SE ကို body လဲကိုင်တဲ့ သူလည်း ရှိပါ့

blog-iPhone-6-se-body-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီလိုလေ … အဆိပ်ပြင်းတဲ့ အသေးလေး အကြောင်း သိပြီးပြီမလား ၊ နောက်ဆုံးပေါ် ဇိမ်ခံ ပစ္စည်းတွေ ပါတဲ့ အိမ်အိုလေးလို … iPhone SE.

လူတွေများ ကြံကြံဖန်ဖန် ၊ အဲ့ SE က ဖုန်းက ကောင်းတယ် ၊ ပုံစံက old model ကြီးမို့တဲ့ 6 နဲ့ တူတဲ့ body ထဲ ထည့်သုံးကြည့်တာ ၊ အိုကေလို့ ဆိုပဲ။ iPhone 6 နဲ့ တူတဲ့ iPhone SE အတွက် body အလွတ်တွေကတော့ အခု တရုတ်ဖက်က supplier တွေမှာ ရှိနေပြီဗျ။ အဲ့ဒါကို ဒီ YouTube ပိုင်ရှင်က ထည့်ကြည့်ထားတာပါ။

[youtube video_id=”nSLEqMCzBWs” width=”0″ height=”0″ ]

YouTube ထဲမှာ ကြည့်ရတဲ့ အတိုင်းဆို သာမန် ဖုန်းကျွမ်းကျင်သူ တစ်ယောက် ဆိုရင်တောင် လက်သွား မဆော့ရဲတဲ့ အနေအထားပဲ ၊ သို့ပေသော်ငြား အရဲ့စွန့်လို့ အကျွမ်းဝင်သွားတော့လည်း ဖုန်းလေးက လှသားဗျ။ ၄ လက်မ screen နဲ့ နောက်ဆုံးပေါ် iPhone ၊ နောက်ဆုံးပေါ်ကိုယ်ထည်လေး … အခုမှ ပနံသင့် သွားတာ။

ခုထွက်ထားတဲ့ body တွေက လုံးဝ fit ရယ်တော့ မဟုတ်ဘူး ထင်တယ် ၊ charging port လေးတော့ အတွင်းကို ဝင်နေသလိုပဲ ၊ တခြားကောင်းတာတွေလည်း ရှိဦးမယ် ထင်ပါ့။

blog-iPhone-6-se-body-3

ကြည့်ရတာတော့ ၊ ကျွန်တော်တို့ ပြည်တွင်းက ပညာရှင်များကလည်း မခေလေတော့ ၊ အနှေးနဲ့ အမြန်တော့ ဒီလို SE ကို 6 လို မော်ဒယ် ကိုယ်လုံးလေး ပြောင်းပေးတဲ့ ဝန်ဆောင်မှုလေးတွေတော့ ရှိလာဦးမှာပဲဗျ။ ရှိလာလို့ ပြောင်းပြီးပြီဆိုရင်လည်း အကျိုးကြောင်းလေး ပြန်လက်တို့ဦးဗျ။ သိရတာပေါ့ …

ရာသီဥတုကတော့ ပူပေမယ့် ၊ သင်္ကြန်မှာ ပျော်ကြပါစေဗျာ.. နော်…

🙂 😀

Source: ComputerBild via RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *