iPhone အသစ်ကို သူတို့ ဒီလို မှန်းလေရဲ့

~~~ ယူနီကုဒနြဲ့ ဖတမြယဆြို

ဒီလိုလေ ၊ ၂၁ ရက်နေ့ကျရင် S7 တို့ LG G5 တို့ ပြမယ် ၊ တခြား ဖုန်းကိစ္စ အဝဝ ပြမယ့် Mobile World Congress ကလည်း သိပ်မကြာတော့ဘူး ၊ Apple က Mobile World Congress မှာလည်း သူတို့ ဝင်ပြမှာ မဟုတ်တော့ Apple fan တွေ ပျင်းနေမှာ စိုးလို့ ထင်ပါ့ ၊ CURVED Lab က ဒီ အတော်တွင်း ထွက်ထားတဲ့ iPhone 7 တို့ iPhone 5se တို့သတင်းတွေ ကို မှီငြမ်းပြီး ဖြစ်နိုင်ချေရှိတဲ့ ပုံတွေ ပါတဲ့ concept video ကို ဖန်တီးထားတယ်ဗျ။

blog-iPhone-5s-iPhone-7-concept-2

ပုံထဲမှာတော့ iPhone 7 Plus ရယ် ၊ iPhone 7 ရယ် ၊ iPhone 5se ရယ် စိတ်ကူးယဉ်ပြထားတာလို့ ယူဆရပါတယ်။ သိတဲ့ အတိုင်း ၊ iPhone 7 မှာ နောက်ဖက်က အင်တင်နာတန်းလေး ၂ တန်း ဖျောက်မယ်ဆိုတဲ့ သတင်းကို အမှန်ယူပြီး ကစ်ထားတာ ၊ 5se ကတော့ 5c လို ရောင်စုံလေးပေါ့ ၊ ဒါနဲ့ iPhone 7 Plus သာ ကင်မရာ၂ လုံး ပုံထဲက အတိုင်းပါလာရင် ပြူးကြောင်ကြောင်လေး … 😛 😀

blog-iPhone-5s-iPhone-7-concept-3

ပြီးတော့ iPhone 7 မှာ headphone jack ကို ဖျောက်လိုက်ပြီး lighting port ၁ ခုတည်းနဲ့ပဲ headphone လည်း သုံးမယ် ၊ charging လည်း သုံးမယ် ဆိုတဲ့ သတင်း အတိုင်း ပုံဖော်ထားသေးတယ်။

Concept ဆိုတဲ့ အတိုင်း ဖြစ်နိုင်ချေရှိတာတွေ ၊ စိတ်ကူးထဲ ရှိရာတွေ ပုံဖော်ထားလို့ အဟုတ်လို့တော့ ပြောလို့ မရဘူးဗျ။ လောလောဆယ်တော့ အပျင်းပြေပေါ့ .. 😛 😀

Source: RedmondPie, CURVE

[youtube video_id=”HAQNLDlGs-Q” width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *