ပိုးဟပ် စက်ရုပ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဟုတ်တယ်နော် ကြားတာနဲ့ အသည်းယားစရာလေး…

သို့ပေမယ့် ၊ သင်သိပါသလား …

ပိုးဟပ် တစ်ကောင်ဟာ သူ့ ကိုယ်အလေးချိန်ထက် အဆ ၉၀၀ ဖိတာကို ခံနိုင်ရည် ရှိတယ် ၊ အကြွေစေ့ ၂ ပြား ၃ ပြား ထပ်ထားတဲ့ အမြင့်လောက်ရှိရင်ပဲ ကိုယ်လုံးကို နှိမ့်ချပြီး သွားနိုင်တယ် ၊ ခြေဖျားလေးတွေနဲ့မှ မဟုတ်ပဲ ခြေထောက်ရဲ့ ဘယ် အစိတ်အပိုင်းနဲ့ မဆို ထောက်ပြီး မြန်နှုန်းမြင့် သွားလာ နိုင်တယ်ဆိုတာ

cockroach robot

ဒီလောက် အစွမ်းအစတွေများတဲ့ ပိုးဟပ်ကို ဘာလို့ ရွံ့လဲ မသိ ဆိုရင် ၊ နှုတ်ခမ်းမွှေးကြောင့်လို့ဖြေကြမှာ … သိပြီးသား….

အခုတော့ ဒီလို အစွမ်းအစတွေရှိတဲ့ ပိုးဟပ်ရဲ့ ဂုဏ်သတ္တိအတိုင်း ရှိတဲ့ ပိုးဟပ် စက်ရုပ်ကို University of California က ဖန်တီးနေပါပြီ ၊ ပိုးဟပ်လို ပိစိ တော့ ဟုတ်ပုံမပေါ်ပါဘူး။ အောင်မြင်လာရင် တိုက်ကြို တိုက်ကြား ၊ အပျက်စီးတွေကြား တိုးဝင်ပြီး သွားမယ့် ကယ်ဆယ်ရေး စက်ရုပ်ဖြစ်လာမှာပါဗျာ.. ကဲ ..

😛 😀

Source : CNet

[youtube video_id=”81Zv8PPF8bE” width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *