle ၂ ခု မရှိတော့ပဲ ၊ အမှန် ၁ ခုပဲ ကျန်တော့တာမို့ ကျွန်တော်တို့ဆီကို စိတ်ချလက်ချ လာလည်လို့ ရပါပြီဗျား 🙂 Cheers! [space ]
ကျွန်တော်တို့ Myanmar Lifestyle ကို Google Maps ကနေ အားရပါးရ ရှာဖွေပြီး အရောက်လာလို့ ကားဝင်မရတဲ့ လမ်းထဲ ရောက်ရောက်တတ်သွားတာတွေ ကြားရတော့ စိတ် သိပ်မကောင်းဘူးရယ်။ [space ]
လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ကျွန်တော်တို့ တည်နေရာကို Google Map မှာ ကျွန်တော်တို့ ကိုယ်တိုင် စာရင်း မသွင်းခင် ၊ Google က စေတနာနဲ့ Google Maps ပေါ်မှာ Myanmar Lifestyle iPhone Accessories ဆိုပြီး Pin လေး တစ်ခု လာချ ထားပေးထားလေရဲ့။ ကျွန်တော်ထင်တာ ကျွန်တော်တို့ ရှိတဲ့ နေရာက လမ်းတွေ စိပ်လို့ ထင်ပါ့ ၊ အဲ့ဒီ Pin က ကျွန်တော်တို့ အမှန်တကယ် ရှိတဲ့ လမ်းပေါ် မဟုတ်ပဲ ကြားထဲက လမ်းလေးပေါ် ဖြစ်နေခဲ့တာပါ။ [space ]
အခုတော့ ဒီပြဿနာနဲ့ နေရာမှားမှားပြီး ရောက်ရောက်နေတဲ့ အကြောင်း ခဏခဏ ကြားရတော့ ကျွန်တော်တို့လဲ အပတ်တကုတ် ကြိုးစားပြီး နေရာက duplicate ဖြစ်နေတဲ့ အကြောင်း ၊ အနောက်အာဇာနည်လမ်းပေါ်က Pin က အမှန်ဖြစ်ကြောင်းတော့ Google ကို ထပ်ခါ တလဲ report လုပ်ထားပြီးပါပြီ။ Google Maps မှာ နေရာ ၂ နေရာ ဖြစ်နေတာ မပျောက်မချင်းတော့ အကယ်၍များ Google Maps နဲ့ ဖြစ်ဖြစ် Grab နဲ့ ဖြစ်ဖြစ် ကျွန်တော်တို့ဆီ ချီတက်လာခဲ့မယ်ဆိုရင် “Myanmar Lifestyle Fulfillment Center” လို့ ရေးထားတဲ့ Pin လေးအတိုင်း ဆိုက်ဆိုက်မြိုက်မြိုက် လာခဲ့ပါလို့ လက်တို့ပါရစေဗျာ။ [space ]
ဒီကြားထဲ လမ်းမှားပြီး ထပ်ခါ တလဲ ပတ်ခဲ့ရတာတွေ ရှိခဲ့ရင် ဘွာတေး …. 🙂 [space ]
Cheers!
Win Htoo Shwe
[/tab]
[tab id=”tab3″]
(Update: 18 March 2019) Thanks to your reviews and support, we could finally removed the wrong pin. Just search Myanmar Lifestyle and our correct location will be on the Google Maps. 🙂 Cheers! [space ]
If incase you are following through Google Maps to reach our place, please… please… refer to a place named as “Myanmar Lifestyle Fulfillment Center” (instead of “Myanmar Lifestyle iPhone accessories”). We are trying our best to report #GoogleMaps to remove the wrongly automatically placed pin on the unnamed street. If you have any trouble locating our place, please do not hesitate to contact to 09 25 44 43 442. We are happy to give you directions. Thanks a lot and sorry for the inconvenience caused. [space ]
Cheers!
Win Htoo Shwe
[/tab]
[/tabs]
Leave a Reply
Your email address will not be published. Required fields are marked *