Grown Up Christmas List
[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]
Cheers!
Win Htoo Shwe
[/tab]
[tab id=”tab2″]
ကိုယ်ဒွေလဲ အသက်တွေကြီး ၊ ၂၀၁၈ ခုနှစ်ကြီးလဲကုန် ၊ 2019 အတွက် new year resolution တွေလဲ ချပြီးလောက်ပြီ ထင်ပါရဲ့။ ရုံးပိတ်ရက်တွေလဲများ ၊ အားလုံး ပျော်ကြတဲ့ နှစ်သစ်ကူး အချိန်မှာ တစ်ဦးတစ်ယောက်ချင်းစီ အေးချမ်းပျော်ရွှင် ဖို့ ကျွန်တော်တကယ်ကို ရင်ထဲက ဆန္ဒပြုပါတယ်။ [space ]
သတင်းကောင်း အနေနဲ့ အခုလို ပျော်ပျော်ပါးပါး နှစ်သစ်ကူး အချိန်မှာ ပိုပြီး ပျော်စရာတွေ ဖြစ်သွားအောင် ကျွန်တော်တို့ Myanmar Lifestyle မှာ PEACE ကူပွန်ကုဒ်နဲ့ checkout လုပ်ရင် storewide 10% off ကို ဇန်နဝါရီလ ၁ ရက်နေ့ ညသန်းခေါင်အထိ ပေးသွားမှာပါ။ [space ]
ပျော်စရာနှစ်သစ်ကူး အချိန်မှာ အထီးကျန် ခံစားနေရသူတွေလဲ စာနာနားလည်ပေးနိုင်သူတွေနဲ့ တွေ့ကြပြီး ဘဝတွေ စတင် အဓိပ္ဗါယ် ရှိနိုင်ကြပါစေဗျာ။ ချစ်သူ ခင်သူ သူငယ်ချင်းတွေလဲ အချင်းချင်း ပေးတဲ့အချိန်လဲရှိ ၊ ယူတဲ့ အချိန်လဲ ရှိ ၊ အားလုံး မ ျှမ ျှတတ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် လက်တွဲ နိုင်ကြပါစေ။ [space ]
ဟိုဖက်ဒီဖက် အပြိုင်ထု နေကြတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ စစ်ပွဲငယ်ငယ် ကြီးကြီးတွေလဲ မြန်မြန်ပြီးဆုံးနိုင်ကြပါစေဗျာ။ ဒုက္ခသည် စခန်းများလဲ အမြန်ဆုံး လူသူကင်းရှင်းနိုင်ကြပါစေ။ ငတ်မွတ်ခေါင်းပါးနေကြတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေလဲ နှစ်သစ်မှာ စတင် ချောင်လည် နိုင်ကြပါစေလို့ ကျွန်တော်နဲ့ အတူ Myanmar Lifestyle အဖွဲ့သားတွေက ရင်ထဲကနေ နှစ်နှစ်ကာကာ ဆုတောင်းလိုက်ရပါတယ်ဗျာ။ [space ]
ပျော်ရွှင်စရာ နှစ်သစ်ကူးချိန်ဖြစ်ကြပါစေ။ We wish you a merry Christmas and a very happy new year! [space ]
Cheers!
Win Htoo Shwe
[/tab]
[/tabs]
Leave a Reply
Your email address will not be published. Required fields are marked *