iPhone 7 က ဒါမ်ိဳး တဲ့ …

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

blog-i7-camera
ကောလဟလ …. သတင်း ဆိုပါတော့ … iPhone 7 ထွက်လာရင် နောက်မှာ ထွက်နေတဲ့ ကင်မရာ ဘုလေး မရှိတော့ဘူး ဆိုပဲဗျ။

ဒါတင် ဘယ်ဟုတ်မလဲ ၊ နောက်ဖက်မှာ ရှိတဲ့ antenna band တွေလည်း ဖျောက်ပစ်လိုက်တော့မှာတဲ့ … ကောလဟာလ ကို ရှုကာမြင်လို့ ၊ သရုပ်ဖော်လိုက်လေတော့ ၊ ဒီလို ပုံလေး ထွက်တယ် ခင်ဗျ။

blog-i7-camera-1

Cover လေး တပ်ထားသလို ၊ နောက်ဖက်မှာ ဗျောင်ချောလေး … (cover ဆိုလို့နော် iPhone 6 – 6 Plus အတွက် fabric cover လေး အသစ်ရောက်တယ်ဗျ [ဒါ ကြော်ငြာ .. 😀 😛 ] ဟဲဟဲ) ၊ လက်ရှိ အထိ သတင်းတွေ အရ phone ရဲ့ size ပြောင်းဖို့ မရှိဘူးလို့လည်း ဆိုပြန်ရော ၊ ပုံမှာ သူတို့ ဆွဲထားတဲ့ အတိုင်း anternna band လေးက အရင်လို ကန့်လန့်ဖြတ်လေး မဟုတ်တော့ပဲ အပေါ်နဲ့ အောက်မှ ပတ်ကြောင်းလေးနဲ့ …

နောက် camera module က သေးသွားမယ် ဆိုတဲ့ သတင်းလည်း ရှိတော့ ဒီလို သေးလိုက်ခြင်းဟာ megapixel ကို အနှောက်အယှက် ရှိ ၊ မရှိ ဆိုတာလည်း လောလောဆယ် တိတ်ဆိတ် လျက်ရှိကြောင်းပါ။ သေးသွားမယ် ဆိုတဲ့ သတင်းလည်း ရှိသလို dual lens ဆိုလား အဲ့လိုလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောကြပြန်ပါတယ်။

ဒါနဲ့ နေပါဦး …. သွေးထိုးလှုံ့ဆော်လိုက်ဦးမယ်…

ဒီမှာ ကြည့် …

[two_fourth class=”” last=”no” ]blog-i7-camera-2[/two_fourth]
[two_fourth class=”” last=”yes” ]blog-i7-camera-3[/two_fourth]

ဘုချင်းတူတူ iPhone camera က ဘုများ S6 က ငယ်ပါသေးတယ်ဆိုလား … လာမမေးနဲ့နော် …. ကျွန်တော်တို့က S6 fan တွေ 😀 🙂

Source: The Next Web, Mac Rumors, Recombu

Leave a Reply

Your email address will not be published. Required fields are marked *